ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး ပြင်သစ်နိုင်ငံတွင် COVID-19အတည်ပြုလူနာ စုစုပေါင်း ၂ သန်းကျော်ရှိလာကြောင်းနှင့် ဂျပန်နိုင်ငံတွင် တိုကျို အိုလံပစ်အားကစားပွဲတော်အား သတ်မှတ်ကာလအတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း နိုဝင်ဘာ ၁၇ ရက်အထိ ရရှိသော သတင်းများအရ သိရသည်။
ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် ဘရာဇီးနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ရောဂါကြောင့် သေဆုံးသူအရေအတွက် ၆၈၅ ဦးရှိခဲ့ပြီး သေဆုံးသူ စုစုပေါင်း ၁၆၆,၆၉၉ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာ ၁၇ ရက်တွင်...
ရောမ ၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အီတလီနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှုသည် ၂၀၁၉ ခုနှစ် စက်တင်ဘာလကတည်းက ရှိနေခဲ့ပြီးဖြစ်ရာ ယင်းမှာ တရုတ်နိုင်ငံတွင် ပထမဆုံး စတင်တွေ့ရှိမှုထက် သုံးလ ပိုစောကြောင်း မီလန်မြို့ရှိ အမျိုးသားကင်ဆာဌာန(INT) ၏ နိုဝင်ဘာ ၁၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် လေ့လာမှုတစ်ခုအရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်တွင် COVID-19ရောဂါ အတည်ပြုလူနာ (၁၁)သန်းကျော် ရှိပြီဖြစ်ကြောင်းနှင့် အယ်လ်ဂျီးရီးယားနိုင်ငံ သမ္မတ ကိုဗစ် ရောဂါကုသမှုခံယူ ပြီးစီးသွားပြီဖြစ်ကြောင်း နိုဝင်ဘာ ၁၅ ရက်အထိ ရရှိသည့် သတင်းများအရ သိရသည်။
နယူးယောက်၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)ဘာသာပြန်/ကိုငယ် အမေရိကန်နိုင်ငံ၌ နိုဝင်ဘာ ၁၅ ရက်အထိ COVID-19 ရောဂါကူးစက်ခံရသူ စုစုပေါင်း ၁၁ သန်းကျော်ရှိလာကြောင်း နှင့် ပြီးခဲ့သောတစ်ပတ်အတွင်း ကူးစက်မှုအသစ် ၁ သန်းကျော်ရှိခဲ့ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အီရန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၇ သိန်းကျော်ရှိလာပြီဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာ ၁၀ ရက်အထိရရှိသော သတင်းများအရ သိရသည်။
နယူးဒေလီ၊ နိုဝင်ဘာ ၁၁ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန် အိန္ဒိယနိုင်ငံတွင် လွန်ခဲ့သည့် ၂၄ နာရီအတွင်း COVID-19 ကူးစက်ခံရသူအသစ် ၄၄,၂၈၁ ဦးရှိခဲ့ရာ နိုဝင်ဘာ ၁၁ ရက်အထိ စုစုပေါင်း ကူးစက်ခံရသူ ၈,၆၃၆,၀၁၁ ဦး ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက နောက်ဆုံးထုတ်ပြန်သည့်...
ကွာလာလမ်ပူ ၊ နိုဝင်ဘာ ၁၀ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဆူဘန်ဂျာယာရှိ လမ်းဘေးဆိုင်တန်းနေရာတစ်ခုတွင် ကိုယ်တိုင်ချက်ပြုတ် ၊ ကိုယ်တိုင်စားပွဲထိုးလုပ်နေသည့် လေယာဉ်မောင်းလုပ်သက် အနှစ် ၂၀ ကျော်ရှိပြီဖြစ်သော လေယာဉ်မှူးကြီး Azrin Mohamad Zawawi ကို လမ်းသွားလမ်းများ မြင်တွေ့ရနိုင်သည်။
နယူးယောက် ၊နိုဝင်ဘာ ၉ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာ ၈ ရက်အထိ COVID-19 ရောဂါဖြစ်ပွားသူပေါင်း သန်း ၅၀ ကျော်ရှိလာပြီဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ် သိပ္ပံနှင့်အင်ဂျင်နီယာဌာန(CSSE) ၏ ထုတ်ပြန်ချက်အရသိရသည်။
ပေကျင်း၊နိုဝင်ဘာ ၈ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး အမေရိကန်နိုင်ငံတွင် တစ်ရက်အတွင်း ကိုဗစ်အတည်ပြုလူနာ ၁သိန်း ၁သောင်းကျော်ရှိကြောင်းနှင့် ပြင်သစ်နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၄ သောင်းကျော်ရှိလာကြောင်း နိုဝင်ဘာ ၇ ရက်အထိရရှိသော သတင်းများအရ သိရသည်။