Connect with us

WORLD

ထိုင်းနိုင်ငံတွင် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေး ထိုးနှံခြင်းစတင်မည်

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းသို့ ဝင်ရောက်သွားသော ကျောင်းသူတစ်ဦး လက်သန့်ဆေးအသုံးပြုနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဖေဖော်ဝါရီ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ထိုင်းနိုင်ငံတစ်ဝန်း တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး အသုံးပြုကာ ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ် ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံ၏ ပျမ်းမျှလူဦးရေ သုံးပုံနှစ်ပုံခန့် ကာကွယ်ဆေး ထိုးနှံနိုင်ရန် ရည်ရွယ်ထားကြောင်း မီဒီယာသတင်းများ၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံသည် ယခုလနှောင်းပိုင်းတွင် ပထမအသုတ်အဖြစ် ရောက်ရှိလာမည့် တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုရန်အတွက် ခွင့်ပြုသွားဖွယ်ရှိကြောင်း Bloomberg က ဖေဖော်ဝါရီ ၉ ရက်က သတင်းဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ စာသင်ကျောင်းအား ပိုးသတ်ဆေးဖျန်းမည့် ဝန်ထမ်းများ အကာအကွယ်ဝတ်စုံများဝတ်ဆင်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
Sinovac COVID-19 ကာကွယ်ဆေးတစ်သုတ်အား ဖေဖော်ဝါရီလနှင့် ဧပြီလအတွင်း ထိုင်းနိုင်ငံသို့ ပို့ဆောင်မည်ဖြစ်ကြောင်း ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ဖေဖော်ဝါရီ ၈ ရက်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်ကို ကိုးကား၍ သတင်းက ဆိုသည်။

ကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်တွင် ကျန်းမာရေးဝန်ထမ်းများ၊ သက်ကြီးရွယ်အိုများ၊ နာတာရှည်ရောဂါသည်များနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ကာကွယ်ဆေးထိုးနှံမည့် ပထမဆုံးအုပ်စုတွင် ပါဝင်ကြောင်း ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် က ပြောခဲ့သည်။

ထို့ပြင် ဥရောပမှ AstraZeneca ကာကွယ်ဆေးတစ်သုတ်ကိုလည်း ယခုနှစ်ကုန်ပိုင်းတွင် အသုံးပြုရန် ထိုင်းနိုင်ငံသို့ ရောက်ရှိလာမည်ဖြစ်ကြောင်း အထက်ပါ ညွှန်ကြားရေးမှူးချုပ် ပြောကြားချက်အရ သိရသည်။ (Xinhua)
—————————-
(English Version)
Thailand to use Chinese COVID-19 vaccine to start inoculation drive: media
2021-02-10 13:27:41
BANGKOK, Feb. 10 (Xinhua) — Thailand will use China’s Sinovac COVID-19 vaccine to kick off its national vaccination program, which aims to inoculate some two thirds of the country’s eligible people, media reports have said.
Thailand is expected to approve the Chinese vaccine for emergency use “parallel to the arrival of the first shipment” later this month, Bloomberg reported on Tuesday.
The report cited Thai Deputy Prime Minister and Public Health Minister Anutin Charnvirakul saying at a press conference on Monday that a batch of the Sinovac COVID-19 vaccine will be delivered to Thailand between February and April.
Thai Disease Control Department Director General Opas Kankawinphong said that medical personnel, elderly people, those with chronic illnesses and migrant workers will be the first groups of people to be vaccinated.
A batch of AstraZeneca vaccine from Europe will be delivered to Thailand for use later this year, according to the director general. Enditem
1- A girl disinfects her hands as she enters a school in Bangkok, Thailand, Feb. 1, 2021. (Xinhua/Rachen Sageamsak)

2- Staff members put on protective equipment before disinfecting a school in Bangkok, Thailand, Jan. 26, 2021. (Xinhua/Rachen Sageamsak)