Connect with us

WORLD

အစ္စရေးနိုင်ငံက BGI ထံမှ ကန်ဒေါ်လာ ၂၅.၂ သန်း တန်ဖိုးရှိ COVID-19 စမ်းသပ်ကိရိယာများ ဝယ်ယူရန် သဘောတူ

အစ္စရေးစစ်သားများက ပြည်သူများအတွက် အစားအစာများ ဝေငှပေးရန် ပြင်ဆင်နေစဉ် (ဆင်ဟွာ)

ဂျေရုဆလမ် ၊ ဧပြီ ၈ ရက်(ဆင်ဟွာ)

အစ္စရေးနိုင်ငံ သည် အစ္စရေးငွေ ရှီကဲလ် သန်း ၉၀ (အမေရိကန်ဒေါ်လာ ၂၅.၂ သန်း) တန်ဖိုးရှိ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စမ်းသပ်ကိရိယာများ ဝယ်ယူရန် တရုတ်နိုင်ငံ ဇီဝနည်းပညာကုမ္ပဏီတစ်ခုဖြစ်သည့် BGI Genomics ကုမ္ပဏီနှင့် သဘောတူညီမှုရရှိခဲ့ပြီဖြစ်ကြောင်း အစ္စရေးကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၇ ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။

အဆိုပါသဘောတူညီချက်အရ အစ္စရေးနိုင်ငံ၌ တစ်ရက်လျှင် ကိုရိုနာဗိုင်းရပ်စ် ရှိမရှိ အနည်းဆုံး လူပေါင်း ၁၀,၀၀၀ ကို တိုးမြှင့် စမ်းသပ်မှုပြုလုပ်ရန် ခွင့်ပြုပေးနိုင်လိမ့်မည်ဖြစ်ကြောင်း  နှင့် ယခင်က တစ်ပတ်လျှင် လူပေါင်း ၈,၃၀၀ ကျော်ကိုသာ စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဆိုသည်။

စမ်းသပ်ကိရိယာများကို ကာကွယ်ရေးဝန်ကြီးဌာန၏ ထောက်ခံအတည်ပြုချက်ဖြင့် ဝယ်ယူခြင်းဖြစ်ပြီး လာမည့် နှစ်ပတ်သုံးပတ်အတွင်း ဓာတ်ခွဲစမ်းသပ်စက်ကြီး ၆ လုံး ရောက်ရှိလာရန် မျှော်လင့်ထားကြောင်း သိရသည်။

၁၉၉၉ ခုနှစ်တွင် တည်ထောင်ခဲ့သော တရုတ်နိုင်ငံ ဆန်းကျန်မြို့ အခြေစိုက် BGI Genomics ကုမ္ပဏီသည် မျိုးရိုးဗီဇပြောင်းလဲမှု နှင့် ပရိုတိန်းဓာတ်များ ထောက်ပံ့မှုဆိုင်ရာ ရှေ့ဆောင်ကုမ္ပဏီတစ်ခု ဖြစ်ပြီး လက်ရှိတွင် တစ်ကမ္ဘာလုံးအတွက် COVID-19 စမ်းသပ်ကိရိယာများ အဓိကထောက်ပံ့ပေးနေသော ကုမ္ပဏီတစ်ခုဖြစ်ကြောင်း သိရသည်။  (Xinhua)