Connect with us

WORLD

ဗီဇပြောင်း COVID-19 ရောဂါပိုးသည် ပြင်သစ်နိုင်ငံအတွက် အမှန်စင်စစ်သော ခြိမ်းခြောက်မှုဖြစ်လာစေခဲ့ကြောင်း ပြင်သစ်နိုင်ငံဝန်ကြီးချုပ် ပြောကြား

ပြင်သစ်နိုင်ငံ ပဲရစ်မြို့ Eiffel Tower အနီးရှိ Trocadero ရင်ပြင်၌ အမျိုးသားတစ်ဦး နှာခေါင်းစည်းတပ်၍ သွားလာနေစဉ်(ဆင်ဟွာ)

ပဲရစ် ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ပြင်သစ်နိုင်ငံဝန်ကြီးချုပ် Jean Castex က ဖေဖော်ဝါရီ ၄ ရက်၌ ဗီဇပြောင်း COVID-19 ရောဂါပိုးသည် ပြင်သစ်နိုင်ငံအတွက် အမှန်စင်စစ်သောခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာစေခဲ့ပြီး လက်ရှိအချိန်တွင် ကပ်ရောဂါကာကွယ်ရေးဆောင်ရွက်မှုများကို ဖြေလျှော့ပေးသည့် အချိန်အခါ မဟုတ်ကြောင်း ပြောကြားခဲ့သည်။

လက်ရှိချိန်၌ ပြင်သစ်နိုင်ငံတွင် နေ့စဉ် COVID-19 ရောဂါထပ်မံကူးစက်ခံရသူ ပျမ်းမျှအားဖြင့် ၂ သောင်းခန့်ရှိကြောင်း ၊ ရောဂါကြောင့် ဆေးရုံတက်ကုသမှုခံယူရသူ နေ့စဉ် ၁,၆၀၀ ခန့်တိုးမြင့်လာခဲ့ပြီး ကပ်ရောဂါအခြေအနေက စိုးရိမ်ဖွယ်ရာကောင်းလာကြောင်း ၊ COVID-19 ရောဂါထပ်မံကူးစက်ခံရသူများတွင် ဗီဇပြောင်း COVID-19 ရောဂါ ကူးစက်ခံရသူက ဇန်နဝါရီ ၈ ရက်တွင် ၃.၃ ရာခိုင်နှုန်းသာရှိခဲ့ပြီး လက်ရှိချိန်တွင် ၁၄ ရာခိုင်နှုန်းအထိ တိုးမြင့်လာခဲ့ကာ ဗီဇပြောင်း COVID-19 ရောဂါပိုးက ပြင်သစ်နိုင်ငံအတွက် အမှန်စင်စစ်သော ခြိမ်းခြောက်မှု ဖြစ်လာစေခဲ့ကြောင်း Jean Castex က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ထို့ပြင် ပြင်သစ်နိုင်ငံဝန်ကြီးချုပ်က လက်ရှိချိန်သည် ကပ်ရောဂါ ကာကွယ်ရေးဆောင်ရွက်မှုများ ဖြေလျှော့ပေးရမည့်အချိန်မဟုတ်ဘဲ ပြင်သစ်နိုင်ငံ ပြည်သူလူထုတစ်ရပ်လုံး စည်းလုံးညီညွတ်စွာ အတူတကွ ကပ်ရောဂါကို တိုက်ဖျက်ရမည်ဖြစ်ကြောင်း ၊ ပြင်သစ်နိုင်ငံအနေဖြင့် COVID-19 ရောဂါကာကွယ်ဆေး ထိုးနှံပေးသည့် လုပ်ငန်းအား တက်ကြွစွာဆောင်ရွက်နေပြီး ယခုအပတ်အတွင်း ဘိုးဘွားရိပ်သာများရှိ မိမိသဘောအလျောက် ကာကွယ်ဆေးထိုးနှံမှုခံယူလိုသည့် သက်ကြီးရွယ်အိုများကို ပထမအကြိမ်ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းအားပြီးစီးအောင် ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ၊ ကပ်ရောဂါအား ပိုမို ထိန်းချုပ်ကာကွယ်သွားနိုင်ရန်အတွက် ပြင်သစ်နိုင်ငံတစ်နိုင်ငံလုံးအတိုင်းအတာတွင် ဝန်ထမ်းများအား နေအိမ်မှတစ်ဆင့် လုပ်ငန်းတာဝန်ဆောင်ရွက်စေနိုင်သော လုပ်ငန်းကုမ္ပဏီများက မဖြစ်မနေ ဝန်ထမ်းများအား နေအိမ်မှ လုပ်ငန်းတာဝန်ဆောင်ရွက်နိုင်စေရန် စီစဉ်ပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံ အများပြည်သူကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၄ ရက် ထုတ်ပြန်ခဲ့သည့် ကြေညာချက်အရ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ပြင်သစ်နိုင်ငံ၌ COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၂၃,၄၄၈ ဦးရှိခဲ့ပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၃,၂၇၄,၆၀၈ ဦးအထိ ရောက်ရှိလာခဲ့ကာ COVID-19 ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၇၇,၉၅၂ ဦးရှိကြောင်း သိရှိရသည်။ (Xinhua)

——————————

(Chinese Version)
(国际疫情)法国总理:变异新冠病毒对法国构成“真正的威胁”
2021-02-05 07:50:35 分类: 政治法律
  新华社巴黎2月4日电(记者陈晨)法国总理卡斯泰4日表示,变异新冠病毒对法国构成“真正的威胁”,目前还不是放松防疫措施的时候。
  卡斯泰当天在新闻发布会上说,目前法国日均新增确诊病例2万例、新增住院病例1600例,疫情形势仍令人担忧。在新增确诊病例中,变异新冠病毒感染病例的占比从1月8日的3.3%上升到目前的14%,变异新冠病毒对法国构成“真正的威胁”。
  卡斯泰说,目前还不是放松防疫措施的时候,所有法国人都应团结起来共同抗击疫情。法国正在积极开展新冠疫苗接种工作,失能老人养老院自愿接种疫苗的老人将于本周末前完成第一剂疫苗接种。
  他表示,为进一步防控疫情,全国各地可实现远程办公的企业必须安排员工远程工作。
  法国公共卫生部门4日公布的数据显示,过去24小时该国新增新冠确诊病例23448例,累计确诊3274608例,累计死亡77952例。(完)

Photo
1月27日,一名男子走过法国巴黎埃菲尔铁塔附近的特罗卡德罗广场。新华社记者 高静 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.