နယူးယောက် ၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာ ၈ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူပေါင်း သန်း ၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရသိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၀၂၉) ဦးတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၆၁,၃၇၇) ဦး ရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် လူနာ(၂၄)ဦး ထပ်မံသေဆုံးခဲ့သဖြင့် ၊ လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၄၂၀) ဦးရှိပြီဖြစ်ကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ...
ပေကျင်း၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၁သောင်းကျော်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄ သောင်းကျော်ရှိလာကြောင်း နိုဝင်ဘာ ၇ ရက်အထိရရှိသော သတင်းများအရ သိရသည်။
ရန်ကုန်၊ နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် ၁၀၇၁ ဦး တွေ့ရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၇ ရက်ည ၈နာရီထုတ်ပြန်ချက်အရ မြန်မာနိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာစုစုပေါင်း(၆၀,၃၄၈) ဦးရှိလာပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန်၊နိုဝင်ဘာ ၇ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အမေရိကန်နိုင်ငံ သမ္မတ အိမ်ဖြူတော် အရာရှိချုပ် Mark Meadows တွင် COVID-19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိကြောင်း အမေရိကန်မီဒီယာက နိုဝင်ဘာ ၆ ရက်ညပိုင်း သတင်းတွင် ဖော်ပြခဲ့သည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် COVID-19 အတည်ပြုလူနာသစ် (၁,၃၄၂) ဦးအားတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၅၉,၂၇၇) ဦးရှိလာပြီဖြစ်ကြောင်း၊ COVID-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့်လျှော့မတွက်သင့်ကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာမြတ်ထွဋ်ညွန့်ကနိုဝင်ဘာ ၆ရက် တွင်ဆင်ဟွာသို့ပြောသည်။
ရန်ကုန်၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့် ရန်ကုန်တိုင်းဒေသကြီးတွင် City Taxi များ မှတ်ပုံတင်သက်တမ်းတိုးခြင်းကို ၂၀၂၀ပြည့်နှစ် မတ်လကုန်ခါနီးတွင် စတင်ဆိုင်းငံ့ထားခဲ့ပြီး လက်ရှိအချိန်အထိဆက်လက် ဆိုင်းငံ့ထားဆဲဖြစ်ကြောင်း၊ မှတ်ပုံတင်သက်တမ်းတိုးပြုလုပ်ပေးရမည့် ယာဉ်အစီးရေပေါင်း ၄၀,၀၀၀ ကျော်ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA)တွဲဖက်အတွင်းရေးမှူးဦးလှအောင် က ဆင်ဟွာသို့ နိုဝင်ဘာ...
ကုလသမဂ္ဂ ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး (၇၅) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၃ ရက် မှ ၄ ရက် အထိ ကုလသမဂ္ဂအထွေထွေညီလာခံအထူးအစည်းကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး COVID-19 ရောဂါရင်ဆိုင်ဖြေရှင်းရေးကမ္ဘာလုံးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့သွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၅ ရက်၌ အဆိုပြုချက်တစ်ခုအားအတည်ပြုဆုံးဖြတ်ခဲ့သည်။
နယူးယောက် ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ) ရေးသားသူ /စိုးမိုး အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉.၅ သန်းကျော် အထိရောက်ရှိလာကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နိုဝင်ဘာ ၅ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။
ပေကျင်း၊နိုဝင်ဘာ ၅ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ရုရှားနှင့်ယူကရိန်းတွင် တစ်ရက်အတွင်း ထပ်တိုး လူနာဦးရေ စံချိန်တင်မြင့်တက်ခဲ့ကြောင်းနှင့် ကမ္ဘာ့နိုင်ငံအချို့တွင် အဆင့်မြင့်အရာရှိကြီးများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း နိုဝင်ဘာ ၄ ရက် သတင်းများအရ သိရသည်။