Connect with us

WORLD

အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 အကာအကွယ်ဝတ်စုံ နှင့် နှာခေါင်းစည်းများ အလျင်အမြန် တိုးမြှင့် ချုပ်လုပ်နေ

အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့၌ ဒေသခံများ COVID-19 ကာကွယ်ရေးဝတ်စုံ နှင့် နှာခေါင်းစည်းများ ချုပ်လုပ်နေသည်ကို ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျကာတာ ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ၌ COVID-19 ရောဂါပျံ့နှံ့နေစဉ် လိုအပ်သော အကာအကွယ်ဝတ်စုံများနှင့် နှာခေါင်းစည်းများ ရရှိနိုင်ရန် နိုင်ငံအတွင်း အလျင်အမြန် အစွမ်းကုန် တိုးမြှင့် ချုပ်လုပ်နေကြောင်း သိရသည်။ 

အိမ်တွင်း အလုပ်ရုံများမှ အလုပ်သမများ နှင့် ကျောင်းသူကျောင်းသားများသည် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် လိုအပ်သော အဆိုပါ ကာကွယ်ရေးပစ္စည်းများ ချုပ်လုပ်သည့် လုပ်ငန်းများတွင် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့၌ ဒေသခံများ COVID-19 ကာကွယ်ရေးဝတ်စုံ နှင့် နှာခေါင်းစည်းများ ချုပ်လုပ်နေသည်ကို ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့၌ ဒေသခံများ COVID-19 ကာကွယ်ရေးဝတ်စုံ နှင့် နှာခေါင်းစည်းများ ချုပ်လုပ်နေသည်ကို ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ Yogyakarta မြို့၌ ဒေသခံများ COVID-19 ကာကွယ်ရေးဝတ်စုံ နှင့် နှာခေါင်းစည်းများ ချုပ်လုပ်နေသည်ကို ဧပြီ ၇ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ လူနာများအား COVID-19 ကူးစက်ခံရခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးနေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ လူနာများအား COVID-19 ကူးစက်ခံရခြင်း ရှိမရှိ စမ်းသပ်စစ်ဆေးနေစဉ်(ဆင်ဟွာ)

အင်ဒိုနီးရှားနိုင်ငံတွင် ဧပြီ ၇ ရက်အထိ COVID-19 ရောဂါဖြင့် သေဆုံးသူ ၂၂၁ ဦးထိ ရှိခဲ့ရာ  ယင်းပမာဏမှာ အရှေ့တောင်အာရှ နိုင်ငံများထဲတွင် အရေအတွက်အများဆုံးဖြစ်သည်။ လက်ရှိ နိုင်ငံအတွင်း ရောဂါကူးစက်ခံထားရသူပေါင်း ၂,၇၃၈ ဦး ရှိကြောင်း အစိုးရထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

ယခုအခါ COVID-19 ကူးစက်မှု ကာကွယ်ရန် ပြည်သူများအား နီးနီးကပ်ကပ်နေထိုင်ခြင်းမပြုရေး(social distancing) ပြုလုပ်ရန် ဂျကာတာမြို့တော်ဝန် Anies Baswedan ၏ အကြံပြုချက်ကို အင်ဒိုနီးရှားနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Terawan Agus Putranto က အတည်ပြုပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။(Xinhua)