ဂျေရုဆလမ် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) အစ္စရေးနိုင်ငံ သည် အစ္စရေးငွေ ရှီကဲလ် သန်း ၉၀ (အမေရိကန်ဒေါ်လာ ၂၅.၂ သန်း) တန်ဖိုးရှိ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ဝယ်ယူရန် တရုတ်နိုင်ငံ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် BGI Genomics ကုမ္ပဏီနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဧပြီ...
ဂျကာတာ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ရောဂါပျံ့နှံ့နေစဉ် လိုအပ်သော အကာအကွယ်ဝတ်စုံများနှင့် နှာခေါင်းစည်းများ ရရှိနိုင်ရန် နိုင်ငံအတွင်း အလျင်အမြန် အစွမ်းကုန် တိုးမြှင့် ချုပ်လုပ်နေကြောင်း သိရသည်။
ဝူဟန့်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံတွင် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုဒဏ်အများဆုံးခံစားခဲ့ရသော ဝူဟန့်မြို့အား သီတင်းပတ် ၁၁ ပတ်နီးပါး အသွားအလာကန့်သတ်ပိတ်ပင်ထားရာမှ ဧပြီ ၈ ရက်ကစတင်၍ ခရီးသွားလာခွင့် ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။
လန်ဒန် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ) COVID-19 ကူးစက်ခံထားရသော ဗြိတိန်နိုင်ငံဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်သည် ဆေးရုံရှိ အထူးကြပ်မတ်ကုသဆောင်၌ ဒုတိယမြောက်ည ကို ဆက်လက်ဖြတ်သန်းနေထိုင်ခဲ့ရကြောင်း နှင့် ၎င်း၏ အခြေအနေမှာ တည်ငြိမ်လျက်ရှိကြောင်း ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူက ဧပြီ ၇ ရက်တွင် ပြောကြားခဲ့သည်။
ဝူဟန့် ၊ဧပြီ ၈ ရက်(ဆင်ဟွာ) ဝူဟန့်မြို့မှထွက်ခွာမည့်လမ်းကြောင်းများ ထိန်းချုပ်စီမံမှုကို ဧပြီ ၈ ရက်တွင် ဖျက်သိမ်းလိုက်ပြီးနောက် ကုန်းလမ်းပို့ဆောင်ရေးလုပ်ငန်းများ ပုံမှန် ပြန်လည် လည်ပတ်မှု စတင်နေပြီဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဧပြီ ၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါကာကွယ်ရန် မြန်မာနိုင်ငံရှိ တရုတ် ကုမ္ပဏီ နှစ်ခု ဖြစ်သည့် Hytera Communications Corp. Ltd(Myanmar) နှင့် China State Construction Engineering Corporation CSCEC Myanmar ကုမ္ပဏီတို့က မြန်မာနိုင်ငံ...
ဘန်ကောက် ၊ ဧပြီ ၆ ရက် (ဆင်ဟွာ) ကိုရိုနာဗိုင်းရပ်စ်ရောဂါ ထိန်းချုပ်နိုင်ရန်အတွက် ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဋ္ဌာနီပြည်နယ်ရှိ ခရီးသွား လာရောက်မှုများပြားသော ကော့စမွေကျွန်းကို ဧပြီ ၇ ရက်မှစ၍ လကုန်အထိ ဝင်ရောက်ခွင့် ပိတ်ပင်လိုက်ကြောင်း ဧပြီ ၆ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။
ဝူဟန် ၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ဧပြီ ၆ ရက်၌ နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ (COVID-19) ဖြစ်ပွားမှုအသစ် မရှိကြောင်း ဟူပေ ကျန်းမာရေးကော်မရှင်က ဧပြီ ၇ ရက်၌ ပြောကြားခဲ့သည်။
ပေကျင်း၊ ဧပြီ ၇ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံက ကမ္ဘာလုံးဆိုင်ရာ ကူးစက်ရောဂါ တိုက်ဖျက်ရေး အားထုတ်မှုများအတွက် ကူညီပံ့ပိုးရန် ဆေးဘက်ဆိုင်ရာ ပညာရှင်များနှင့် အရေးပေါ်ထောက်ပံ့ရေးပစ္စည်းများ သယ်ဆောင်ရေး စင်းလုံးငှားလေယာဉ် ၃၀၂ စင်း စေလွှတ်ခဲ့ကြောင်း မြို့ပြလေကြောင်း အာဏာပိုင်များအဆိုအရ သိရသည်။