Connect with us

MYANMAR

COVID-19 ရောဂါပိုးရှိသူလူနာ တစ်ဦးထပ်မံစစ်ဆေးတွေ့ရှိ၊ ရောဂါပိုးရှိသူ ၃၉ ဦးထိရှိလာ

COVID-19 ရောဂါကာကွယ်ရေးအဖြစ် ရန်ကုန်မြို့၌ နှာခေါင်းစည်း တပ်ဆင် သွားလာသူ တစ်ဦးအား တွေ့ရစဉ်(ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံ၌ COVID-19 ရောဂါပိုးရှိသူလူနာ တစ်ဦး ယနေ့ (ဧပြီ ၁၂ ရက်)၌ ထပ်မံစစ်ဆေးတွေ့ရှိခဲ့ရာ စုစုပေါင်း ရောဂါပိုးရှိသူ ၃၉ ဦးထိရှိလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်သော သတင်းအရ သိရသည်။

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) သည် ယနေ့ တွင် COVID-19 ရောဂါအတွက်ဓာတ်ခွဲစစ်ဆေးမှု ပထမအသုတ်အား စစ်ဆေးရာ၌ စုစုပေါင်း ဓာတ်ခွဲနမူနာ (၉၃) ခုအား စစ်ဆေးခဲ့ကြောင်း၊ အဆိုပါ စစ်ဆေးမှုတွင် တစ်ဦးသာ ရောဂါပိုးတွေ့ရှိပြီး ကျန်ဓာတ်ခွဲနမူနာ (၉၂) ခုတွင် COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ ဓာတ်ခွဲနမူနာများအနက် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် စောင့်ကြည့်လူနာအဖြစ်ကုသမှုခံယူခဲ့သူ အသက် (၈၅) နှစ်အရွယ် အမျိုးသား (၁) ဦး၏ ဓာတ်ခွဲနမူနာတွင် COVID-19 ရောဂါပိုး တွေ့ထားပြီး အသေးစိတ်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထပ်မံကြေညာမည်ဖြစ်ကြောင်း သိရသည်။(Xinhua)