Connect with us

ASEAN

ဂျပန်တွင် ဗြိတိန်၊ တောင်အာဖရိကနှင့် အပြည့်အဝ တူညီမှုမရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ် တွေ့ရှိရ

အရေးပေါ်အခြေအနေနည်းလမ်းများ ဆောင်ရွက်ပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြင်ကွင်းများအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

ဂျပန်နိုင်ငံတွင် ဗြိတိန်၊ တောင်အာဖရိကနှင့် အပြည့်အဝ တူညီမှုမရှိသည့် ဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိရကြောင်း ဇန်နဝါရီ ၁၀ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ ဗဟိုဥရောပ စံတော်ချိန်(CET) ဇန်နဝါရီ ၁၀ ရက် ၁၅ နာရီ ၄၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် (၇၉၀,၄၅၆) ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ (၁၂,၄၅၄) ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ (၈၈,၃၈၃,၇၇၁) ဦး နှင့် စုစုပေါင်း သေဆုံးသူ (၁,၉၁၉,၁၂၆) ဦး အသီးသီး ရှိကြောင်း သိရသည်။

အရေးပေါ်အခြေအနေနည်းလမ်းများ ဆောင်ရွက်ပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြင်ကွင်းများအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် ဇန်နဝါရီ ၁၁ ရက် ၇ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း (၉၀,၁၈၀,၃၁၀) ဦး၊ စုစုပေါင်း သေဆုံးသူ (၁,၉၃၂,၉၄၈)ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ (၂၂,၃၇၄,၃၅၁) ဦး နှင့် သေဆုံးသူ (၃၇၄,၀၀၂) ဦး ရှိကြောင်း သိရသည်။

အရေးပေါ်အခြေအနေနည်းလမ်းများ ဆောင်ရွက်ပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြင်ကွင်းများအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

(၂) သတင်းအချက်အလက်များ

ပြီးခဲ့သည့်ရက်က ဘရာဇီးမှ ဂျပန်သို့ ဝင်ရောက်လာသော ခရီးသွား (၄)ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရှိသည်ကို အတည်ပြုပြီးနောက် တစ်ဆင့်လေ့လာစမ်းစစ်မှုများပြုခဲ့ရာ ဗီဇပြောင်းကိုရိုနာဗိုင်းရပ်စ်ကူးစက်ခြင်းဖြစ်သည်ကို တွေ့ရှိရကြောင်း ဂျပန် ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၁၀ ရက် သတင်းများအရ သိရသည်။ ၎င်းဗီဇပြောင်းဗိုင်းရပ်စ်သည် ဗြိတိန်နှင့် တောင်အာဖရိကတို့တွင် တွေ့ရှိရသည့် ဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်နှင့် အပြည့်အဝ တူညီမှုမရှိသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

အရေးပေါ်အခြေအနေနည်းလမ်းများ ဆောင်ရွက်ပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြင်ကွင်းများအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု (Benjamin Netanyahu)က ဇန်နဝါရီ ၉ ရက် ညပိုင်းတွင် ဒုတိယမြောက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခဲ့ရာ ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံသူ ပထမဆုံးအစ္စရေးနိုင်ငံသား ဖြစ်ခဲ့ကြောင်း အစ္စရေး ဝန်ကြီးချုပ်ရုံးက ယင်းနေ့တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၀ ရက်မှစ၍ အစ္စရေးတွင် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ လက်ရှိ လူပေါင်း(၂)သန်းနီးပါးကို ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံပေးပြီဖြစ်ကြောင်း သိရသည်။ အသက်(၁၆)နှစ်အထက် ပြည်သူအားလုံး မတ်လကုန်မတိုင်မီ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံ၍ရနိုင်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နဂိုမူလအစီအစဉ်ထက်စော၍ ကာကွယ်ဆေးများ တင်သွင်းရန် နည်လမ်းများ ရှာဖွေနေကြောင်း နေတန်ယာဟုက ပြီးခဲ့သည့်ရက်များက ပြောကြားခဲ့သည်။

အရေးပေါ်အခြေအနေနည်းလမ်းများ ဆောင်ရွက်ပြီးနောက် ဂျပန်နိုင်ငံ တိုကျိုမြို့၏ မြင်ကွင်းများအား ဇန်နဝါရီ ၉ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အီရန်တွင် အစိုးရက “နိုင်ငံအဆင့် ကာကွယ်ဆေးထိုးနှံမှု အစီအစဉ်”ကို ရေးဆွဲထားပြီဖြစ်ရာ ကာကွယ်ဆေးရရှိပါက အဆင့်(၄)ဆင့်ခွဲ၍ ပြည်သူများအား ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဇန်နဝါရီ ၉ ရက် ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားမှုဌာန အစည်းအဝေးတွင် ပြောကြားခဲ့သည်။ ပထမအဆင့်နေဖြင့် ကျန်းမာရေးဝန်ထမ်းစသည့် ကူးစက်မှု အန္တရာယ်မြင့်မားသည့် လူအုပ်စုများကို ကာကွယ်ဆေးထိုးနှံပေးမည်ဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံတွင် ဇန်နဝါရီ ၉ ရက်က လူပေါင်း(၁၆၈,၂၈၉)ဦးကို ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးမှုများပြုလုပ်ခဲ့ရာ ၎င်းတို့အနက် (၉,၅၃၇)ဦးသည် positiveဖြစ်ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီးဌာနက ယင်းနေ့တွင် ပြောကြားခဲ့သည်။ လက်ရှိ COVID-19ရောဂါကာကွယ်ရေးကန့်သတ်ချက်များကို ဖေဖော်ဝါရီ ၁၅ ရက် မတိုင်မီ ဖျက်သိမ်းနိုင်မည်ဟု မျှော်လင့်ရကြောင်း၊ ထိုအချိန်တွင် ပြည်သူအချို့က ဒုတိယအကြိမ် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံပြီးဖြစ်မည်ဟု ခန့်မှန်းထားကြောင်း တူရကီကျန်းမာရေးဝန်ကြီးဌာန သိပ္ပံအဖွဲ့ ပညာရှင်က ပြောကြားခဲ့သည်။ (Xinhua)
#COVID_19, #briefing, #Xinhua, #ကိုဗစ်_၁၉, #သတင်းအကျဉ်း, #ဆင်ဟွာ

——————————————
(Chinese Version)

(国际疫情)全球疫情简报:日本检出与英国南非发现的不尽相同的变异病毒

 新华社北京1月11日电10日全球疫情简报:日本检出与英国南非发现的不尽相同的变异病毒
  (小标题)全球数据
 世界卫生组织:截至欧洲中部时间10日15时42分(北京时间10日22时42分),全球累计新冠确诊病例较前一日增加790456例,达到88383771例;死亡病例增加12454例,达到1919126例。
美国约翰斯•霍普金斯大学:截至北京时间11日7时22分,全球累计新冠确诊病例达90180310例,死亡病例为1932948例。美国是全球疫情最严重的国家,累计确诊病例达22374351例,死亡病例为374002例。
  (小标题)新闻事件
据日本厚生劳动省10日消息,日前从巴西入境日本的4名旅客被确诊感染新冠病毒,进一步分析发现他们感染了变异新冠病毒。这种变异病毒与英国和南非发现的变异新冠病毒不完全相同。
  以色列总理办公室9日发表声明说,总理内塔尼亚胡当晚接种了第二剂新冠疫苗,成为首名接种第二剂新冠疫苗的以公民。以色列去年12月20日启动新冠疫苗接种工作,目前已有近200万人接种了第一剂疫苗。内塔尼亚胡日前表示,以色列所有16岁以上民众都可在3月底前接种新冠疫苗,卫生部门正“设法比原计划更早地引进疫苗”。
 伊朗总统鲁哈尼9日出席国家疫情防控指挥部会议时表示,政府已制定“国家疫苗接种计划”,在确认获取疫苗后将分4阶段安排民众接种。第一阶段将为医护人员等高风险人群接种。
土耳其卫生部9日说,该国当天对168289人进行了新冠病毒检测,其中9537人的检测结果为阳性。土耳其卫生部科学委员会专家表示,目前的新冠防疫限制措施有望在2月15日之后取消,预计那时该国已有部分居民完成第二剂新冠疫苗接种。(完)
图说:
新华社照片,东京,2021年1月9日 ,日本东京实行紧急状态后的首个周末