Connect with us

MYANMAR

ယနေ့ COVID-19 အတည်ပြုလူနာသစ် ၅၅၅ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၀ဦးရှိ

နှာခေါင်းစည်းဖြင့် သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

ယနေ့ COVID-19 အတည်ပြုလူနာသစ် ၅၅၅ ဦးတွေ့ရှိပြီး သေဆုံးသူ ၂၀ဦးရှိကာ ၊ ယနေ့ ပိုးတွေ့သည့် ရာခိုင်နှုန်းမှာ ၃ ဒသမ ၂ရာခိုင်နှုန်းရှိ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

သေဆုံးလူနာ ၂၀ဦးတွင် ရောဂါအခံရှိသူ ၁၇ ဦး ပါဝင်ကြောင်း၊ ယနေ့ အထိ သေဆုံးသူစုစုပေါင်း ၂၈၄၆ ဦးရှိပြီဖြစ်ကြောင်း သိရသည်။ ယနေ့တွင် ဆေးရုံဆင်းခွင့်ရှိသူစုစုပေါင်း ၄၉၉ ဦးရှိပြီး ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း ၁၁၄,၀၄၉ ဦးရှိကြောင်း သိရသည်။

ယနေ့ အထိ မြန်မာနိုင်ငံတွင် ဓာတ်ခွဲအတည်ပြုလူနာစုစုပေါင်း ၁၃၀,၆၀၄ ဦးရှိပြီး၊ ဓာတ်ခွဲနမူနာစုစုပေါင်း ၁,၉၉၇,၉၃၄ ခု အားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ (Xinhua)