Connect with us

MYANMAR

ယနေ့COVID-19 အတည်ပြုလူနာသစ် (၁,၀၂၉) ဦး တွေ့ရှိ၊ (၂၄) ဦး သေဆုံး

နှာခေါင်းစည်းဖြင့်သွားလာနေသူများအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ နိုဝင်ဘာ ၈ ရက် (ဆင်ဟွာ) ရေးသားသူ/အေးလပြည့်

COVID-19 အတည်ပြုလူနာသစ် (၁,၀၂၉) ဦးတွေ့ရှိခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း(၆၁,၃၇၇) ဦး ရှိလာပြီဖြစ်ကြောင်း၊ ယနေ့တွင် လူနာ(၂၄)ဦး ထပ်မံသေဆုံးခဲ့သဖြင့် ၊ လက်ရှိအချိန်အထိ သေဆုံးသူ စုစုပေါင်း (၁,၄၂၀) ဦးရှိပြီဖြစ်ကြောင်း၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ နိုဝင်ဘာ ၈ ရက်ည ၈နာရီတွင် ထုတ်ပြန်ချက်အရ သိရသည်။

ပြီးခဲ့သော ၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲအတည်ပြုလူနာများအနက်ဆေးရုံဆင်းခွင့်ရရှိသူ (၁,၀၉၀) ဦး ရှိခဲ့သဖြင့် ယခုထိ ဆေးရုံဆင်းခွင့်ရရှိသူ စုစုပေါင်း (၄၅,၇၅၆)ဦး ရှိလာခဲ့ကြောင်း သိရသည်။

လွန်ခဲ့သော ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာပေါင်း (၁၄,၃၆၁) ခု အားစစ်ဆေးခဲ့ပြီး ယနေ့အထိဓာတ်ခွဲနမူနာစုစုပေါင်း(၇၉၄,၉၃၃) ခုအားစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

ယနေ့သေဆုံးသူ(၂၄)ဦးအနက် ရောဂါအခံရှိသူ (၁၉)ဦးပါဝင်ကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူစုစုပေါင်း (၁,၀၉၀) ဦးတွင် ပြည်သူ့ဆေးရုံများမှ (၃၆၈)ဦးနှင့် COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ (၇၂၂)ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း (၁,၇၄၈)ဦးအနက်Hotel Quarantine တွင် (၃၅၈)ဦး၊ Facility Quarantine တွင် (၄၂၂)ဦး၊ Community Based Facility Quarantine တွင် (၉၃၃)ဦးနှင့် Anosmia Center တွင် (၃၅) ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ထုတ်ပြန်ချက်အရ သိရသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက်ယမန်နေ့ကပိုးတွေ့ရှိသူ(၁,၀၇၁)ဦးရှိခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးမှ (၈၁၂) ဦးဖြင့် အများဆုံးတွေ့ရှိခဲ့ကာ၊မန္တလေးတိုင်းဒေသကြီးမှ(၉၉)ဦး၊ပဲခူးတိုင်းဒေသကြီးမှ(၄၁)ဦး၊ ဧရာဝတီတိုင်းဒေသကြီးမှ (၃၇)ဦး၊ မကွေးတိုင်းဒေသကြီးမှ(၂၈)ဦး၊စစ်ကိုင်းတိုင်းဒေသကြီးမှ (၁၈)ဦး၊ရခိုင်ပြည်နယ်မှ (၁၆)ဦး၊မွန်ပြည်နယ်မှ (၁၀)ဦး၊ကရင်ပြည်နယ်မှ (၅)ဦး၊ တနင်္သာရီတိုင်းဒေသကြီးမှ (၂)ဦး၊ရှမ်းပြည်နယ်မှ (၂)ဦးနှင့် နေပြည်တော်မှ (၁) ဦးတွေ့ရှိခဲ့ကြောင်းသိရသည်။

အောက်တိုဘာ ၇ ရက်တွင် ထုတ်ပြန်ခဲ့သောဓာတ်ခွဲအတည်ပြုလူနာ (၁,၀၇၁)ဦးတွင် အနံ့မရရှိသူ (၂၅၅)ဦးပါရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.