Connect with us

WORLD

ဥရောပက တရုတ် နှင့် ရုရှား ထုတ် COVID-19 ကာကွယ်ဆေးများ အသုံးပြုရန် ဖွင့်လှစ်ပေး

ဥရောပကော်မရှင်ဥက္ကဌ Ursula von der Leyen အားတွေ့ရစဉ်(ဆင်ဟွာ)

ဘရက်ဆဲလ်၊ ဖေဖော်ဝါရီ ၄ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ်

ဥရောပသမဂ္ဂ(အီးယူ)က တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံ တို့မှ ထုတ်လုပ်သော COVID-19 ကာကွယ်ဆေးများ အသုံးပြုရန် ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ ၃ ရက်က ထုတ်လွှင့်သည့် AFP သတင်းတစ်ပုဒ်အရ သိရသည်။

ယင်းသတင်းဖော်ပြချက်အရ ဥရောပကောင်မရှင်ဥက္ကဌ Ursula von der Leyen က ဖေဖော်ဝါရီ ၂ ရက်တွင် (EU) အီးယူလွှတ်တော်အမတ်များနှင့်ပြုလုပ်သော အစည်းအဝေးတစ်ခု၌ တရုတ်နိုင်ငံ နှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ဆေးထုတ် ထုတ်လုပ်သူများအနေဖြင့် ” သူတို့ရဲ့စာအုပ်ကိုဖွင့်ပြမယ်။ အချက်အလက်အားလုံးကို ထုတ်ဖော်ပြသမယ်ဆိုရင် အခြားနိုင်ငံတွေလိုပဲ ဈေးကွက်အခြေအနေအရ ခွင့်ပြုချက် ရရှိကြမှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက်အရ EU ၏ COVID-19 ကာကွယ်ဆေးအမှာစာထဲတွင် ကြိုတင်သဘောတူထားသည့်အချက်တစ်ခုမှာ ၎င်းတို့အနေဖြင့် အဖွဲ့ဝင်နိုင်ငံများအတွင်း ထုတ်လုပ်နိုင်ခြင်းရှိရမည်ဆိုသည့်အချက် ပါဝင်ကြောင်း အေအက်ပီသတင်းတွင် ဖော်ပြထားသည်။

လက်ရှိတွင် အီးယူက ခွင့်ပြုထားသော ကာကွယ်ဆေးများမှာ အမေရိကန်-ဂျာမနီ ပူးပေါင်းတီထွင်ထုတ်လုပ်သည့် Pfizer-BioNTech ၊ ဗြိတိန်-ဆွီဒင် နှစ်နိုင်ပူးတွဲထုတ်လုပ်သော AstraZeneca နှင့် အမေရိကန်နိုင်ငံမှ ထုတ်လုပ်သော Moderna ကာကွယ်ဆေးတို့ဖြစ်ကြောင်း သိရသည်။

ယခုအခါ ဥရောပသည် AstraZeneca နှင့် Pfizer-BioNTech အပါအဝင် ကာကွယ်ဆေးများ ရရှိမှုအနေအထားသည် မျှော်မှန်းထားသည်ထက် လျော့နည်းလျက်ရှိရာ အများပြည်သူတို့၏ ဝေဖန်မှု နှင့်ကြုံတွေ့နေရသည်။ ယင်းဒေသအတွင်းရှိ နိုင်ငံများစွာသည် ဆေးဝါးမလုံလောက်မှုကြောင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးထိုးရန် ဆိုင်းငံ့ထားရခြင်း သို့မဟုတ် ရပ်ဆိုင်းထားရခြင်းပင် လုပ်ထားရကြောင်း သိရသည်။ (Xinhua)

…………………………………………
(English Version)
EU open to Chinese, Russian COVID-19 vaccines: media
BRUSSELS, Feb. 4 (Xinhua) — The European Union (EU) is open to use COVID-19 vaccines from China and Russia, reported the Agence France-Presse (AFP) on Wednesday.
According to the report, European Commission President Ursula von der Leyen told EU lawmakers during a meeting on Tuesday that vaccine producers from China and Russia “could get … a conditional market authorization like the other ones” when they “open their books” and “show all the data.”
Meanwhile, a commission spokesperson said one prerequisite for the EU’s order for COVID-19 vaccines is that they can be produced inside the bloc, the AFP reported.
The vaccines approved so far by the EU are from U.S.-Germany joint venture Pfizer-BioNTech, British-Swedish multinational AstraZeneca, and Moderna from the United States.
Europe is now facing a vaccine shortage as pharmacies including AstraZeneca and Pfizer-BioNTech are supplying vaccines less than anticipated, drawing public criticism .
Many countries in the region have already delayed or even halted their coronavirus immunizations due to the shortage. Enditem

Photo caption-uropean Commission President Ursula von der Leyen(Xinhua)