Connect with us

MYANMAR

၂၄ နာရီအတွင်း COVID-19 ဓာတ်ခွဲ အတည်ပြု လူနာသစ် ၅၉၈ ဦး နှင့် ဆေးရုံဆင်းခွင့် ရရှိသူ ၉၀၅ ဦးရှိ

ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင်သွားလာသူများအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန် ၊ နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ရေးသားသူ/ဟေမာန်

COVID-19 ဓာတ်ခွဲစစ်ဆေးချက်များအရ လွန်ခဲ့သော ၂၄ နာရီအတွင်း လူနာသစ် ၅၉၈ ဦး စစ်ဆေးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့် ရရှိသူ ၉၀၅ ဦး ရှိကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာန၏ ယနေ့ ညပိုင်း ထုတ်ပြန်မှုအရ သိရသည်။

COVID-19 ဓာတ်ခွဲနမူနာ ၉,၂၃၀ ခုအား နိုဝင်ဘာ ၈ ရက် ည ၈ နာရီမှ နိုဝင်ဘာ ၉ ရက် ည ၈ နာရီအတွင်း စစ်ဆေးပြီးစီးခဲ့ရာ လူနာသစ် ၅၉၈ ဦး တွေ့ရှိခဲ့ပြီးနောက် ယခုအခါ အတည်ပြုလူနာပေါင်း ၆၁,၉၇၅ ဦး ရှိလာခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး/ပြည်နယ်များရှိ ဆေးရုံများနှင့် ရန်ကုန်မြို့ရှိ COVID-19 ရောဂါကုသရေးဌာနများမှ ဆေးရုံဆင်းခွင့်ရရှိသူ ၉၀၅ ဦးတွင် ပြည်သူ့ဆေးရုံများမှ ၂၁၈ ဦး ၊ COVID-19ရောဂါ ကုသရေးဌာနများ(ရန်ကုန်မြို့) မှ ၆၈၇ ဦးတို့ ပါဝင်ကြောင်း သိရသည်။
ထို့အတူ ယနေ့ သေဆုံးလူနာ ၁၇ ဦး ရှိခဲ့ရာ ၎င်းတို့အနက် ရောဂါအခံရှိသူ ၁၃ ဦး ပါဝင်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အသွားအလာကန့်သတ်ထားရှိရာနေရာများမှ ဓာတ်ခွဲအတည်ပြုလူနာများနှင့် အနီးကပ်ထိတွေ့ခဲ့သူများအနက် Negative အဖြေထွက်ရှိခဲ့ပြီး နေအိမ်များတွင် အသွားအလာ ကန့်သတ်ထားသူ စုစုပေါင်း ၅၈၈ ဦးတွင် Hotel Quarantine တွင် ၁၄၇ ဦး၊ Facility Quarantine တွင် ၆၇ ဦး၊ Community Based Facility Quarantine တွင် ၃၃၆ ဦးနှင့် Anosmia Center တွင် ၃၈ ဦးပါဝင်ပြီး ၎င်းတို့အားနေအိမ်များတွင်အသွားအလာ ဆက်လက်ကန့်သတ်ထားကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်မှုတွင် ဖော်ပြထားသည်။

ယခုအခါ မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲနမူနာ စုစုပေါင်း ၈၀၄,၁၆၃ ခုအား စစ်ဆေးခဲ့ပြီး အတည်ပြု လူနာပေါင်း ၆၁,၉၇၅ ဦး ၊ ဆေးရုံဆင်းခွင့်ရရှိသူပေါင်း ၄၆,၆၆၁ ဦး နှင့် သေဆုံးလူနာပေါင်း ၁,၄၃၇ ဦး ရှိလာခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.