Connect with us

WORLD

အရှေ့အလယ်ပိုင်းနိုင်ငံများတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ တွန်းအားပေးဆောင်ရွက်လျက်ရှိ

အစ္စရေးနိုင်ငံအလယ်ပိုင်း တယ်လ်အာဗီရာဖိုမြို့ ကျန်းမာရေးဝန်ဆောင်မှု စင်တာတစ်ခုတွင် ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ရမော်လာ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး
 

ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှုကို ထိရောက်စွာ တားဆီးနိုင်ရန်အတွက် အရှေ့အလယ်ပိုင်း နိုင်ငံများတွင် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိအချိန်အထိ အစ္စရေးနိုင်ငံ၏ ကာကွယ်ဆေးထိုးနှံထားသူ လူဦးရေသည် ကမ္ဘာတွင် အများဆုံး ဖြစ်သည်။
 

အစ္စရေးကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၆ ရက် ပြောကြားချက်များအရ လက်ရှိ ၎င်းနိုင်ငံတွင် လူပေါင်း (၃.၄၁) သန်း နိုင်ငံတစ်ဝန်းလူဦးရေ၏ (၃၆.၇)ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည်။ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာ ၂၇ ရက်မှစ၍ အစ္စရေးတွင် တစ်နိုင်ငံလုံးအတိုင်းအတာ တတိယအကြိမ်မြောက် ချမှတ်ခဲ့လော့ခ်ဒေါင်းအစီအမံများသည် ဖေဖော်ဝါရီ ၇ ရက်တွင် အဆုံးသတ်မည်ဖြစ်ရာ အသွားအလာကန့်သတ်မှုကို ဖျက်သိမ်း၍ ဥယျာဉ်၊လုပ်ငန်းနေရာအချို့ကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း အစ္စရေးအစိုးရ ပြန်ကြားရေးရုံး၏ ဖေဖော်ဝါရီ ၅ ရက် ထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးနိုင်ငံအလယ်ပိုင်း တယ်လ်အာဗီရာဖိုမြို့ ကျန်းမာရေးဝန်ဆောင်မှု စင်တာတစ်ခုတွင် ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
 

အစ္စရေးနိုင်ငံအလယ်ပိုင်း တယ်လ်အာဗီရာဖိုမြို့ ကျန်းမာရေးဝန်ဆောင်မှု စင်တာတစ်ခုတွင် ကာကွယ်ဆေးထိုးနှံမှုများ ပြုလုပ်နေသည်ကို ဇန်နဝါရီ ၂၃ ရက်က တွေ့ရစဉ်(ဆင်ဟွာ)
 
 လက်ဘနွန်နိုင်ငံတွင် ယခုလလယ်ပိုင်း၌ Pfizerကာကွယ်ဆေးများရောက်ရှိမည်ဖြစ်ရာ ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်ဖြစ်သည်။ ရုရှားနိုင်ငံထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးကို လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်သုံးပြုခွင့်ပေးထားကြောင်း သိရသည်။ လက်ဘနွန်၏ (၂၅)ရက်ကြာ ဘက်စုံပိတ်စို့တားဆီးမှုအစီအမံများသည် ဖေဖော်ဝါရီ ၇ ရက်တွင် ပြီးဆုံးပြီဖြစ်ရာ ၈ ရက်နေ့မှစ၍ အဆင့်(၄)ဆင့်ခွဲကာ ရောဂါကာကွယ်ထိန်းချုပ်ရေးနည်လမ်းများကို ဖြေလျော့ပေးမည်ဖြစ်သည်။ ပထမအဆင့်တွင် စူပါမာကက်၊ ဘဏ်နှင့် စက်ရုံအချို့ကို ပြန်လည်လည်ပတ်ခွင့်ပြုဖြစ်ကြောင်း သိရသည်။ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန၏ ဖေဖော်ဝါရီ ၆ ရက် သတင်းများအရ ကိုဗစ်အသစ်ထပ်တိုးအတည်ပြုလူနာ (၂,၄၉၆)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၃၁၇,၈၃၆)ဦး၊ အသစ်ထပ်တိုးသေဆုံးသူ (၆၇)ဦးနှင့် စုစုပေါင်းသေဆုံးသူ (၃,၅၆၂)ဦး ရှိကြောင်း သိရသည်။
 
အီရန်နိုင်ငံတွင် ပြည်ပမှာ ဝယ်ယူထားသည့် ပထမအသုတ် ကာကွယ်ဆေးများ ရောက်ရှိပြီဖြစ်ရာ ဖေဖော်ဝါရီ ၁၀ ရက်မတိုင်မီ ရှေ့တန်းဆေးဝန်ထမ်းများကို ပထမဆုံး ထိုးနှံပေးရန် စီစဉ်ပေးမည်ဖြစ်ကြောင်း အီရန် သမ္မတ ရိုဟာနီက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ နောက်ကာကွယ်ဆေးများကို ဖေဖော်ဝါရီလမှ မတ်လအတွင်း ရောက်ရှိ ရှိနိုင်ကြောင်း သိရသည်။ အီရန်တွင် ယင်းနေ့က ကိုဗစ်ထပ်တိုးအတည်ပြုလူနာ (၆,၉၈၃)ဦး နှင့် စုစုပေါင်းတည်ပြုလူနာ (၁,၄၅၉,၃၇၀)ဦး ၊ အသစ်ထပ်တိုး သေဆုံးသူ (၇၆)ဦးနှင့် စုစုပေါင်း သေဆုံးလူနာ (၅၈,၄၁၂)ဦး ရှိကြောင်းသိရသည်။  
 
ပါလက်စတိုင်းတွင် လက်ရှိ ကိုဗစ်ကပ်ရောဂါပြန့်ပွားမှု လျော့နည်းလာသလို သေဆုံးလူနာ အရေအတွက် ရက်ဆက် ကျဆင်းလျက်ရှိကြောင်း ပါလက်စတိုင်းကျန်းမာရေးဝန်ကြီး Mai Kilehက ဖေဖော်ဝါရီ ၆ ရက်တွင် ပြောကြားခဲ့သည်။ အသစ်ထပ်တိုး အတည်ပြုလူနာ ဦးရေ ရက်(၃၀)ဆက်တိုက် (၁,၀၀၀)အောက်တွင် ရှိနေပြီး ကိုဗစ်လူနာ သက်သာပျောက်ကင်းမှုနှုန်းတစ်ဆင့်မြင့်လာရာ လက်ရှိ (၉၄) ရာခိုင်နှုန်း ရှိကြောင်း သိရသည်။ ကပ်ရောဂါပြန့်ပွားမှုနည်းပါးလာခြင်းကြောင့် အစိုးရအနေဖြင့် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ယခုကာလများတွင် ဖြေလျော့နိုင်ကြောင်း သိရသည်။ ယခုလ ၂ ရက် မှစ၍ ပါလက်စတိုင်းတွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံမှုများ စတင်ခဲ့ရာ ရှေ့တန်း ဆေးဝန်ထမ်းများ အထူးသဖြင့် အထူးကြပ်မတ်ကုသဆောင်မှ ဆေးဝန်ထမ်းများကို ပထမသုတ်အနေဖြင့် ကာကွယ်ဆေး ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး အသက်(၆၀)နှင့်အထက်ရှိသူနှင့် ရောဂါအခံ ရှိသူစသည့်တို့ကို ဒုတိယအသုတ်အနေဖြင့် ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြောင်း သိရသည်။ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာန၏ ယင်းနေ့တွင် ထုတ်ပြန်ချက်များအရ အသစ်ထပ်တိုး အတည်ပြုလူနာ (၄၇၀)ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ (၁၈၂,၅၄၁)ဦး ၊ အသစ်ထပ်တိုးသေဆုံးသူ (၃)ဦးနှင့် စုစုပေါင်းသေဆုံးသူ (၂,၀၅၈)ဦး ရှိကြောင်း သိရသည်။
 
ကူဝိတ်တွင် ကာကွယ်ဆေး ထိုးနှံမှုများကို တစ်ဆင့်တိုး တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ တစ်နိုင်ငံလုံး ပြည်နယ် (၅)ခုရှိ ကျန်းမာရေးဌာန (၁၅)ခုကို ကာကွယ်ထိုးနှံရေးစင်တာအဖြစ် သတ်မှတ်ထားရာ ၎င်းတို့အနက် ကျန်းမာရေးဌာန (၂)ခုတွင် ဖေဖော်ဝါရီ ၇ ရက်မှစ၍ ကာကွယ်ဆေး ထိုးနှံမှုများဆောင်ရွက်မည်ကြောင်း ကူဝိတ်ကျန်းမာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၆ ရက်တွင် ဖော်ပြခဲ့သည်။ ကူဝိတ်တွင် ယင်းနေ့က အသစ်ထပ်တိုးအတည်ပြုလူနာ (၈၄၆)ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ(၁၇၀,၀၃၆)ဦး ရှိကြောင်း သိရသည်။ (Xinhua)

——————————
Chinese Version)
(国际疫情)综合消息:中东多国积极推进新冠疫苗接种
2021-02-07 10:54:34
  新华社拉姆安拉2月6日电综合新华社驻中东地区记者报道:为有效阻止新冠疫情蔓延,中东多国正积极推进疫苗接种工作。截至目前,以色列新冠疫苗接种人口比例全球最高。
 以色列卫生部6日表示,目前该国已对累计逾341万人进行了疫苗接种,占全国总人口的36.7%。根据以色列政府新闻办公室5日发布的声明,该国自去年12月27日开始实行的第三次全国范围“封城”将于7日到期, 届时该国将取消对民众的行动距离限制,开放国家公园和部分工作场所等。以色列卫生部6日报告新增确诊病例4468例,累计确诊685324例;新增死亡病例37例,累计死亡5057例。
 黎巴嫩将在本月中旬辉瑞疫苗到货后,开展疫苗接种工作。该国卫生部已授权紧急使用俄罗斯“卫星V”新冠疫苗。黎巴嫩长达25天的全面封锁和戒严将于7日结束。黎政府将从8日起分四个阶段逐步放松管控措施。第一阶段允许超市、银行以及一些工厂恢复运营。黎卫生部6日报告新增确诊病例2496例,累计确诊317836例;新增死亡病例67例,累计死亡3562例。
  伊朗总统鲁哈尼6日表示,采购的首批国外疫苗已运抵伊朗,10日前将首先安排一线医务人员接种,随后是老年人和患有基础疾病的群体。后续疫苗将在2月至3月间运抵。伊朗卫生部当天报告新增确诊病例6983例,累计确诊1459370例;新增死亡病例76例,累计死亡58412例。
巴勒斯坦卫生部长马伊•凯拉6日表示,目前该国新冠疫情持续趋缓,新增死亡病例数连日下降。与此同时,新增确诊病例数连续30天在1000例以下。新冠患者治愈率进一步提高,目前已达94%。随着疫情趋缓,政府近期可能考虑放松管控措施。从本月2日起,巴勒斯坦开始新冠疫苗接种,首批接种对象是一线医务人员,尤其是在重症监护室工作的医务人员。第二批接种对象是60岁以上老人、慢性病患者等。巴卫生部当天报告新增确诊病例470例,累计确诊182541例;新增死亡病例3例,累计死亡2058例。
  科威特卫生部6日发表声明说,为进一步推动疫苗接种工作,卫生部在全国5个省份共指定15家医疗机构作为疫苗接种中心,其中两家将于7日开始疫苗接种。科威特6日报告新增确诊病例846例,累计确诊170036例。(执笔记者:熊思浩;参与记者:尚昊、刘宗亚、夏晨、王薇、郑思远、王峰、苏小坡、陈斌杰、冀泽、张淼、涂一帆、杨元勇、李碧念、黄灵、潘晓菁、马意翀、王尚)(完)

图说: 1月23日,在以色列中部城市特拉维夫的一处卫生服务站内,一名女孩接种新冠疫苗。