Connect with us

WORLD

တရုတ်နိုင်ငံမှ လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ဆေးက ဇင်ဘာဘွေနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအောင်မြင်ရန်အတွက် မျှော်လင့်ချက်ရရှိစေခဲ့ကြောင်း ဇင်ဘာဘွေ သမ္မတ ပြောကြား

ဇင်ဘာဘွေနိုင်ငံသမ္မတ Emmerson Mnangagwa က ဖေဖော်ဝါရီ ၁၂ ရက်၌ သမ္မတ အိမ်တော်တွင် ဆင်ဟွာ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားနေစဉ် (ဆင်ဟွာ)

ဟာရာရီ ၊ ဖေဖော်ဝါရီ ၁၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

တရုတ်နိုင်ငံအစိုးရ လှူဒါန်းပေးသည့် COVID-19 ရောဂါကာကွယ်ဆေးက ဇင်ဘာဘွေနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးအောင်မြင်မှု ရရှိစေရန်အတွက် မျှော်လင့်ချက်ရရှိစေခဲ့သဖြင့် ဇင်ဘာဘွေနိုင်ငံအစိုးရ နှင့် ပြည်သူလူထုတို့က အဆိုပါကောင်းမွန်သည့်ဆောင်ရွက်မှုကို ကျေးဇူးတင်ကြောင်း ဇင်ဘာဘွေ သမ္မတ Emmerson Mnangagwa က ဖေဖော်ဝါရီ ၁၂ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နိုင်ငံမှ ဇင်ဘာဘွေနိုင်ငံအား လှူဒါန်းပေးသည့် COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ နှစ်သိန်းက ဖေဖော်ဝါရီ ၁၅ ရက်တွင် ဇင်ဘာဘွေနိုင်ငံသို့ရောက်ရှိမည်ဖြစ်သည်။ ဇင်ဘာဘွေနိုင်ငံ သမ္မတက ဖေဖော်ဝါရီ ၁၂ ရက်၌ သမ္မတအိမ်တော်တွင် ဆင်ဟွာ၏ တွေ့ဆုံမေးမြန်းမှုအား ဖြေကြားခဲ့ရာတွင် တရုတ်နိုင်ငံမှ လှူဒါန်းပေးမည့် ယခုအသုတ် ကာကွယ်ဆေးက ကပ်ရောဂါတိုက်ဖျက်ရေးဆောင်ရွက်နေသော ဇင်ဘာဘွေနိုင်ငံအစိုးရ နှင့် ပြည်သူလူထုအတွက် မျှော်လင့်ချက် ရရှိစေမည်ဖြစ်ကြောင်း ၊ တရုတ်နိုင်ငံ၏ ကောင်းမွန်သော ဆောင်ရွက်မှုက လူ့အသက်အားကယ်တင်ပေးသော မျှော်လင့်ချက်ရောင်ခြည် သကဲ့သို့ဖြစ်သောကြောင့် ဇင်ဘာဘွေနိုင်ငံ အစိုးရ နှင့် ပြည်သူလူထုတို့က နက်ရှိုင်းစွာ ကျေးဇူးတင်လိုကြောင်း ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံသမ္မတ Emmerson Mnangagwa က ယခုအသုတ်သော တရုတ်နိုင်ငံမှ လှူဒါန်းပေးသည့် ကာကွယ်ဆေးက လူပေါင်း တစ်သိန်းကို ကာကွယ်ဆေးထိုးနှံပေးနိုင်မည်ဖြစ်ပြီး လူတစ်ဦးလျှင် ကာကွယ်ဆေး နှစ်ချောင်း ထိုးနှံမှုခံယူရန်လိုအပ်ကြောင်း ၊ ဇင်ဘာဘွေနိုင်ငံအစိုးရ အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာရှိ ရှေ့တန်းတွင် တာဝန်ထမ်းဆောင်နေသော ဆေးဘက်ဆိုင်ရာ ဝန်ထမ်း သုံးသောင်းဦးခန့်ကို ကာကွယ်ဆေးဦးစားပေးထိုးနှံပေးရန် စီစဉ်ထားပြီး ကျန်ရှိသော ကာကွယ်ဆေးများကို သက်ကြီးရွယ်အို နှင့် အခြေခံရောဂါ ရရှိထားသော ထိခိုက်လွယ်သူ များကို ထိုးနှံပေးသွားရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် Emmerson Mnangagwa က တရုတ်နိုင်ငံသည် ဇင်ဘာဘွေနိုင်ငံ ထံသို့ ပထမဦးဆုံးသော ကာကွယ်ဆေးလှူဒါန်းပေးခဲ့သည့် နိုင်ငံဖြစ်သောကြောင့် နှစ်နိုင်ငံအကြား ခိုင်မြဲပြီး ဖျက်ဆီး၍ မရသော ချစ်ကြည်ရေးကို ပေါ်လွင်စေခဲ့ကြောင်း ၊ ကာလတစ်လျှောက် ဇင်ဘာဘွေ နှင့် တရုတ် နှစ်နိုင်ငံတို့က နိုင်ငံရေး ၊ စီးပွားရေး နှင့် ယဉ်ကျေးမှု စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများ အဆက်မပြတ် နက်ရှိုင်းအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း ၊ နှစ်နိုင်ငံ အနာဂတ် ပူးပေါင်းဆောင်ရွက်မှုက ကျယ်ပြန့်သည့် အလားအလာတည်ရှိနေပြီး နှစ်နိုင်ငံအနေဖြင့် အခြေခံအဆောက်အအုံ တည်ဆောက်ရေး ၊ စိုက်ပျိုးရေး ၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ၊ ကျန်းမာရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ဆောင်ရွက်သွားလိုကာ တရုတ်နိုင်ငံ လုပ်ငန်းကုမ္ပဏီ နှင့် လူပုဂ္ဂိုလ်များ ဇင်ဘာဘွေနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလာရောက်ပြုလုပ်ရန် ဖိတ်ခေါ်ကြောင်း ပြောကြားခဲ့သည်။

ဇင်ဘာဘွေနိုင်ငံအနေဖြင့် လက်ရှိချိန်တွင် COVID-19 ရောဂါ ဒုတိယလှိုင်း၏ ခြိမ်းခြောက်မှု ကို ဆိုးရွားစွာရင်ဆိုင်နေရကြောင်း ၊ ဖေဖော်ဝါရီ ၁၁ ရက်အချိန်ထိ ဇင်ဘာဘွေနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၃၄,၉၄၉ ဦးရှိခဲ့ပြီး COVID-19 ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁,၃၈၂ ဦးရှိခဲ့ကာ ရောဂါမှ ပြန်လည်သက်သာလာသူ ၂၉,၆၃၀ ဦးရှိကြောင်း ၊ ဇင်ဘာဘွေနိုင်ငံအစိုးရ အနေဖြင့် ကပ်ရောဂါအား ရင်ဆိုင်နိုင်ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို စုဆောင်းခဲ့ပြီး COVID-19 ရောဂါ ကာကွယ်ဆေးဝယ်ယူရန် စီစဉ်ထားကာ နိုင်ငံအတွင်းရှိ လူပေါင်း ၆၀ ရာခိုင်နှုန်းကို အခမဲ့ကာကွယ်ဆေးထောက်ပံ့ပေးသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။ (Xinhua)

——————————
Chinese Version)
(国际)津巴布韦总统:中国捐赠新冠疫苗为津战胜疫情带来希望
2021-02-13 04:00:31 分类: 政治法律
  新华社哈拉雷2月12日电(记者张玉亮)津巴布韦总统姆南加古瓦12日表示,中国政府向津巴布韦捐赠新冠疫苗,为津战胜疫情带来了希望,津政府和人民感谢这一善举。
  中国向津巴布韦捐赠的20万剂新冠疫苗将于15日抵津。姆南加古瓦12日在首都哈拉雷的总统府接受新华社记者采访时表示,这批疫苗给正在进行抗疫斗争的津巴布韦政府和人民带来希望,犹如“隧道尽头的光芒”,津政府和人民对这一拯救生命的善举深表感谢。
  姆南加古瓦说,这批疫苗可满足10万人、每人2剂的接种需求。津政府计划优先为全国近3万名一线医护人员接种,其余疫苗将用于为老年人和有基础疾病的高危人群接种。
  姆南加古瓦表示,中国是首个向津巴布韦捐赠疫苗的国家,这体现了两国牢不可破的友谊。在津巴布韦人民为争取独立而斗争的年代,中国政府和人民就慷慨地提供了大量无私的帮助。多年来,津中两国在政治、经贸、文化等领域合作不断深化。两国未来合作前景非常广阔,希望两国加强在基础设施建设、农业、矿业、医疗卫生等领域的合作力度,欢迎中国企业和个人来津投资兴业。
  在中国牛年春节到来之际,姆南加古瓦向全体中国人民拜年。他祝愿包括津中两国人民在内的全球各国人民在牛年身体健康、幸福快乐。
  津巴布韦正面临第二波新冠疫情的严重威胁。截至2月11日,该国累计新冠确诊病例34949例,其中死亡病例1382例,治愈病例29630例。为应对疫情,津政府已筹集1亿美元资金,用于采购新冠疫苗,计划为全国60%的人口提供免费接种。(完)

Photo
2月12日,津巴布韦总统姆南加古瓦在首都哈拉雷的总统府接受新华社记者采访。新华社记者张玉亮摄