Connect with us

WORLD

အာဖရိကတိုက်တွင် COVID-19 အတည်ပြုလူနာ ၂ သန်းအထိရောက်ရှိ

အီသီယိုးပီးယားနိုင်ငံ မြို့တော် အာဒစ်အာဘာဘာတွင် ကျန်းမာရေးတာဝန်များ ထမ်းဆောင်နေသော အရေးပေါ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် Ilham Deraro ကို တွေ့ရစဉ် (ဆင်ဟွာ)

အာဒစ်အာဘာဘာ ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်

အာဖရိကတိုက်တွင် COVID-19 အတည်ပြုလူနာအရေအတွက်မှာ ၁,၉၉၈,၂၅၃ ဦး အထိ ရောက်ရှိလာခဲ့ကြောင်း အာဖရိက ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (Africa CDC) က ပြောကြားခဲ့သည်။

နိုဝင်ဘာ ၁၈ ရက်နေ့လယ်ပိုင်းအထိ ကပ်ရောဂါကြောင့် သေဆုံးသူဦးရေ စုစုပေါင်းမှာ ၄၈,၀၁၆ ဦး ရှိကြောင်း အာဖရိကဆိုက် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီက ကြေညာချက်တွင် ပြောခဲ့သည်။ယနေ့အထိ အာဖရိကတိုက်တစ်ခွင်တွင် COVID-19 ကူးစက်ခံရပြီးနောက် ပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း ၁,၆၈၅,၉၁၄ ဦးရှိပြီဖြစ်ကြောင်း Africa CDC အဆိုအရ သိရသည်။

မာလဝီနိုင်ငံ Phalombe မြို့ရှိ စာသင်ကျောင်းတစ်ကျောင်းတွင် ကျောင်းသားများ လက်ဆေးနေကြစဉ် (ဆင်ဟွာ)
COVID-19 ဖြစ်ပွားသူအရေအတွက်အရ ရောဂါကူးစက်ခံရမှုအများဆုံး အာဖရိကနိုင်ငံများမှာ တောင်အာဖရိက၊ မော်ရိုကို၊ အီဂျစ်နှင့် အီသီယိုးပီးယား စသည့်နိုင်ငံများဖြစ်ကြောင်း Africa CDC ၏ ကိန်းဂဏန်းများ၌ ဖော်ပြထားသည်။

အာဖရိကတောင်ပိုင်းဒေသများသည် COVID-19 ဖြစ်ပွားသူအရေအတွက်နှင့် သေဆုံးသူအရေအတွက် အများဆုံးဖြစ်ကြောင်း သိရသည်။အာဖရိကမြောက်ပိုင်းဒေသသည် အာဖရိကတိုက်တွင် ဒုတိယမြောက်ဖြစ်ပွားမှု အများဆုံးဖြစ်ဖြစ်ကြောင်း Africa CDC အဆိုအရ သိရသည်။ (Xinhua)