လန်ဒန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်နိုင်ငံသည် နိုဝင်ဘာ ၅ ရက်မှ စတင်ကာ အချိန်တစ်လကြာ lockdown ပိတ်ဆို့မှုအသစ်ထဲ ချဉ်းနင်းဝင်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
လန်ဒန် ၊ နိုဝင်ဘာ ၁ ရက်(ဆင်ဟွာ) ဘာသာပြန်/ကိုငယ် ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်နိုင်ငံသည် နိုဝင်ဘာ ၅ ရက်မှ စတင်ကာ အချိန်တစ်လကြာ lockdown ပိတ်ဆို့မှုအသစ်ထဲ ချဉ်းနင်းဝင်ရောက်မည်ဖြစ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ထုတ်ဖော်ကြေညာခဲ့သည်။
နယူးယောက် ၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ) အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ အောက်တိုဘာ ၃၀ ရက်ထုတ်ပြန်ကြေညာချက်အရ အမေရိကန်နိုင်ငံတွင် COVID-19 ရောဂါကူးစက်ခံရသူစုစုပေါင်း ၉ သန်းကျော်အထိ ရောက်ရှိလာကြောင်းသိရှိရသည်။
စင်ကာပူ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) တရုတ်ပြည်မကြီးမှ ရက်တိုခရီးသွားဧည့်သည်များအား စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး COVID-19 ကင်းစင်ကြောင်းစစ်ဆေးပြီးပါက ၁၄ ရက် သီးခြားနေထိုင်ရန် မလိုအပ်ကြောင်း စင်ကာပူ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (CAAS) က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
မက်ဒရစ်၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ) စပိန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားမှုမြင့်တက်ကာ အခြေအနေ ပိုမိုဆိုးရွားလာခြင်းကို ထိန်းချုပ်ရန်အတွက် ဒေသ ၄ ခု ထပ်မံပိတ်ပင်ရန် အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း ဒေသဆိုင်ရာအုပ်ချုပ်သူများက အောက်တိုဘာ ၂၈ ရက်က ပြောကြားခဲ့သည်။
အန်ကာရာ ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ) တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ တူရကီ နိုင်ငံတွင် ယင်းနေ့၌ COVID-19 ရောဂါ ကူးစက်ခံရသူ ၂,၃၀၅ ဦး တိုးမြင့်ခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၆၈,၅၁၃...
ပါရီ၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ကိုဗစ်-၁၉ ကပ်ရောဂါပြန့်ပွားမှုကို ဟန့်တားရန် ပြင်သစ်နိုင်ငံတွင် အောက်တိုဘာ ၃၀ ရက်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လော့ခ်ဒေါင်းချမည်ဖြစ်ကြောင်း ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က အောက်တိုဘာ ၂၈ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ) ဂျာမနီနိုင်ငံတွင် စားသောက်ဆိုင်နှင့်အားကစားယဉ်ကျေးမှုအဆောက်အဦများအား ယာယီ ပိတ်ထားကြောင်းနှင့် တောင်အာဖရိကနိုင်ငံ သမ္မတသည် ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခဲ့ခြင်းကြောင့် စတင် သီးခြားခွဲနေပြီ ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများအရ သိရသည်။
ပေကျင်း၊အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ) ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းရာသီကာလ ရောက်ရှိတော့မည်ဖြစ်ရာ အပူချိန် အဆက်မပြတ်ကျဆင်းလျက် ရှိသည့်အပေါ် သုတေသီများက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် တစ်ဆင့်တိုးပို၍ ဆိုးဝါးလာနိုင်ကြောင်း၊ ၎င်းမှာ ဗိုင်းရပ်စ်၏ ပင်ကိုဗီဇလက္ခဏာ ၊ လူအများ၏ လူမှုဆက်ဆံရေးအလေ့အထစသည့် အကြောင်းအရာများနှင့် ဆက်စပ်နေကြောင်း သတိပေးပြောကြားထားသည်။
မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ) မက္ကဆီကိုနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ၃ ရက် ကြေညာရန် စီစဉ်ထားကြောင်း သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။