ဂျီနီဗာ ၊ ဧပြီ ၃ ရက် (ဆင်ဟွာ) ကမ္ဘာ့ကျန်းမာရေး အဖွဲ့ (WHO) ၏ ဧပြီ ၂ ရက် နောက်ဆုံး ထုတ်ပြန်ချက်အရ လက်ရှိချိန်တွင် တစ်ကမ္ဘာလုံး အတိုင်းအတာ တွင် COVID-19 ရောဂါ ကူးစက် ခံရသူ ၈၉၆,၄၅၀ ဦး ရှိခဲ့ပြီး...
ရန်ကုန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ဓာတ်ခွဲ စစ်ဆေးချက်များအရ ရောဂါပိုးရှိသူ လူနာ လေးဦးထံတွင် ထပ်မံ စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ယနေ့ ဧပြီ ၂ ရက်တွင် ကြေညာခဲ့ပြီးနောက် COVID-19 ရောဂါပိုးရှိသူ လူနာ...
ဘန်ကောက်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) မကြာသေးမီက Thai Smile လေကြောင်းလိုင်းပေါ်တွင် လိုက်ပါလာသော ခရီးသည်များအနက် တစ်ဦးတွင် COVID-19 ကူးစက်ခံရကြောင်း တွေ့ရှိခဲ့ပြီးနောက် ၎င်းလေယာဉ်ဝန်ထမ်း ၇ ဦးကို အသွားအလာကန့်သတ်ပိတ်ပင်ခြင်း ပြုလုပ်လျက်ရှိကြောင်း အစိုးရအရာရှိတစ်ဦးက ဧပြီ ၁ ရက်တွင် ပြောကြားခဲ့သည်။
မော်စကို၊ ဧပြီ ၂ ရက်(ဆင်ဟွာ) COVID-19 ရောဂါအခြေအနေကြောင့် သီးသန့်နေထိုင်ရန် သတ်မှတ်ချက်ကို မလိုက်နာသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းကိုလည်းကောင်း၊ သက်ဆိုင်ရာကုမ္ပဏီလုပ်ငန်းများ၏ တရားဝင်တာဝန်ရှိပုဂ္ဂိုလ်များကိုလည်းကောင်း အရေးယူ ဒဏ်ရိုက်မည့် အမိန့်ကြေညာချက်ကို ဧပြီ ၁ ရက်တွင် ရုရှား သမ္မတ ပူတင်က လက်မှတ်ထိုးအတည်ပြုခဲ့ကြောင်း သိရသည်။
ကီဂါလီ ၊ ဧပြီ ၁ ရက် (ဆင်ဟွာ) COVID-19 ကြောင့်ပိတ်ဆို့ထားသည့်ကြားမှ စည်းကမ်းချိုးဖောက်ခဲ့သည့် ကုမ္ပဏီနှင့် စီးပွားရေးသမား ၁၄၆ ဦးကို အရေးယူ၍ ဒဏ်ရိုက်ခဲ့သည်ဟု ရဝမ်ဒါကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန က ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည် ။
နေပြည်တော်၊ ဧပြီ ၂ရက်(ဆင်ဟွာ) နေပြည်တော် တိုင်းစစ်ဌာနချုပ်ရှိ အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေး စခန်းများတွင် COVID-19 စောင့်ကြည့်စင်တာ ထားရှိရန် တိုင်းဒေသကြီးးနှင့် ပြည်နယ်များက ဆက်သွယ် အကူအညီ တောင်း လာပါက ကန့်သတ်ချက်မရှိ လက်ခံသွားမည် ဖြစ်ကြောင်း အဆိုပါ COVID-19 စောင့်ကြည့် စခန်း၏ တာဝန်ခံ၊...
ဝါရှင်တန် ၊ ဧပြီ ၂ ရက်(ဆင်ဟွာ) သင်္ဘောပေါ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအား တားဆီးရန် အမေရိကန်လေယာဉ်တင်သင်္ဘော သီအိုဒိုရုဒ်စ်ဗဲ့ ( USS Theodore Roosevelt) ပေါ်ရှိ အရေအတွက် ထောင်ချီသော သင်္ဘောသားများကို အမေရိကန်ရေတပ်က ပြောင်းရွှေ့ပေးနေကြောင်း ယာယီရေတပ်ဝန်ကြီး Thomas Modly က ဧပြီ...
ရန်ကုန်၊ ဧပြီ ၂ ရက်(ဆင်ဟွာ) မြန်မာနိုင်ငံ လယ်ယာကဏ္ဍတွင် COVID-19 ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် တရုတ်နိုင်ငံ YUN TIAN HUA GROUP မှ မြန်မာနိုင်ငံ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံသို့ N95 နှာခေါင်းစည်း ၅၀၀၀ ၊ဆေးရုံသုံးနှာခေါင်းစည်း(Medical surgical mask)၅၀၀၀အပါအဝင် စုစုပေါင်း နှာခေါင်းစည်း...
ရန်ကုန်၊ ဧပြီ ၂ ရက် (ဆင်ဟွာ) COVID-19 တိုက်ဖျက်ရေးကာလတွင် သီးနှံထုတ်လုပ်မှုစွမ်းအား လျော့ကျမသွားစေရန် တောင်သူ လယ်သမားများအနေဖြင့် သီးနှံအလိုက် မျိုးကောင်းမျိုးသန့်နှင့် စိုက်ပျိုးရေး နည်းပညာများ ရရှိနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးရွာအခြေ စိုက်နည်းပညာပေးစင်တာများ၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးများ၊ ဌာနပိုင်မျိုးစေ့ထုတ်ခြံများသို့ ဆက်သွယ်၍...
နယူးဒေလီ၊ ဧပြီ ၂ ရက် (ဆင်ဟွာ) အိန္ဒိယနိုင်ငံတွင် COVID-19 ကူးစက်ခံရကြောင်း အတည်ပြုလူနာ ၁,၈၃၄ ဦးအထိ ရောက်ရှိလာပြီးနောက် သေဆုံးသူ အရေအတွက် ၄၁ ဦး အထိမြင့်တက်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဧပြီ ၂ ရက်တွင် ပြောကြားခဲ့သည်။