အန်ကာရာ၊ ဖေဖော်ဝါရီ ၁၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တူရကီနိုင်ငံသည် တရုတ်နိုင်ငံမှ ထုတ်လုပ်သော ကာကွယ်ဆေး အလုံးရေ သန်း ၅၀ ထပ်မံရရှိရန်အတွက် သဘောတူစာချုပ် ချုပ်ဆိုခဲ့ကြောင်း တူရကီ ကျန်းမာရေးဝန်ကြီး Fahrettin Koca က ဖေဖော်ဝါရီ ၁၀ ရက်က...
ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ထိုင်းနိုင်ငံတစ်ဝန်း တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး အသုံးပြုကာ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ ပျမ်းမျှလူဦးရေ သုံးပုံနှစ်ပုံခန့် ကာကွယ်ဆေး ထိုးနှံနိုင်ရန် ရည်ရွယ်ထားကြောင်း မီဒီယာသတင်းများ၌ ဖော်ပြထားသည်။
ရာဘတ်၊ ဖေဖော်ဝါရီ ၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံ Sinopharm COVID-19 ကာကွယ်ဆေးသည် သက်ကြီးရွယ်အိုများတွင် ဆေးစွမ်းထက်ကြောင်းနှင့် မော်ရိုကိုနိုင်ငံအနေဖြင့် အသက် ၆၀ နှစ်နှင့်အထက်ရှိသူများကို အဆိုပါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးမည်ဖြစ်ကြောင်း အာဏာပိုင်များက ဖေဖော်ဝါရီ ၈ ရက်၌ ပြောကြားခဲ့သည်။
ဗီယင်ကျန်း၊ဖေဖော်ဝါရီ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ ပထမအသုတ်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။
ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် တရုတ်နိုင်ငံက နီပေါနိုင်ငံ၏ COVID-19 ကာကွယ်ဆေး အရေးပေါ်လိုအပ်မှုကို သိရှိရကြောင်းနှင့် နီပေါနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ် ပံ့ပိုးပေးရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၅ ရက်က ပြောကြားခဲ့သည်။
ရမော်လာ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံထားသူ လူဦးရေသည် ကမ္ဘာတွင် အများဆုံး ဖြစ်သည်။
တိုကျို၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဗိုင်းရပ်စ်တိုက်ဖျက်ရေး ဆောင်ရွက်ချက်များ အကောင်အထည်ဖော်ရာတွင် မခြွင်းမချန်အရေးကြီးမှုကိုထောက်ပြပြောကြားရာ၌ သက်ကြီးရွယ်အိုများအကြား ရောဂါကူးစက်မှု အရေအတွက် မြင့်တက်လာခြင်းကို တိုကျိုမြို့တော် အစိုးရ COVID-19 ကျွမ်းကျင်ပညာရှင်များအဖွဲ့ဆွေးနွေးပွဲက ဖေဖော်ဝါရီ ၄ ရက်တွင် သတိပေးလိုက်သည်။
ပဲရစ် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Jean Castex က ဖေဖော်ဝါရီ ၄ ရက်၌ ဗီဇပြောင်း COVID-19 ရောဂါပိုးသည် ပြင်သစ်နိုင်ငံအတွက် အမှန်စင်စစ်သောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာစေခဲ့ပြီး လက်ရှိအချိန်တွင် ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို ဖြေလျှော့ပေးသည့် အချိန်အခါ မဟုတ်ကြောင်း ပြောကြားခဲ့သည်။
ဘရက်ဆဲလ်၊ ဖေဖော်ဝါရီ ၄ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် ဥရောပသမဂ္ဂ(အီးယူ)က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများ အသုံးပြုရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ထုတ်လွှင့်သည့် AFP သတင်းတစ်ပုဒ်အရ သိရသည်။
လန်ဒန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး ဗြိတိန်နိုင်ငံ ကျန်းမာရေးပညာရှင် က ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး နမူနာများအား စစ်ဆေးမှုပြုလုပ်ရာတွင် ပြောင်းလဲမှုအသစ်တစ်မျိုးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ယင်းပြောင်းလဲမှုက ရောဂါပိုးသည် လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ် တိုက်ခိုက်မှုကို ရှောင်ရှားပေးနိုင်ကြောင်း...