ဘာလင်၊ ဧပြီ ၅ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံတွင် ဧပြီ ၄ ရက် ဒေသစံတော်ချိန် ၀၀:၀၀ နာရီအထိ နိုင်ငံအတွင်း COVID-19ရောဂါ အတည်ပြုလူနာ ၈၅,၇၇၈ ဦးထိ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဝါရှင်တန် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် COVID-19 အတည်ပြုလူနာပေါင်း ၁.၁ သန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဧပြီ ၄ ရက်တွင် ထုတ်ပြန်သည့် ဂျွန်ဟော့ကင်းတက္ကသိုလ်၏ နောက်ဆုံး ကိန်းဂဏန်းများအရ သိရသည်။
နယူးယောက် ၊ ဧပြီ ၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ ဧပြီ ၄ ရက် ဒေသစံတော်ချိန် ညနေ ၃ နာရီ ၄၀ မိနစ်ထိ နိုင်ငံတစ်ဝှမ်း COVID-19 ရောဂါဖြစ်ပွားသူ စုစုပေါင်း အရေအတွက်မှာ အမြင့်ဆုံးပမာဏဖြင့် သုံးသိန်းထိ ရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံ နှင့်...
ရန်ကုန် ၊ ဧပြီ ၄ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ၌ COVID-19 ဓာတ်ခွဲအတည်ပြုလူနာ တစ်ဦးအား ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၄ ရက် ညပိုင်းတွင် ထုတ်ပြန်ခဲ့ပြီး စုစုပေါင်း ဓာတ်ခွဲအတည်ပြုလူနာ အရေအတွက် ၂၁ ဦးထိ ရှိလာခဲ့ကြောင်း...
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ အကြီးမားဆုံးသောငွေချေးလုပ်ငန်းလည်းဖြစ်သည့် တရုတ်နိုင်ငံစက်မှု နှင့်ကူးသန်းရောင်းဝယ်ရေးဘဏ် (ICBC)သည်ဗိုင်းရပ်စ်နှိမ်နင်းရေးလုပ်ငန်းများတွင်ငွေကြေး ထောက်ပံ့ရန် နှင့် ကုန်စည်စီးဆင်းရေး နှင့်ဝန်ဆောင်မှုလုပ်ငန်းများကိုကျားကန် ပေးနိုင်ရန်အတွက်ငွေချေးစာချုပ်များအား ရောင်းဝယ်ရေးတွင် ဝန်ဆောင်မှုပေးခြင်းဖြင့် ရန်ပုံငွေမြှင့်တင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) ရန်ကုန်တိုင်းဒေသကြီးတွင် COVID-19 ကို ကာကွယ်ထိန်းချုပ်ရန် သင်္ကြန်ကာလ ရုံးပိတ်ရက်များဖြစ်သည့် ဧပြီ ၁၀ ရက်မှ ၁၉ ရက် အထိ မဖြစ်မနေ ဆောင်ရွက်ရမည့် ကျန်းမာရေးကိစ္စများ နှင့် အစားအသောက်ဝယ်ယူခြင်းကိစ္စရပ်များမှ လွဲ၍ နေအိမ် ပြင်ပသို့ ထွက်ခွါသွားလာခြင်းမပြုလုပ်ဘဲ...
ပေကျင်း၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံ ၏ COVID-19 တိုက်ပွဲအတွင်း ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများ နှင့် COVID-19 ဖြစ်ပွားမှုကြောင့်အသက်ပေးခဲ့ကြရသူများအတွက် နိုင်ငံတော်အဆင့်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့အခမ်းအနားကို ဧပြီ ၄ ရက်နေ့၌ တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ထျန်းအန်းမင် ရင်ပြင်တွင် တရုတ်နိုင်ငံ တော် အလံ ကို တိုင်ဝက်သို့...
ဟန်ကျိုး၊ ဧပြီ ၄ ရက် (ဆင်ဟွာ) တရုတ်နိုင်ငံအရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ်ရှိ ဆေးရုံတစ်ခု က ကမ္ဘာ့နိုင်ငံပေါင်း ၂၀ကျော်မှ ဆေးပညာရှင် ၅၀၀ ကျော်နှင့် ဗီဒီယိုဆွေးနွေးမှုမှတစ်ဆင့် COVID-19 တိုက်ဖျက်ရေး အတွေ့အကြုံများကို မကြာသေးမီက ဝေမျှခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ ဧပြီ ၄ ရက် (ဆင်ဟွာ) မဟာသင်္ကြန်ကာလ ရုံးပိတ်ရက်အတွင်း ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အတွင်းရှိ ဝန်ထမ်းများအားလုံး အရေးကြီးကိစ္စရပ်များ (နာရေး) မှ အပ ခရီးသွားလာခြင်း အားခွင့်မပြုရန် နိုင်ငံတော်သမ္မတရုံး မှ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများအားလုံး၊ ပြည်ထောင်စုဝန်ကြီးဌာန များအားလုံး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး...