Connect with us

WORLD

တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး အခုရေ ၂ သန်းခန့် က ပထမအသုတ် အနေဖြစ် ချီလီ နိုင်ငံ သို့ ရောက်ရှိ

ချီလီနိုင်ငံ ဆန်ဒီယာဂို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက်၌ ချီလီနိုင်ငံ သမ္မတ Sebastián Piñera (ဘယ် မှ ၃ ) က တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး ကြိုဆိုသည့် အခမ်းအနားတွင် မိန့်ခွန်းပြောကြားနေစဉ်(ဆင်ဟွာ)

ဆန်ဒီယာဂို ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး
တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၂ သန်းခန့် က ပထမအသုတ်အနေဖြင့် ဇန်နဝါရီ ၂၈ ရက် နံနက်ပိုင်းအချိန်တွင် ချီလီနိုင်ငံမြို့တော် ဆန်ဒီယာဂို သို့ရောက်ရှိခဲ့ပြီး ချီလီနိုင်ငံ သမ္မတ Sebastián Piñera ၊ ကျန်းမာရေးဝန်ကြီး Enrique Paris နှင့် ချီလီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ ကျိုးယီ တို့က လေဆိပ်သို့ သွားရောက်ကြိုဆိုခဲ့ကြသည်။

ချီလီနိုင်ငံ သမ္မတ Sebastián Piñera က လေဆိပ်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ချီလီကက်သလစ်တက္ကသိုလ် ၏ လက်တွေ့စမ်းသပ်မှုအရ Sinovac ကုမ္ပဏီ မှ ထုတ်လုပ်သော ကာကွယ်ဆေးသည် အသက် ၆၀ အထက်ရှိသူများအတွက် ပါထိရောက်မှု နှင့် လုံခြုံမှုရှိကြောင်း ၊ ထို့ကြောင့် ချီလီနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကာကွယ်ဆေးထိုးနှံပေးမည့် အတိုင်းအတာအား ယခင် အသက် ၁၈ နှစ် မှ အသက် ၅၉ နှစ်ကြား လူထု ကို အသက် ၁၈ နှစ်အထက်ရှိသူများ အားလုံးအထိ တိုးမြှင့်ရန်ဆုံးဖြတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ချီလီနိုင်ငံ ဆန်ဒီယာဂို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက်၌ ဝန်ထမ်းများ က တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး အား လေယာဉ် ပေါ်မှချနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ချီလီနိုင်ငံ ဆန်ဒီယာဂို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက်၌ ဝန်ထမ်းများ က တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး အား လေယာဉ် ပေါ်မှချနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ချီလီနိုင်ငံ ဆန်ဒီယာဂို အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဇန်နဝါရီ ၂၈ ရက်၌ ဝန်ထမ်းများ က တရုတ်နိုင်ငံ မှ COVID-19 ရောဂါ ကာကွယ်ဆေး ထည့်သွင်းထားသည့် အပူချိန်ထိန်း ကွန်တိန်နာ အား သယ်ယူပို့ဆောင်နေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

ထို့ပြင် ချီလီနိုင်ငံ သမ္မတ က ဒုတိယအသုတ်သော Sinovac ကုမ္ပဏီ မှ COVID-19 ရောဂါကာကွယ်ဆေး အခုရေ ၂ သန်းခန့်သည် ယခုအပတ်ကုန်ချိန်တွင် ရောက်ရှိမည်ဖြစ်ပြီး ချီလီ နိုင်ငံတွင် ဖေဖော်ဝါရီလ မှ စတင်၍ အတိုင်းအတာကြီးမားစွာ ကာကွယ်ဆေးထိုးနှံပေးသည့် အစီအစဉ် စတင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ချီလီနိုင်ငံ သမ္မတ နှင့် ကျန်းမာရေးဝန်ကြီး အနေဖြင့်လည်း ဖေဖော်ဝါရီလလယ်ပိုင်းအချိန်တွင် Sinovac ကုမ္ပဏီ မှ COVID-19 ရောဂါ ကာကွယ်ဆေးကို ထိုးနှံခံယူသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ချီလီနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံး ယာယီတာဝန်ခံ ကျိုးယီ က ဆင်ဟွာသတင်းဌာန ၏ မေးမြန်းမှုအား ဖြေကြားရာတွင် တရုတ်နိုင်ငံ မှ ကာကွယ်ဆေးသည် ချီလီနိုင်ငံ COVID-19 ရောဂါ တိုက်ဖျက်ရေးအတွက် အထောက်အကူဖြစ်စေမည် ကို ယုံကြည်ကြောင်း ၊ တရုတ်နိုင်ငံ နှင့် ချီလီနိုင်ငံ တို့က စစ်မှန်သောသူငယ်ချင်း မိတ်ဆွေကောင်းများ ဖြစ်ကြပြီး တရုတ်နိုင်ငံအနေဖြင့် ချီလီနိုင်ငံ ၏ လိုအပ်ချက်ကို မြင့်မားစွာအလေးထားကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ ကာကွယ်ဆေးပူးပေါင်းဆောင်ရွက်မှုအား ဆက်လက်တွန်းအားပေးဆောင်ရွက်သွားပြီး ပြည်သူလူထု ၏ အသက်ကျန်းမာရေးကို ကာကွယ်ပေးသွားကာ အတူတကွ လူသားမျိုးနွယ် ကျန်းမာကြံ့ခိုင်ရေး အေးအတူပူအမျှ အသိုက်အဝန်းကို တွန်းအားပေးတည်ဆောက်သွားလိုကြောင်း ပြောကြားခဲ့သည်။

ချီလီနိုင်ငံ အများပြည်သူကျန်းမာရေး သုတေသန အင်စတီကျူ က ယခုလ ၂၀ ရက်တွင် တရုတ်နိုင်ငံ Sinovac ကုမ္ပဏီ မှ တီထွင်ထုတ်လုပ်သည့် COVID-19 ရောဂါ ကာကွယ်ဆေးအား အရေးပေါ် အသုံးပြုရန် ခွင့်ပြုပေးချက်ပေးအပ်ခဲ့သည်။

ချီလီနိုင်ငံ COVID-19 ကပ်ရောဂါ အခြေအနေ က လတ်တလောကာလအတွင်း ပြန်လည်မြင့်တက်လာ ခဲ့ပြီး ချီလီနိုင်ငံကျန်းမာရေးဝန်ကြီးဌာန ၏ ဇန်နဝါရီ ၂၈ ရက်ထုတ်ပြန်ကြေညာချက်အရ ဇန်နဝါရီ ၂၇ ရက် ညပိုင်းအချိန်ထိ လွန်ခဲ့သည့် ၂၄ နာရီအတွင်း ချီလီနိုင်ငံတွင် COVID-19 ရောဂါ ထပ်မံကူးစက်ခံရသူ ၄,၂၆၀ ဦးရှိခဲ့ပြီး ကူးစက်ခံရသူ စုစုပေါင်း ၇၁၄,၁၄၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19 ရောဂါကြောင့် ထပ်မံသေဆုံးသူ ၁၃၄ ဦးရှိခဲ့ပြီး ရောဂါကြောင့် သေဆုံးသူ စုစုပေါင်း ၁၈,၁၇၄ ဦးအထိရောက်ရှိလာခဲ့ကြောင်း သိရှိရသည်။ (Xinhua)
—————————
(Chinese Version)
(国际疫情)首批近200万剂中国新冠疫苗运抵智利
2021-01-29 07:04:34 分类: 医药卫生
  新华社圣地亚哥1月28日电(记者张笑然 尹南)首批近200万剂由中国科兴公司生产的新冠疫苗当地时间28日上午运抵智利首都圣地亚哥。智利总统皮涅拉、卫生部长帕里斯和中国驻智利大使馆临时代办周仪前往机场迎接。
  皮涅拉在机场举行的新闻发布会上表示,智利天主教大学的临床试验证明,科兴疫苗对于60岁以上人群也安全有效,智利卫生部已决定将该疫苗的应用范围从18岁至59岁人群扩展到全部18岁以上人群。
  皮涅拉说,第二批近200万剂科兴疫苗将于本周末运抵智利,智利将于2月启动大规模接种计划。皮涅拉本人和帕里斯计划于2月中旬接种科兴疫苗。
  周仪在接受新华社记者采访时表示,相信中国疫苗将为智利抗击新冠疫情做出贡献。他说,中国和智利是真朋友、好伙伴,中方高度重视智方需求,愿继续推进两国疫苗合作,保护人民生命安全和身体健康,推动共建人类卫生健康共同体。
  智利公共卫生研究院本月20日宣布,给予中国科兴公司研发的新冠疫苗紧急使用许可。
智利新冠疫情近期出现反弹。智利卫生部28日发布的数据显示,截至27日晚,该国过去24小时新增新冠确诊病例4260例,累计确诊714143例;新增死亡病例134例,累计死亡18174例。(完)

Photo

(1)1月28日,在智利圣地亚哥国际机场,智利总统皮涅拉(右三)迎接首批中国新冠疫苗并发表讲话。新华社发(豪尔赫•比列加斯摄)
(2) 1月28日,在智利圣地亚哥国际机场,工作人员从飞机上卸下装有中国新冠疫苗的温控集装箱。 新华社发(豪尔赫•比列加斯摄)
(3)1月28日,在智利圣地亚哥国际机场,工作人员从飞机上卸下装有中国新冠疫苗的温控集装箱。新华社发(豪尔赫•比列加斯摄)
(4)1月28日,在智利圣地亚哥国际机场,工作人员运输装有中国新冠疫苗的温控集装箱。新华社发(豪尔赫•比列加斯摄)