Connect with us

WORLD

တူရကီနိုင်ငံတွင် COVID-19 ရောဂါကြောင့်သေဆုံးသူ တစ်သောင်းကျော်အထိ ရောက်ရှိလာ

တူရကီ နိုင်ငံတွင် ကပ်ရောဂါဖြစ်ပွားစဉ်အတွင်း လူများနှာခေါင်းစည်းတပ်၍ သွားလာနေသည်ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အန်ကာရာ ၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

တူရကီ နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန ၏ အောက်တိုဘာ ၂၈ ရက် ထုတ်ပြန်ကြေညာချက်အရ တူရကီ နိုင်ငံတွင် ယင်းနေ့၌ COVID-19  ရောဂါ ကူးစက်ခံရသူ ၂,၃၀၅ ဦး တိုးမြင့်ခဲ့ပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၃၆၈,၅၁၃ ဦးအထိ ရောက်ရှိလာခဲ့ကြောင်း ၊ COVID-19  ရောဂါကြောင့် သေဆုံးသူ ၇၇ ဦး တိုးမြင့်ခဲ့ပြီး သေဆုံးသူစုစုပေါင်း ၁၀,၀၂၇ ဦးအထိရောက်ရှိခဲ့ကြောင်းနှင့် ရောဂါမှပြန်လည်သက်သာလာသူ ၃၁၉,၁၈၁ ဦးရှိကြောင်း သိရသည်။

တူရကီနိုင်ငံကျန်းမာရေးဝန်ကြီးဌာနဝန်ကြီး Koca က အောက်တိုဘာ ၂၈ ရက်၌ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် လက်ရှိချိန်၌ အစိုးရအနေဖြင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်း နှင့် နေအိမ်၌ နေထိုင်စေခြင်းများ ပြုလုပ်ရန် မစဉ်စားသေးကြောင်း ၊ တူရကီနိုင်ငံ မှ ထုတ်လုပ်သည့် COVID-19  ရောဂါ ကာကွယ်ဆေးက လာမည့်အပတ်တွင် စမ်းသပ်မှုစတင်ပြုလုပ်သွားမည်ဖြစ်ကြောင်း ၊ ပြည်သူများအနေဖြင့် ကပ်ရောဂါကာကွယ်ရေး သတ်မှတ်ချက်များကိုလိုက်နာကြရန် တိုက်တွန်းလိုပြီး ထိတွေ့သွားလာလှုပ်ရှားမှုများကို လျှော့ချရမည်ဖြစ်ကြောင်း ၊ မလိုအပ်ပါကအပြင် သို့သွားလာခြင်းမပြုလုပ်ကြရန် နှင့် အပြင်သို့သွားပါက လမ်းတစ်လျှောက်လုံး နှာခေါင်းစည်း တပ်ဆင်ကြရန်လိုအပ်ကြောင်း ပြောကြား ခဲ့သည်။

သတင်းဖော်ပြချက်များအရ တူရကီ နိုင်ငံ အစ္စတန်ဘူလ်မြို့တွင် COVID-19  ရောဂါ အဆိုးရွားဆုံးဖြစ်ပွားခဲ့ပြီ လွန်ခဲ့သည့်တစ်ပတ်အတွင်းနေ့စဉ်ရောဂါကူးစက်ခံရသူ လျင်မြန်စွာ တိုးမြင့်လာခဲ့ကြောင်း ၊ အစ္စတန်ဘူလ် နှင့် ထိစပ်လျက်ရှိသည့် အခြားပြည်နယ်များသည်လည်း လတ်တလောရက်ပိုင်းအတွင်း ရောဂါကူးစက်ခံရသူ များစွာတိုးမြင့်လာခဲ့ပြီး တူရကီနိုင်ငံ ၏ ကပ်ရောဂါ ကာကွယ်ရေးအခြေအနေမှာ လွန်စွာ စိုးရိမ်စရာအခြေအနေဖြစ်လာကြောင်း သိရသည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.