Connect with us

WORLD

ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၉ သန်းကျော် အထိ ရောက်ရှိလာ

ဘရာဇီးနိုင်ငံ Amazonas ပြည်နယ်တွင် ဇန်နဝါရီ ၁၉ ရက်၌ ဆေးဘက်ဆိုင်ရာဝန်ထမ်း မှ COVID-19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေသည်ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

ဘရာဇီးလီယာ ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်ခဲ့သော COVID-19 ကပ်ရောဂါ ဆိုင်ရာစာရင်းပြုစုချက်အရ ဘရာဇီးနိုင်ငံတွင် COVID-19 ရောဂါ ကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော် အထိ ရောက်ရှိလာခဲ့ပြီး COVID-19 ထပ်မံကူးစက်ခံရသူ ၁ သန်း တိုးမြင့်လာသည့် ကြာချိန်မှာ အချိန် ၂၀ ရက်သာ ကြာမြင့်ခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ ဇန်နဝါရီ ၂၈ ရက် ဒေသစံတော်ချိန် ၁၉ နာရီ ၁၀ မိနစ် အချိန်ထိ ဘရာဇီနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၆၁,၈၁၁ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၉,၀၅၈,၆၈၇ ဦး အထိရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးခဲ့ရသူ ၁,၃၈၆ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးခဲ့ရသူ စုစုပေါင်း ၂၂၁,၅၄၇ ဦးအထိ ရောက်ရှိလာခဲ့ကာ COVID-19 ရောဂါ မှ ပြန်လည်သက်သာလာသူ ၇,၉၂၃,၇၃၉ ရှိကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံ တွင် ကပ်ရောဂါ ကူးစက်မှုအခြေအနေ က ယခင်နှစ် နိုဝင်ဘာလ မှ စတင်၍ လွန်စွာ မြင့်တက်လာခဲ့ပြီး COVID-19 ရောဂါ ကူးစက်ခံရသူ စုစုပေါင်း ၅ သန်း မှ စတင်၍ ကူးစက်ခံရသူ ၁ သန်း တိုးမြင့်သည့် အချိန်ကာလ က အဆက်မပြတ် လျှော့နည်းလာခဲ့ကြောင်း ၊ နောက်ဆုံး ကူးစက်ခံရသူ တစ်သန်း တိုးမြင့်လာသည့် အချိန်ကာလ မှာ အချိန် ရက် ၂၀ သာ ကြာမြင့်ခဲ့ပြီး ဘရာဇီးနိုင်ငံတွင် ယခင်နှစ် ဖေဖော်ဝါရီလ၌ ကပ်ရောဂါ စတင်ဖြစ်ပွားချိန်မှစ၍ အချိန်ကာလ အတိုတောင်းဆုံးသော တစ်ကြိမ်ဖြစ်ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံတွင် ကပ်ရောဂါ အဆိုးရွားဆုံးဖြစ်ပွားနေသောပြည်နယ် မှာ ဆော်ပေါ်လိုပြည်နယ် ဖြစ်ပြီး ကူးစက်ခံရသူစုစုပေါင်း ၁.၇၄သန်းကျော်ရှိကြောင်း ၊ ယင်းပြည်နယ်တွင် ဇန်နဝါရီ ၂၆ ရက်၌ ယခင် Amazonas ပြည်နယ်တွင် တွေ့ရှိခဲ့သော ဗီဇပြောင်းလဲ COVID-19 ရောဂါ ကူးစက်ခံရသူ ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ဘရာဇီးနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန က ယင်းဗီဇပြောင်း COVID-19 ရောဂါပိုး အမျိုးအစား အား P.1 ဟု အမည်ပေးခဲ့ပြီး ယင်းအမျိုးအစား ရောဂါပိုးက ကူးစက်မှု ပိုမိုမြင့်မားနိုင်ကြောင်း ၊ ဘရာဇီးနိုင်ငံအနေဖြင့် ရောဂါပိုး နမူနာအား ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် သို့ ဆက်လက်၍ သုတေသနပြုလုပ်ရန် ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ဘရာဇီးနိုင်ငံတွင် ယခုလ ၁၈ ရက်မှစတင်၍ တစ်နိုင်ငံလုံးအတိုင်းအတာတွင် COVID-19 ကာကွယ်ဆေးထိုးနှံပေးသည့် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဘရာဇီးနိုင်ငံ သတင်းမီဒီယာ၏ ဖော်ပြချက်အရ ဘရာဇီးနိုင်ငံတွင် လူပေါင်း ၁.၅ သန်းကျော် COVID-19 ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း သိရှိရသည်။ (Xinhua)
—————————
(Chinese Version)
(国际疫情)巴西新冠确诊病例数累计超900万
2021-01-29 11:03:47 分类: 医药卫生
  新华社巴西利亚1月28日电(记者周星竹)巴西卫生部28日发布的新冠疫情数据显示,该国累计确诊病例数已超过900万。巴西这次新增100万病例仅用时20天。
  截至当地时间28日19时10分,巴西24小时内新增确诊病例61811例,累计确诊9058687例;新增死亡病例1386例,累计死亡221547例;累计治愈7923794例。
  巴西疫情去年11月开始大幅反弹。从累计500万确诊病例起,每增加100万病例用时不断缩短。最新增加100万病例用时20天,为去年2月巴西暴发疫情以来用时最短的一次。
  在疫情最严重的圣保罗州,累计确诊病例数超过174万。该州26日有人确诊感染了先前在亚马孙州发现的新型变异新冠病毒。巴西卫生部表示,这种代号P.1的变异病毒传染性可能更强,病毒样本已送往英国牛津大学供进一步研究。
巴西本月18日开始全国范围的新冠疫苗接种。据巴西媒体统计,截至目前,已有150多万巴西人接种了新冠疫苗。(完)

Photo
2021年1月19日,在巴西亚马孙州塔巴廷加市,医护人员为一名原住民接种中国新冠疫苗。新华社发(卢西奥•塔沃拉 摄)