Connect with us

WORLD

တရုတ်ပြည်မကြီးမှ ခရီးသွားဧည့်သည်များ စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်

စင်ကာပူနိုင်ငံတွင် COVID-19 ကပ်ရောဂါဖြစ်ပွားမှုအတွင်း Merlion ပန်းခြံအတွင်း ဝင်ရောက်ခြင်းနှင့် လာရောက်အပန်းဖြေခြင်းများကို တားမြစ်ထားသည့် လုံခြုံရေးစည်းအသစ်များ တားထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ- Then Chih Wey/Xinhua)

စင်ကာပူ၊ အောက်တိုဘာ ၃၀ ရက် (ဆင်ဟွာ)

တရုတ်ပြည်မကြီးမှ ရက်တိုခရီးသွားဧည့်သည်များအား စင်ကာပူနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး COVID-19 ကင်းစင်ကြောင်းစစ်ဆေးပြီးပါက ၁၄ ရက် သီးခြားနေထိုင်ရန် မလိုအပ်ကြောင်း စင်ကာပူ မြို့ပြလေကြောင်း အာဏာပိုင်အဖွဲ့ (CAAS) က အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။

ခရီးသည်များအနေဖြင့် နိုဝင်ဘာ ၆ ရက်မှစတင်ပြီး လေဆိပ်သို့ ဆိုက်ရောက်ချိန်တွင် COVID-19 Polymerase Chain Reaction (PCR) စစ်ဆေးမှု ခံယူရမည်ဖြစ်သည်။ စစ်ဆေးပြီးနောက် ခရီးသည်များသည် လေဆိပ်မှ ၎င်းတို့ဖော်ပြထားသည့် တည်းခိုရာနေရာသို့ ပုဂ္ဂလိက ပို့ဆောင်ရေး၊  တက္ကစီ သို့မဟုတ် သီးသန့်ငှားယူထားသောကားများဖြင့် သွားရောက်ရမည်ဖြစ်သည်။  စစ်ဆေးမှုရလဒ်များကို ၄၈ နာရီအတွင်းနှင့် ပုံမှန်အားဖြင့် ၁၂ နာရီအတွင်း ထုတ်ပြန်မည် ဖြစ်သည်။

ခရီးသည်များအနေဖြင့် စစ်ဆေးမှုရလဒ်တွင် ပိုးကင်းစင်ကြောင်း အတည်မပြုသေးမီအထိ တည်းခိုရာနေရာတွင် သီးခြားနေထိုင်ရမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့သည် စင်ကာပူနိုင်ငံတွင် ဆောင်ရွက်စရာရှိသည်များ ဆောင်ရွက်နိုင်ပြီဖြစ်သည်။

အဆိုပါ ခရီးသည်များသည် စင်ကာပူနိုင်ငံသို့ နိုဝင်ဘာ ၆ ရက် သို့မဟုတ် ထိုနေ့နောက်ပိုင်းတွင် ဝင်ရောက်ရန် လေကြောင်းခရီးသွားခွင့်ပြုချက်ကို အောက်တိုဘာ ၃၀ ရက်မှစတင်၍ လျှောက်ထားနိုင်ကြောင်း CAAS အဆိုအရ သိရသည်။

ယခုဆောင်ရွက်ချက်သည်  ယခင်က သြစတြေးလျနိုင်ငံ (ဗစ်တိုးရီးယားပြည်နယ်မပါဝင်) ၊ ဘရူနိုင်း၊ နယူးဇီလန်၊ ဗီယက်နမ် စသည့်နိုင်ငံများမှ ခရီးသည်များကို နယ်စပ်ကန့်သတ်ချက်များ ဖြေလျှော့ခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
စင်ကာပူနိုင်ငံတွင်း COVID-19 ပျံ့နှံ့မှုကိုထိန်းချုပ်နိုင်ရန် ကြိုးပမ်းမှုအဖြစ် မတ်လ ၂၃ ရက် ၂၃:၅၉ နာရီ မှစတင်ပြီး  ရက်တိုခရီးသည်များအားလုံးကို  ဝင်ရောက်ခွင့်နှင့် တစ်ထောက်နားခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။  (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117