Connect with us

WORLD

အီရန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၇ သိန်းကျော်ရှိလာ၊ အမေရိကန်နိုင်ငံတွင် ကပ်ရောဂါ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေဟု ဆို

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

ပေကျင်း၊ နိုဝင်ဘာ ၁၁ ရက်(ဆင်ဟွာ) ဘာသာပြန်/မြတ်မြတ်ဦး

အီရန်နိုင်ငံတွင် ကိုဗစ်အတည်ပြုလူနာ ၇ သိန်းကျော်ရှိလာပြီဖြစ်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် ကပ်ရောဂါ အဆိုးဆုံး အခြေအနေသို့ ရောက်ရှိနေကြောင်း နိုဝင်ဘာ ၁၀ ရက်အထိရရှိသော သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ နိုဝင်ဘာ ၁၀ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၇ နာရီ ၂၂ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၂၇,၅၅၁ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၆,၂၁၄ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၅၀,၆၇၆,၀၇၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၂၆၁,၀၇၅ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် နိုဝင်ဘာ ၁၁ ရက် ၇ နာရီ ၂၅ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၅၁,၃၁၈,၃၅၃ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၂၆၉,၅၀၇ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၁၀,၂၃၀,၇၇၀ ဦး နှင့် သေဆုံးသူ ၂၃၉,၅၂၁ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

အီရန်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီက ကိုဗစ်-၁၉ ရောဂါ ထပ်တိုးအတည်ပြုလူနာ ၁၀,၃၃၉ ဦးရှိရာ စုစုပေါင်းအတည်ပြုလူနာ ၇၀၃,၂၈၈ ဦး ရှိပြီဖြစ်ကြောင်း အီရန် ကျန်းမာရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၀ ရက် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။ နိုဝင်ဘာ ၁၀ ရက်မှ ဒီဇင်ဘာ ၁၀ ရက်အထိ မြို့တော် တီဟီရန်နှင့်တကွ ပြည်နယ်မြို့တော်အားလုံးတွင် ညမထွက်ရအမိန့် ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ ဆေးခန်း၊ဆေးဆိုင်၊စားသောက်ကုန်နှင့် ရေ၊မီး၊ကယ်ဆယ်စသည့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာ လုပ်ငန်းဌာနများကိုမူ ကန့်သတ်မည်မဟုတ်ကြောင်း ပြည်ထဲရေးဝန်ကြီး Fazliက နိုဝင်ဘာ ၉ ရက်တွင် ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

အမေရိကန်နိုင်ငံတွင် ကပ်ရောဂါသည် အဆိုးဆုံး အခြေအနေသို့ ရောက်ရှိကြောင်း အမေရိကန် ကူးစက်ရောဂါဗေဒပညာရှင်က ဆင်ဟွာ၏တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။ ထပ်တိုးလူနာဦးရေ တစ်ဟုန်ထိုး တိုးတက်လာသည့်အခြေအနေသည် ရက်သတ္တတစ်ပတ်ကြာ ဆက်တိုက်ရှိနိုင်ကြောင်း၊ ရောဂါထိန်းချုပ်ကာကွယ်ရေးနည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ခြင်းမရှိပါက ကပ်ရောဂါအခြေအနေသည် အချိန်တိုအတွင်း အချိုးအကွေ့ဖြစ်လာနိုင်ရန် အလွန်ခဲယဉ်းကြောင်း ဆိုသည်။

ဂျပန်နိုင်ငံတွင် နိုဝင်ဘာ ၁၀ ရက်က ထပ်တိုး ကိုဗစ်အတည်ပြုလူနာ ၁,၂၇၉ ဦးရှိရာ စုစုပေါင်း အတည်ပြုလူနာ ၁၁၀,၆၁၆ ဦးရှိကြောင်း NHK သတင်းများအရ သိရသည်။ရောဂါထိန်းချုပ်ရေးအတွက် အစုလိုက်အပြုံလိုက်ရောဂါကူးစက်မှု တုန်ပြန့်ဆောင်ရွက်ရေးကို တိုးမြှင့်ရန်၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းကို တိကျစွာ လက်တွေ့အကောင်အထည်ဖော်ရန် ၊ အပြည်ပြည်ဆိုင်ရာသွားလာမှုများပြန်လည်စတင်ခြင်းနှင့်အတူ ရောဂါထိန်းချုပ်ရေးနည်းလမ်းကို တင်းကျပ်စွာ ဆောင်ရွက်ရန်၊ ဗိုင်းရပ်စ်မျိုးဗီဇ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်းကို တွန်းအားပေးရန် ဟူသော အရေးပေါ် အဆို ၅ ရပ်ကို ဂျပန်နိုင်ငံအစိုးရ ကိုဗစ်-၁၉ ရောဂါ ပညာရှင်အဖွဲ့က အဆိုပြုခဲ့ကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ အလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူးချုပ် Saeb Erekatသည် အသက် ၆၅ နှစ်တွင် ကိုဗစ်-၁၉ ပြင်းထန်အဆုတ်ရောင်ရောဂါကြောင့် နိုဝင်ဘာ ၁၀ ရက်က သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းသတင်းအေဂျင်စီ(WAFA)၏ သတင်းများအရ သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏ မြင်ကွင်းအချို့အား နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (Xinhua/Wang Ying)

ဂျာမနီဇီဝနည်းပညာကုမ္ပဏီ BioNTech နှင့်အမေရိကန် Pfizerဆေးကုမ္ပဏီတို့၏ နိုဝင်ဘာ ၉ ရက်က ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ကာကွယ်ဆေး တတိယအဆင့် လက်တွေ့စမ်းသပ်မှု ကိန်းဂဏန်းများအရ ၎င်းကုမ္ပဏီနှစ်ခုပူးတွဲ သုတေသနပြုထုတ်လုပ်ထားသည့် ကိုဗစ်-၁၉ ကာကွယ်ဆေးတစ်မျိုး၏ ထိရောက်မှုမှာ ၉၀ ရာခိုင်နှုန်းရှိကြောင်း ဆိုသည်။ သို့သော် ဥရောပကျန်းမာရေးပညာရှင်များနှင့်နိုင်ငံရေးသမားများက သတိနှင့်အကောင်းမြင်ကြရန် ပြောဆိုခဲ့သည်။

ဂမ်ဘီယာနိုင်ငံအစိုးရ၏ ဖိတ်ကြားမှုဖြင့် တရုတ်နိုင်ငံဆေးအဖွဲ့သည် အောက်တိုဘာ ၉ ရက် ညပိုင်းက ဂမ်ဘီယာနိုင်ငံ မြို့တော် ဘန်ဇွိုင်သို့ ရောက်ရှိခဲ့ရာ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းများကို ထိုဒေသတွင် ၃ လကြာ အားဖြည့်ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.