Connect with us

WORLD

အင်ဒိုနီးရှားနိုင်ငံတွင် လူထုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွင်း ကျန်းမာရေးဝန်ထမ်းများကို Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံပေး

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် အဓိကဦးစားပေးအုပ်စုများအဖြစ် ကျန်းမာရေးဝန်ထမ်းများအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွင်း တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူနေသော ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ)

ဂျာကာတာ၊ ဇန်နဝါရီ ၂၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့ရှိ ကျန်းမာရေးဝန်ထမ်းများသည် အဓိကဦးစားပေးအုပ်စုများအဖြစ် လူထု ကာကွယ်ဆေးထိုးအစီအစဉ်အတွင်း ဇန်နဝါရီ ၂၈ ရက်က တရုတ်နိုင်ငံထုတ် Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခဲ့ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 အတည်ပြုသူဦးရေ ၁၃,၆၉၅ ဦးရှိခဲ့ရာ စုစုပေါင်း ၁,၀၃၇,၉၉၃ ဦး အထိမြင့်တက်လာခဲ့ပြီး သေဆုံးသူဦးရေမှာလည်း တစ်နေ့တည်း ၄၇၆ ဦး တိုးလာကာ ၂၉,၃၃၁ ဦး ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၈ ရက်တွင် ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် အဓိကဦးစားပေးအုပ်စုများအဖြစ် ကျန်းမာရေးဝန်ထမ်းများအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွင်း တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေး ပြင်ဆင်နေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) 

 အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် အဓိကဦးစားပေးအုပ်စုများအဖြစ် ကျန်းမာရေးဝန်ထမ်းများအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွင်း တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေး ပြသနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးကို တွေ့ရစဉ် (ဆင်ဟွာ) 

အင်ဒိုနီးရှားနိုင်ငံ ယိုဂျာကာတာမြို့တွင် အဓိကဦးစားပေးအုပ်စုများအဖြစ် ကျန်းမာရေးဝန်ထမ်းများအတွက် လူထုကာကွယ်ဆေးထိုးနှံခြင်းအစီအစဉ်အတွင်း တရုတ်နိုင်ငံ Sinovac COVID-19 ကာကွယ်ဆေး ထိုးနှံမှုမခံယူမီ ခန်းမ၌ စောင့်ဆိုင်းနေသည့် ကျန်းမာရေးဝန်ထမ်းများကို တွေ့ရစဉ် (ဆင်ဟွာ) 

ယင်းနေ့တွင်ပင် အင်ဒိုနီးရှားနိုင်ငံ၌ ၂၀၂၀ ပြည့်နှစ် မတ်လမှ ဇန်နဝါရီ ၂၇ ရက်အထိ ဆေးဘက်ဆိုင်ရာဝန်ထမ်း ၆၄၇ ဦး ထက်မနည်း COVID-19 ကြောင့် သေဆုံးခဲ့ရကြောင်း အင်ဒိုနီးရှား ဆေးဘက်ဆိုင်ရာအသင်းက ပြောကြားခဲ့သည်။

သေဆုံးခဲ့ရသည့် ဆေးဘက်ဆိုင်ရာဝန်ထမ်း ၆၄၇ ဦးအနက် ဆရာဝန် ၂၈၉ ဦး၊ သွားဆရာဝန် ၂၇ ဦး၊ သူနာပြု ၂၂၁ ဦး၊ သားဖွားဆရာမ ၈၄ ဦး ၊ ဆေးဝါးကျွမ်းကျင် ၁၁ ဦးနှင့် ကျန်းမာရေးဓာတ်ခွဲခန်းဝန်ထမ်း ၁၅ ဦး တို့ ဖြစ်ကြောင်း သိရသည်။ (Xinhua)

——————————-
(English Version)
Health workers receive Sinovac COVID-19 vaccine during mass vaccination program in Indonesia
2021-01-29 11:24:06
JAKARTA, Jan. 29 (Xinhua) — Health workers in Yogyakarta, Indonesia on Thursday received China’s Sinovac COVID-19 vaccine during a mass vaccination program for health workers as the main priority group.
The confirmed cases of COVID-19 in Indonesia rose by 13,695 in the past 24 hours to 1,037,993, with the death toll adding by 476 to 29,331, the Health Ministry said on Thursday.
On the same day, the Indonesian Medical Association said that at least 647 medical workers in Indonesia have died of COVID-19 from March 2020 to Wednesday.
Of the 647 medical workers, 289 were doctors, 27 dentists, 221 nurses, 84 midwives, 11 pharmacists, 15 medical laboratory staff members.
1- A health worker receives a dose of China’s Sinovac COVID-19 vaccine during a mass vaccination program for health workers as the main priority group in Yogyakarta, Indonesia, Jan. 28, 2021. (Photo by Supriyanto/Xinhua)
2- A medical worker prepares a dose of China’s Sinovac COVID-19 vaccine during a vaccination program as second injection for health workers as the main priority group in Bandung, West Java, Indonesia, Jan. 28, 2021. (Photo by Septianjar/Xinhua)
3- A staff member shows a dose of China’s Sinovac COVID-19 vaccine during a vaccination program as second injection for health workers as the main priority group in Bandung, West Java, Indonesia, Jan. 28, 2021. (Photo by Septianjar/Xinhua)

4- Health workers wait in a hall before receiving a dose of China’s Sinovac COVID-19 vaccine during a mass vaccination program for health workers as the main priority group in Yogyakarta, Indonesia, Jan. 28, 2021. (Photo by Supriyanto/Xinhua)■