ရန်ကုန်၊ဧပြီ ၁၂ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ ယနေ့ COVID-19 ရောဂါအတွက်ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးမှု၌ အသက် ၈၅ နှစ်အရွယ် စောင့်ကြည့်လူနာ အမျိုးသားတစ်ဦးတွင် ရောဂါပိုးတွေ့ရှိခဲ့ပြီး အဆိုပါ ရောဂါပိုးတွေ့ရှိသူ Case-039 အမျိုးသားသည် သေဆုံးသွားကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ယနေ့...
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူလူနာ တစ်ဦး ယနေ့ (ဧပြီ ၁၂ ရက်)၌ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ စုစုပေါင်း ရောဂါပိုးရှိသူ ၃၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။
မော်စကို၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေး ဆေးပညာရှင်အဖွဲ့တစ်ဖွဲ့သည် ရောဂါတိုက်ဖျက်ရေး အထောက်အပံ့ ပစ္စည်းများကို တစ်ပါတည်း သယ်ဆောင်ကာ ရုရှားနိုင်ငံ မော်စကို မြို့သို့ ဧပြီ ၁၁ ရက် ညနေပိုင်းတွင် ရောက်ရှိခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေးအတွက် ဆေးဝါးများနှင့် ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ဧပြီ ၁၁ ရက်မှစ၍ သွင်းကုန်လိုင်စင်ကြေးကင်းလွတ်ခွင့်ပြုလိုက်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ...
ဝါရှင်တန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၏ နျူကလီယားစွမ်းအင်သုံး လေယာဉ်တင်သင်္ဘောဖြစ်သည့် USS သီအိုဒိုရုဒ်စဗဲ့ပေါ်တွင် လိုက်ပါလာသော ရေတပ်သားများထဲတွင် COVID-19 ရောဂါကူးစက်ခံရသူ အရေအတွက် ၅၅၀ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း အမေရိကန်ရေတပ်က ဧပြီ ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဂျီနီဗာ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) ဧပြီ ၈ ရက်အထိ နိုင်ငံနှင့်ဒေသပေါင်း ၅၂ ခုမှ ပေးပို့သည့် အစီအရင်ခံစာများအရ COVID-19 ကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း စုစုပေါင်း ၂၂,၀၇၃ ဦးရှိသွားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ဧပြီ ၁၁ ရက် ညပိုင်းတွင် ထုတ်ပြန်သည့် ကပ်ရောဂါအခြေအနေ နေ့စဉ်...
ဝူဟန့် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု ဆိုးရွားစွာခံစားခဲ့ရသည့် နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၌ ဧပြီ ၁၀ ရက်တွင် COVID-19 အပြင်းအထန်လူနာ နှင့် စိုးရိမ်စရာအခြေအနေရှိ လူနာများ၏ အရေအတွက်မှာ ၁၀၀ အောက်ထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် ဧပြီ ၁၁ ရက် ညနေပိုင်းထိ နိုင်ငံအတွင်း COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၀,၀၀၀ ကျော်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့် အင်ဂျင်နီယာဌာန (CSSE) ၏ အချက်အလက်များ အရသိရသည်။
ရန်ကုန် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး ရှိသူ လူနာ ခုနှစ်ဦး ထပ်မံ စစ်ဆေး တွေ့ရှိရကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၁၂ ရက် နံနက် ၂ နာရီ တွင်...
ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ) COVID-19 ရောဂါအား ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ် ကာလအတွင်း လိုက်နာမှုမရှိသော ဘဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေဖြင့် အရေးယူထားမှုသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း အများဆုံးဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ စုံစမ်းသိရှိရသည်။