Connect with us

WORLD

ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးတွင် ပြောင်းလဲမှုအသစ် ထပ်မံတွေ့ရှိကြောင်း ဗြိတိန်ထုတ်ပြန်ကြေညာ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ရှိ ပိတ်သိမ်းထားသော ဆိုင်ရှေ့တစ်ခုတွင် လူများ ဖြတ်သန်းသွားလာနေသည် ကိုမြင်တွေ့ရစဉ်(ဆင်ဟွာ)

လန်ဒန် ၊ ဖေဖော်ဝါရီ ၃ ရက် (ဆင်ဟွာ) ဘာသာပြန်/စိုးမိုး

ဗြိတိန်နိုင်ငံ ကျန်းမာရေးပညာရှင် က ဗြိတိန်နိုင်ငံတွင် တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး နမူနာများအား စစ်ဆေးမှုပြုလုပ်ရာတွင် ပြောင်းလဲမှုအသစ်တစ်မျိုးကို ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်း ၊ ယင်းပြောင်းလဲမှုက ရောဂါပိုးသည် လူ့ခန္ဓာကိုယ်၏ ခုခံအားစနစ် တိုက်ခိုက်မှုကို ရှောင်ရှားပေးနိုင်ကြောင်း ဗြိတိန်နိုင်ငံ Sky News ၏ ဖေဖော်ဝါရီ ၂ ရက်ထုတ်ပြန်ကြေညာချက်အရ သိရှိရသည်။

သတင်းဖော်ပြချက်အရ အင်္ဂလန်ပြည်သူ့ကျန်းမာရေးဌာနအနေဖြင့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုး နမူနာတွင် ပြောင်းလဲမှုအသစ်တစ်မျိုးဖြစ်သည့် E484K ခေါ်ဆိုသည့် ပြောင်းလဲမှုကို တွေ့ရှိခဲ့ကြောင်း ၊ ယင်းပြောင်းလဲမှုမျိုးက တောင်အာဖရိက နိုင်ငံက ထုတ်ပြန်ခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးတွင်လည်း စစ်ဆေးတွေ့ရှိထားကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ Francis Crick Institute မှ Dr.Jonathan Stoyer က ပြောကြားရာတွင် သုတေသနပြုသူများအနေဖြင့် ဘရာဇီး နှင့် တောင်အာဖရိက နိုင်ငံတို့၌ သီးခြားစွာ တွေ့ရှိခဲ့သည့် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးတို့တွင် တူညီသည့် ပြောင်းလဲမှုများကို တွေ့ရှိခဲ့ရပြီး ၎င်းတို့အနက် E484K ပြောင်းလဲမှုလည်းပါဝင်ကြောင်း ၊ ရောဂါပိုးပညာရပ် ရှုထောင့်မှ ဆိုရလျှင် ဗီဇပြောင်းလဲမှု ဖြစ်ပေါ်ခြင်းသည် ထင်မှတ်မထားသည့် ကိစ္စရပ်မဟုတ်သော်လည်း ဗီဇပြောင်းလဲမှု က ရောဂါပိုးအတွက် ပိုမိုကောင်းမွန်သည့် ကြီးထွားမှုအခြေအနေ ဖြစ်ပေါ်ခြင်း ရှိမရှိကိုမူ ဆက်လက်၍ လေ့လာစောင့်ကြည့်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဗြိတိန်နိုင်ငံ က ယခင်နှစ် ဒီဇင်ဘာလတွင် ဗီဇပြောင်းလဲ COVID-19 ရောဂါပိုးတစ်မျိုး တွေ့ရှိခဲ့ကြောင်း နှင့် သက်သေအထောက်အထားများအရ ယင်းဗီဇပြောင်းလဲ COVID-19 ရောဂါပိုးသည် ကူးစက်မှုစွမ်းရည် ပိုမိုပြင်းထန်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

———————————-
(Chinese Version)

(国际疫情)英国报告的变异新冠病毒出现新突变

  新华社伦敦2月2日电(记者张家伟 金晶)据英国天空新闻频道2日报道,英国卫生专家在英国此前报告的变异新冠病毒部分样本中观察到了一种新突变,这种新突变可能会帮助病毒躲避人体免疫系统的攻击。
  报道说,英格兰公共卫生局将在病毒样本中观察到的这一新突变称为E484K。这种突变此前已在南非报告的变异病毒中被观察到。
  英国弗朗西斯•克里克研究所博士乔纳森•斯托耶说,此前研究人员在巴西和南非分别发现的变异新冠病毒中都观察到了一种相同的突变,即E484K突变。从病毒学的角度来说,出现突变并非出乎意料,而突变是否会给病毒带来很大的成长优势还需要进一步观察。
  英国去年12月宣布出现了一种变异新冠病毒,有证据显示这种病毒的传播能力更强。(完)

Photo
12月21日,人们从英国伦敦牛津街一家关闭的商店前走过。 新华社记者 韩岩 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.