ဝါရှင်တန် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ မတ် ၃၁ ရက် အစောပိုင်းထိ COVID-19 ရောဂါဖြင့်သေဆုံးသူ အရေအတွက်မှာ ၄ ထောင်ကျော်ထိရောက်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်ချက်အရသိရသည်။
ဖနွမ်းပင် ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) ကမ္ဘောဒီးယားနိုင်ငံ၌ COVID-19 လူနာ နှစ်ဦးထပ်မံ သက်သာပျောက်ကင်းသွားသဖြင့် လက်ရှိတွင် နိုင်ငံအတွင်း ရောဂါသက်သာပျောက်ကင်းသူ စုစုပေါင်း၂၅ ဦးထိ ရှိသွားပြီဖြစ်ကြောင်း ကမ္ဘောဒီးယားကျန်းမာရေးဝန်ကြီးဌာနက ယနေ့ဧပြီ ၁ ရက်တွင် ထုတ်ပြန်ခဲ့သည်။
ဝါရှင်တန်၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ၌ COVID-19 ရောဂါ အတည်ပြုလူနာ ၁ သိန်း ၈ သောင်းကျော်ရှိပြီဖြစ်ကြောင်း Johns Hopkinsတက္ကသိုလ်၏ မတ် ၃၁ ရက်တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။
တူနီးရှား ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) အယ်လ်ဂျီးရီးယား နိုင်ငံ သမ္မတ Abdelmadjid Tebboune က နိုင်ငံ အတွင်း COVID-19 ရောဂါ တိုက်ဖျက်နေချိန်တွင် တရုတ် နိုင်ငံ က ဆေးဘက်ဆိုင်ရာ ကူညီထောက်ပံ့မှု ပစ္စည်းများ ပေးအပ်ခဲ့ခြင်းအပေါ် တရုတ် နိုင်ငံသည်...
ဟန်ကျိုး ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီဗဟိုကော်မတီအထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်က နိုင်ငံအတွင်း အချက်အလက်သိမ်းဆည်းခြင်း ၊ ကွန်ပြူတာနည်းပညာ နှင့် ဉာဏ်ရည်တုနည်းပညာ(AI)အသုံးပြုခြင်းဖြင့် အဓိကမြို့ကြီးများမှာ သန့်ရှင်းလှပအဆင်ပြေချောမွေ့လာနိုင်မည်ဖြစ်ကြောင်း လမ်းညွှန်ချက်ပေးခဲ့သည်။
နယူးဒေလီ ၊ ဧပြီ ၁ ရက်(ဆင်ဟွာ) အိန္ဒိယနိုင်ငံ၌ COVID-19 စောင့်ကြည့်လူနာများအတွက် facility quarantine နေရာများတိုးချဲ့ရန် ရထားတွဲပေါင်း ၂၀,၀၀၀ ကို ပြင်ဆင်ဆောင်ရွက်နေကြောင်း အိန္ဒိယနိုင်ငံရထားပို့ဆောင်ရေးဌာနက မတ် ၃၁ ရက်တွင်ပြောကြားခဲ့သည်။
ရန်ကုန် ၊ မတ် ၃၁ ရက်(ဆင်ဟွာ) နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအချိန်တွင် မပြည့်စုံသည့်ကြားက စိတ်ဓါတ် မြင့်မြင့်မားမားဖြင့် ရှေ့တန်း၌ တိုက်ပွဲဝင်နေသော ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေး ဝန်ထမ်းများကို အထူးကျေးဇူးတင်ကြောင်း ယနေ့ မတ် ၃၁ ရက်တွင် COVID-19...
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၃၁-၃-၂၀၂၀) ရက်နေ့၊ ည (၇:၃၀) နာရီတွင် ထုတ်ပြန်သော ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွား အလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ(၆၇)ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ လူနာ (၁) ဦး၏...
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် အရေးကြီးကုန်စည် နှင့် ဝန်ဆောင်မှုဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ၊ ဆေးဝါးများ၊ စားသုံးကုန်ပစ္စည်းများအား အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်ကြောင်း မတ်...
ရန်ကုန်၊ မတ် ၃၁ ရက် (ဆင်ဟွာ) COVID-19 ရောဂါပိုးတွေ့ရှိထားသော အသက် ၆၉ နှစ်အရွယ်ရှိ အမျိုးသားသည် ယနေ့ မတ် ၃၁ ရက် နံနက် ၇နာရီ ၂၅ မိနစ်တွင် ဝေဘာဂီဆေးရုံ၌ အထူးကြပ်မတ်ဆောင်အတွင်း သေဆုံးသွားခဲ့ကြောင်းယင်းမှာ လတ်တလော ပြင်းထန် အသက်ရှူလမ်းကြောင်း ပိုးဝင်၍...