Connect with us

WORLD

တရုတ်နိုင်ငံက နီပေါနိုင်ငံအတွက် COVID-19 ကာကွယ်ဆေး ပထမအသုတ် ပံ့ပိုးသွားမည်

နီပေါနိုင်ငံ ခတ္တမန္ဒူမြို့တွင် COVID-19 ကပ်ရောဂါကာလအတွင်း ညွှန်ကြားချက်များကို လိုက်နာကြရန် ဈေးအတွင်း ဈေးသည်များအား လိုက်လံသတိပေးနေသည့် ရဲအရာရှိများကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဖေဖော်ဝါရီ ၆ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

တရုတ်နိုင်ငံက နီပေါနိုင်ငံ၏ COVID-19 ကာကွယ်ဆေး အရေးပေါ်လိုအပ်မှုကို သိရှိရကြောင်းနှင့် နီပေါနိုင်ငံအတွက် ကာကွယ်ဆေး ပထမအသုတ် ပံ့ပိုးပေးရန် ဆုံးဖြတ်ထားကြောင်း တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဖေဖော်ဝါရီ ၅ ရက်က ပြောကြားခဲ့သည်။

ဝမ်သည် နီပေါနိုင်ငံခြားရေးဝန်ကြီး Pradeep Kumar Gyawali နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ဆွေးနွေးစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

COVID-19 ရောဂါဖြစ်ပွားစဉ်ကတည်းက တရုတ်နိုင်ငံနှင့် နီပေါနိုင်ငံတို့သည် တစ်နိုင်ငံနှင့်တစ်နိုင်ငံ ထောက်ကူပေးလျက်ရှိကြောင်း၊ ဗိုင်းရပ်စ်ကို အနိုင်ယူရန် အတူတကွ ကြိုးပမ်းလျက်ရှိကြောင်းနှင့် ဗိုင်းရပ်စ် တိုက်ဖျက်ရေးတွင် ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှု ပြုလုပ်လျက်ရှိကြောင်း ဝမ်က ပြောခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်နိုင်ငံထုတ် COVID-19 ကာကွယ်ဆေးများကို ကမ္ဘာ့ပြည်သူ့ကုန်စည်အဖြစ် ဆောင်ရွက်မည်ဟူသော သမ္မတ ရှီကျင့်ဖိန်၏ ကတိကဝတ်ကို အလေးအနက်ထား ဆောင်ရွက်လျက်ရှိကြောင်းနှင့် နီပေါနိုင်ငံအတွက် ကာကွယ်ဆေးများ ဝယ်ယူမှုလွယ်ကူစေရေး ကူညီပံ့ပိုးပေးရန် ဆန္ဒရှိကြောင်း ၎င်းက ဖြည့်စွက်ပြောခဲ့သည်။

နီပေါနိုင်ငံခြားရေးဝန်ကြီး Gyawali ကလည်း နီပေါနိုင်ငံ အစိုးရနှင့် ပြည်သူများအနေဖြင့် တရုတ်နိုင်ငံ၏ အချိန်ကိုက်နှင့် တန်ဖိုးရှိသော ကာကွယ်ဆေးကူညီမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် တရုတ်နိုင်ငံနှင့်အတူ ကပ်ရောဂါတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစွာ ဆက်လက်ဆောင်ရွက်ရန် အသင့်ရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)

…………………………………………

(English Version)
China to provide 1st batch of COVID-19 vaccine aid for Nepal: Chinese FM
Source: Xinhua| 2021-02-06 02:38:32|Editor: huaxia
BEIJING, Feb. 6 (Xinhua) — China attaches great importance to Nepal’s urgent need of COVID-19 vaccines and has decided to provide the first batch of vaccine aid for Nepal, said Chinese State Councilor and Foreign Minister Wang Yi on Friday.
Wang made the remarks during a phone conversation with Nepali Foreign Minister Pradeep Kumar Gyawali.
Since the outbreak of COVID-19, Wang said, China and Nepal have helped each other, strived to work together to defeat the virus, and carried out sound cooperation in the anti-virus fight.
China has been earnestly fulfilling President Xi Jinping’s commitment to making Chinese COVID-19 vaccines a global public good, and is willing to facilitate the purchase of vaccines for Nepal, he added.
Gyawali, for his part, said that the Nepali government and people are grateful for China’s timely and valuable vaccine aid, and stand ready to continue to deepen anti-epidemic cooperation with China. Enditem

Nepalese police officers warn the shopkeepers at market to follow the instructions as implemented during the COVID-19 pandemic in Kathmandu, Nepal, on Sept. 10, 2020. (Photo by Sulav Shrestha/Xinhua)