Connect with us

WORLD

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 အပြင်းအထန်လူနာ နှင့် စိုးရိမ်စရာ အခြေအနေရှိ လူနာ အရေအတွက် ၁၀၀ အောက်ထိ လျော့ကျသွား

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

ဝူဟန့် ၊ ဧပြီ ၁၂ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ၌ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှု ဆိုးရွားစွာခံစားခဲ့ရသည့် နိုင်ငံအလယ်ပိုင်း ဟူပေပြည်နယ်၌ ဧပြီ ၁၀ ရက်တွင် COVID-19 အပြင်းအထန်လူနာ နှင့် စိုးရိမ်စရာအခြေအနေရှိ လူနာများ၏ အရေအတွက်မှာ ၁၀၀ အောက်ထိ လျော့ကျသွားခဲ့ကြောင်း သိရသည်။

ဟူပေပြည်နယ် ကျန်းမာရေးကော်မရှင်က ဆေးရုံပေါ်တွင် COVID-19 လူနာ ၃၂၀ ဦးကို ဆက်လက်ကုသပေးနေဆဲဖြစ်ကြောင်း ၊ ၅၁ ဦးမှာ အပြင်းအထန် အခြေအနေတွင်ရှိနေပြီး အခြား ၄၄ ဦးမှာ စိုးရိမ်စရာအခြေအနေတွင် ရှိနေကြောင်း ဧပြီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

တရုတ်နိုင်ငံ ဟူပေပြည်နယ်၌ COVID-19 တိုက်ဖျက်ရေးဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများအားတွေ့ရစဉ်(ဆင်ဟွာ)

အခြား လူနာပေါင်း ၂၈ ဦးမှာ ရောဂါပြန်လည်သက်သာကောင်းမွန်လာသဖြင့် ဧပြီ ၁၀ ရက်တွင် ဆေးရုံမှ ဆင်းခွင့်ရခဲ့ကြောင်း ကော်မရှင်က ဆက်လက် ပြောကြားခဲ့သည်။ဧပြီ ၁၁ ရက်တွင် ဟူပေပြည်နယ်၌ COVID-19 ဖြင့် သေဆုံးသူ အသစ်မရှိကြောင်း သိရသည်။(Xinhua)