ခီဂါလီ ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ၏ ဖေဖော်ဝါရီ ၁ ရက် ထုတ်ပြန်ချက်အရ COVID-19 ရောဂါဆိုင်ရာစာရင်းပြုစုချက်တွင် အာဖရိကတိုက်၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၃,၅၇၀,၆၅၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၉၁,၀၅၇ ဦးရှိကြောင်း ၊...
လန်ဒန်၊ ဖေဖော်ဝါရီ ၃ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ကိုဗစ်ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ပေါင်ငွေ သန်းပေါင်းများစွာ ရန်ပုံငွေ ရှာပေးခဲ့သည့် ဗြိတိန်အသက်ရာကျော် စစ်ပြန်အဖိုးအို တွမ်မိုးရ် (Tom Moore)သည် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကြောင့် ဆေးရုံတက်ပြီး(၂)ရက်အကြာ ဖေဖော်ဝါရီ ၂ ရက်တွင် ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ရောမ၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အီတလီနိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားမှု တိုးတက်လာကြောင်း ရောဂါကူးစက်ပျံ့နှံမှုဆိုင်ရာနောက်ဆုံးရ ပုံရိပ်များ ပြသခဲ့ပြီးနောက် ဒေသ ၂၀ အနက် အများစု၌ ဖေဖော်ဝါရီ ၁ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကန့်သတ်ချက်များ လျှော့ချခဲ့ကြောင်း သိရသည်။
လန်ဒန်၊ ဖေဖော်ဝါရီ ၂ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ဇန်နဝါရီ ၃၁ ရက်အထိ ဗြိတိန်တွင် ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးသူ (၉,၂၉၆,၃၆၇)ဦး ရှိရာ ၎င်းတို့အနက် (၄၉၄,၂၀၉)ဦးသည် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း ဗြိတိန်အစိုးရ၏ ဖေဖော်ဝါရီ ၁ ရက်ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။
ဂျာကာတာ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့ရှိ ကျန်းမာရေးဝန်ထမ်းများသည် အဓိကဦးစားပေးအုပ်စုများအဖြစ် လူထု ကာကွယ်ဆေးထိုးအစီအစဉ်အတွင်း ဇန်နဝါရီ ၂၈ ရက်က တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။
မက်ဒရစ်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး နိုင်ငံတကာခရီးသည်လာရောက်မှုကို ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့စေခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်သော ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ (UNWTO) ၏ နှစ်စဉ်သတင်းထုတ်ပြန်ချက်အရ...
ဆန်ဒီယာဂို ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးတရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၂ သန်းခန့် က ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းအချိန်တွင် ချီလီနိုင်ငံမြို့တော် ဆန်ဒီယာဂို သို့ရောက်ရှိခဲ့ပြီး ချီလီနိုင်ငံ...
ဘရာဇီးလီယာ ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုးဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သော COVID-19 ကပ်ရောဂါ ဆိုင်ရာစာရင်းပြုစုချက်အရ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး COVID-19 ထပ်မံကူးစက်ခံရသူ...
ရာဘတ်၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် မော်ရိုကိုနိုင်ငံ ဘုရင် Mohammed VI သည် ဇန်နဝါရီ ၂၈ ရက်တွင် ပထမဆုံး ကာကွယ်ဆေးထိုးနှံခြင်း ခံယူခဲ့ပြီး နိုင်ငံတစ်ဝန်း နေရာပေါင်း ၃,၀၀၀ ၌ ကာကွယ်ဆေးထိုးနှံခြင်းလှုံ့ဆော်မှုကို စတင်ခဲ့ကြောင်း MAP...
ဂျကာတာ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၀ ပြည့်နှစ် မတ်လမှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်အထိ ကျန်းမာရေးဝန်ထမ်း ၆၄၇ ဦးထက်မနည်း COVID-19 ရောဂါကြောင့် သေဆုံးခဲ့ကြောင်း အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာအသင်းက ဇန်နဝါရီ ၂၈...