Connect with us

WORLD

၂၀၂၀ ပြည့်နှစ်က ခရီးသွားလုပ်ငန်းသမိုင်းတွင် အဆိုးဆုံးနှစ်ဖြစ်ဟု UNWTO ကပြော

အီတလီနိုင်ငံ ရောမမြို့ရှိ Colosseum ခန်းမကြီးတွင် ခရီးသွားဧည့်သည်အနည်းငယ်ကိုသာ တွေ့ရစဉ် (ဆင်ဟွာ)

 

မက်ဒရစ်၊ ဇန်နဝါရီ ၂၉ ရက်(ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါသည် ၂၀၂၀ ပြည့်နှစ်တွင် နိုင်ငံတကာခရီးသွားလုပ်ငန်းကို အကြီးအကျယ်ထိခိုက်စေခဲ့ပြီး နိုင်ငံတကာခရီးသည်လာရောက်မှုကို ၇၄ ရာခိုင်နှုန်း ကျဆင်းခဲ့စေခဲ့ကြောင်း ဇန်နဝါရီ ၂၈ ရက်၌ ထုတ်ပြန်သော ကုလသမဂ္ဂ ကမ္ဘာ့ခရီးသွားအဖွဲ့ (UNWTO) ၏ နှစ်စဉ်သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကပ်ရောဂါကိုထိန်းချုပ်ရန် ကြိုးပမ်းချက်အနေဖြင့် ကမ္ဘာ့နိုင်ငံတိုင်းနီးပါးတွင် ခရီးသွားကန့်သတ်ချက်များ ပြုလုပ်ခြင်း၏ သက်ရောက်မှုတစ်ခုအဖြစ် ၂၀၂၀ ပြည့်နှစ်တွင် ကမ္ဘာတစ်ခွင် နိုင်ငံတကာ ခရီးသွားလာရောက်မှုမှာ ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက တစ်ဘီလီယံခန့် လျော့ကျခဲ့ကြောင်း ကမ္ဘာ့ခရီးသွားလာမှုညွှန်းကိန်းက ပြသခဲ့သည်။

ခရီးသွားလာရောက်မှု ကျဆင်းခြင်းသည် ဝင်ငွေ ဒေါ်လာ ၁.၃ ထရီလီယံ ဆုံးရှုံးမှုဖြစ်စေခဲ့ကြောင်း၊ “သမိုင်းတွင် ခရီးသွားကဏ္ဍအတွက် အဆိုးရွားဆုံးနှစ်” အဖြစ် ဖော်ပြခဲ့သော ၂၀၀၉ ခုနှစ် စီးပွားရေးအကျပ်အတည်းကြောင့် ဆုံးရှုံးမှုထက် ၁၁ ဆ ခန့်ရှိကြောင်း UNWTO က ခန့်မှန်းခဲ့သည်။

ကပ်ရောဂါသည် ကမ္ဘာ့ဒေသများ အားလုံးကိုရိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး အာရှနှင့် ပစိဖိတ်ဒေသများတွင် နိုင်ငံတကာခရီးသည် ရောက်ရှိမှု ၈၄ ရာခိုင်နှုန်း လျော့ကျခဲ့ကြောင်း၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတွင် ၇၅ ရာခိုင်နှုန်း အသီးသီး လျော့ကျခဲ့ကြောင်း သိရသည်။

ဥရောပတိုက်တွင်မူ နွေရာသီ၌ အနည်းငယ်ပြန်လည်နာလန်ထူလာခဲ့သည့်ကြားမှ နိုင်ငံတကာ ခရီးသည်ရောက်ရှိမှု ၇၀ ရာခိုင်နှုန်း ကျဆင်းခဲ့သလို အမေရိကတိုက်တွင် ၆၉ ရာခိုင်နှုန်းလျော့ကျခဲ့သည်ဟု ဆိုသည်။

၂၀၂၁ ခုနှစ်ကလည်း ခက်ခဲသည့်နှစ်တစ်နှစ်ဖြစ်လိမ့်မည်ဖြစ်ကြောင်း UNWTO အတွင်းရေးမှူးချုပ် Zurab Pololikashvili က ပြောခဲ့သည်။

“ဘေးကင်းစိတ်ချရသော နိုင်ငံတကာခရီးဖြစ်စေရန် ဆောင်ရွက်လျက်ရှိသလို ဒီအကျပ်အတည်းက ပြီးဆုံးဖို့ လိုသေးတယ်ဆိုတာကို ကျွန်တော်တို့ သိထားရပါမယ်။ ရောဂါစစ်ဆေးခြင်း၊ ရောဂါခြေရာခံခြင်းနဲ့ ကာကွယ်ဆေးထိုးနှံပြီးစီးခြင်းလက်မှတ်တွေ အပါအဝင် COVID-19 နဲ့ဆက်စပ်တဲ့ ခရီးသွားလာမှုအန္တရာယ် လျှော့ချရေး ဆောင်ရွက်ချက်တွေဖြစ်တဲ့ လိုက်လျောညီထွေဖြစ်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းနဲ့ ဒီဂျစ်တယ်စနစ်တွေက ဘေးကင်းစိတ်ချရတဲ့ ခရီးသွားလာမှုကို မြှင့်တင်ဖို့နဲ့ ခရီးသွားလုပ်ငန်း ပြန်လည်နာလန်ထူဖို့အတွက် မရှိမဖြစ် အုတ်မြစ်တွေပါပဲ” ဟု ၎င်းက ပြောခဲ့သည်။

၂၀၂၁ ခုနှစ်အတွက် UNWTO ၏ ခရီးသွားကဏ္ဍဆိုင်ရာဆွေးနွေးမှုတစ်ခုတွင် ဖြေဆိုသူ ၄၅ ရာခိုင်နှုန်းခန့်က တိုးတက်လာနိုင်မည်ဟု မျှော်မှန်းထားကြောင်း၊ ၂၅ ရာခိုင်နှုန်းကမူ အလားတူ ဆောင်ရွက်မှုအတိုင်းပင်ဖြစ်မည်ဟု မျှော်မှန်းထားကြောင်းနှင့် ၃၀ ရာခိုင်နှုန်းမှာမူ ရလဒ်များဆိုးရွားမည်ဟု ထင်မြင်ကြောင်း ဖော်ပြခဲ့ကြသည်။ နိုင်ငံတကာခရီးသွားလုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ်က အခြေအနေသို့ ပြန်လည်ရောက်ရှိရန် နှစ်နှစ်ခွဲနှင့် လေးနှစ်ကြား အချိန်ယူရနိုင်ကြောင်း ဖြေဆိုသူအများစုက ပြောကြားခဲ့သည်။ (Xinhua)

——————————-
(English Version)

2020 worst year in tourism history: UNWTO
2021-01-29 03:50:25
MADRID, Jan. 28 (Xinhua) — The coronavirus pandemic had a devastating effect on international tourism in 2020, causing a 74 percent drop in international arrivals, according to the United Nations World Tourism Organization (UNWTO) annual report published on Thursday.
The 2020 world Tourism Barometer showed that there were around one billion fewer international arrivals worldwide in 2020 compared to 2019 as s result of widespread travel restrictions put into place by nearly every country on Earth to try and control the pandemic.
The UNWTO estimates that the fall in arrivals will lead to a loss of 1.3 trillion U.S. dollars in revenue — 11 times the losses caused by the 2009 economic crisis, which it described as “the worst year in history” for the sector.
The pandemic has affected all the world’s regions, with Asia and the Pacific Region suffering an 84 percent drop in international tourist arrivals. The decline in the Middle East and Africa was 75 percent.
Europe recorded a 70 percent fall in international arrivals despite a slight recovery in the summer, while there was a 69 percent decrease in the Americas.
UNWTO Secretary General Zurab Pololikashvili warned that 2021 would also be a difficult year.
“While much has been made in making safe international travel a possibility, we are aware that the crisis is far from over. The harmonization, coordination and digitalization of COVID-19 travel-related risk reduction measures, including testing, tracing and vaccination certificates, are essential foundations to promote safe travel and prepare for the recovery of tourism,” he said.
A UNWTO panel of expert also predicts mixed results for 2021, with around 45 percent of respondents expecting improvement, 25 percent expecting a similar performance and 30 percent foreseeing worsening results. Most respondents said it would take between two and a half and four years for international tourism to return to the level of 2019. Enditem
Few tourists are seen at the Colosseum in Rome, Italy, Nov. 4, 2020. (Xinhua/Cheng Tingting)