Connect with us

MYANMAR

COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းထုတ်လွှင့်ပါက အရေးယူမည် 

ရန်ကုန်မြို့တွင် နှာခေါင်းစည်းဖြင့်သွားလာနေသူတစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

ရန်ကုန်၊ ဧပြီ ၈ ရက် (ဆင်ဟွာ) 

COVID-19 ကူးစက်ရောဂါ နှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ဥပဒေများအား တိတိကျကျ လိုက်နာရန် နှင့် ပြည်သူများထိတ်လန့်စေမည့် မဟုတ်မမှန်သတင်းများ ထုတ်လွှင့်ပါက ဥပဒေပရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးနေဝင်းက ဧပြီ ၈ ရက်တွင် ဆင်ဟွာကို ပြောသည်။ 

ဦးနေဝင်းက “COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုကိုထိန်းဖို့ အတွက်  ပြည်သူတွေလိုက်နာရမယ့် ထုတ်ပြန်ထားတဲ့  ညွှန်ကြား ချက်တွေ ကိုတိတိကျကျ လိုက်နာဖို့ပြောချင်ပါတယ်။ ပြည်သူတွေ ကို ပညာပေးအစီအစဉ်တွေနဲ့ ထောက်ပံ့ရမယ့် အပိုင်းတွေ ကို ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။နောက်ပြီးတော့ နေပြည်တော်အပါအဝင်တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ နှစ်သိမ့်ဆွေးနွေးမှုတွေ လုပ်ပေးဖို့ ဖုန်းနံပတ်တွေ ကို ကျွန်တော်တို့ကြေညာထားပါတယ်။ ပြည်သူတွေ အနေနဲ့ အဲဒီဖုန်းနံပတ်တွေကိုလည်း တိုင်တန်းလို့ရတယ်’’ ဟုပြောသည်။ 

ထို့အပြင် အရေးကြီးကုန်ပစ္စည်းများအဖြစ် သတ်မှတ်လိုက်သည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများနှင့် စားသုံးကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးနှုန်းမြှင့်တင်ဖြန့်ဖြူးခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့သိုလှောင်ခြင်း စသည် တို့ကို မပြုလုပ်ကြရန် လိုအပ်ကြောင်း နှင့် လိုက်နာမှုမရှိကြောင်း စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများအရ အရေးယူခြင်းခံရ မည်ဖြစ်ကြောင်း ဦးနေဝင်းက အသိပေးပြောကြားခဲ့သည်။  (Xinhua)