ဝူဟန့် ၊ ဧပြီ ၉ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့အား ၇၆ ရက်ကြာ ပိတ်ထားခဲ့ရာ ဧပြီ ၈ ရက်တွင် ပြင်ပ ဝင်ထွက်သွားလာခွင့် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီးနောက် ၎င်းမြို့ကြီးမှာ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရသည်။
ဝူဟန့်၊ ဧပြီ ၉ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့အား ၇၆ ရက်ကြာ ဝင်ထွက်သွားလာခွင့် ပိတ်ပင်ထားရာမှ ဖြေလျှော့ပေးလိုက်သည့် ပထမဆုံးနေ့ဖြစ်သော ဧပြီ ၈ ရက်တွင် အများပြည်သူသယ်ယူပို့ဆောင်ရေးကို အသုံးပြုသည့် ခရီးသည် အရေအတွက် ၆၂၀,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရသည်။
နယူးယောက် ၊ဧပြီ ၉ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၄ သိန်း ကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ ဧပြီ ၈ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုး တွေ့ရှိခဲ့သူများအနက် တစ်ဦးမှာ ရောဂါသက်သာကောင်းမွန်လာပြီး ထပ်မံစစ်ဆေးရာတွင် ရောဂါပိုး မတွေ့ရှိရတော့၍ ဆေးရုံမှ ဆင်းခွင့်ပြုလိုက်သည်ဟု ယနေ့ ဧပြီ ၈ ရက်တွင် ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၈ ရက် (ဆင်ဟွာ) မြန်မာ နိုင်ငံ ၌ COVID-19 ရောဂါ တိုက်ဖျက်နိုင်ရန် အတွက် ဧပြီ ၈ ရက် တွင် မြန်မာ နိုင်ငံ ရှိ တရုတ် နိုင်ငံ လုပ်ငန်းကုမ္ပဏီ အသီးသီးမှ ကဏ္ဍအသီးသီး ထံသို့...
ရန်ကုန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံတွင် COVID-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါပြန့်ပွားမှုများ တိုက်ဖျက်ရာ၌ အကူအညီပေးရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်မှ အဖွဲ့ဝင် ၁၂ ဦး ပါဝင်သော ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ တစ်ဖွဲ့သည် ဧပြီ ၈ ရက်တွင် လေကြောင်းလိုင်းဖြင့် မြန်မာနိုင်ငံ ရန်ကုန်အပြည်ပြည်ဆိုင်ရာ...
ဝူဟန့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ၏ အကြီးဆုံး ကျည်ဆန်ရထား ပြုပြင်ထိန်းသိမ်းရေးစခန်းများထဲတွင် တစ်ခုအပါအဝင်ဖြစ်သည့် ဝူဟန့်မြို့ရှိ ကျည်ဆန်ရထား ပြုပြင်ရေးစခန်းတွင် ရထားအစင်းရေပေါင်း ၂၃၀ စင်း ရှိသည်။ COVID-19 ပျံ့နှံ့မှုကြောင့် ထိုရထားအားလုံးရပ်တန့် ထားခဲ့ရာမှ ယခုအခါ ပြန်လည် ပြေးဆွဲရန် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။ ရထား...
အက်ခရာ ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံမှ အာဖရိကတိုက် ၁၈ နိုင်ငံသို့ ကူညီပေးအပ်သော ကပ်ရောဂါတိုက်ဖျက်ရေးသုံး အထောက်အပံ့ပစ္စည်းများသည် ဧပြီ ၆ ရက်တွင် ဂါနာနိုင်ငံသို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဘန်ကောက်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ အရှေ့ပိုင်းရှိ ခရီးသွားဧည့်သည်များ လာရောက်ရာ ပင်လယ်ကမ်းခြေမြို့ဖြစ်သော ပတ္တယားမြို့ကို COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေးကြိုးပမ်းအားထုတ်မှုအဖြစ် ခရီးသွားဧည့်သည့်များ ဝင်ရောက်ခွင့် ယာယီပိတ်ပင်လိုက်ကြောင်း သိရသည်။
ယူနန် ၊ဧပြီ ၇ ရက်(ဆင်ဟွာ) တရုတ်-လာအိုရထားလမ်း တရုတ်နိုင်ငံဘက်အခြမ်း ဖြစ်သော ယွိရှီး(Yuxi)-မော်ဟန်း(Boten) ရထားလမ်းပိုင်း၏ သံလမ်းချိတ်ဆက်မှုများကို ဧပြီ ၇ ရက်တွင် ဘက်ပေါင်းစုံ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။