Connect with us

WORLD

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသော COVID-19 ကာကွယ်ဆေးများ လာအိုနိုင်ငံသို့ရောက်ရှိ

တရုတ်နိုင်ငံမှ လှူဒါန်းသောကာကွယ်ဆေးများ လာအိုနိုင်ငံ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက်အစောပိုင်းတွင် ရောက်ရှိလာစဉ်(ဆင်ဟွာ)

ဗီယင်ကျန်း၊ဖေဖော်ဝါရီ၈ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

တရုတ်နိုင်ငံမှ ပေးအပ်လှူဒါန်းသော Sinopharm COVID-19 ကာကွယ်ဆေးများ ပထမအသုတ်သည် လာအိုနိုင်ငံ ဗီယင်ကျန်းမြို့တော်သို့ ယနေ့ ဖေဖော်ဝါရီ ၈ ရက် နံနက်အစောပိုင်းတွင် ရောက်ရှိလာခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံထုတ် ကာကွယ်ဆေးများကို တင်ဆောင်လာသော YTO ကုန်တင်လေယာဉ်သည် ဗီယင်ကျန်းမြို့တော် Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒေသစံတော်ချိန် နံနက် ၁ နာရီတွင် ဆိုက်ရောက်လာခဲ့ခြင်းဖြစ်သည်။

တရုတ်နိုင်ငံမှ လှူဒါန်းသောကာကွယ်ဆေးများ လာအိုနိုင်ငံ Wattay အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယနေ့နံနက်အစောပိုင်းတွင် ရောက်ရှိလာစဉ်(ဆင်ဟွာ) 

လာအိုနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Bounkong Syhavong နှင့် လာအိုနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီး Jiang Zaidong တို့ က အဆိုပါ ကာကွယ်ဆေးများကို လေဆိပ်တွင် လက်ခံရယူခဲ့ကြောင်း သိရသည်။ (Xinhua)

———————————
(English Version)
China-donated Sinopharm COVID-19 vaccines arrive in Laos
VIENTIANE, Feb. 8 (Xinhua) — A batch of China-donated Sinopharm COVID-19 vaccines arrived in the Lao capital Vientiane early on Monday.
A YTO Express cargo plane carrying the Chinese-made vaccines arrived at Wattay International Airport at around 1:00 a.m. local time.
Lao Minister of Health Bounkong Syhavong and Chinese Ambassador to Laos Jiang Zaidong received the vaccines at the airport. Enditem

Photo caption – Workers unload China-donated vaccines at Wattay International Airport in Vientiane, Laos, on Feb. 8, 2021.