Connect with us

WORLD

ဂျာမနီနိုင်ငံတွင် စားသောက်ဆိုင်နှင့်အားကစားယဉ်ကျေးမှုအဆောက်အဦများအား ယာယီပိတ်ထား၊ တောင်အာဖရိကနိုင်ငံ သမ္မတ စတင် သီးခြားခွဲနေ ကျန်းမာရေးစောင့်ကြည့်

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်၏ မြင်ကွင်းများအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၉ ရက်(ဆင်ဟွာ)

ဂျာမနီနိုင်ငံတွင် စားသောက်ဆိုင်နှင့်အားကစားယဉ်ကျေးမှုအဆောက်အဦများအား ယာယီ ပိတ်ထားကြောင်းနှင့် တောင်အာဖရိကနိုင်ငံ သမ္မတသည် ကိုဗစ်အတည်ပြုလူနာနှင့်ထိတွေ့မှုရှိခဲ့ခြင်းကြောင့် စတင် သီးခြားခွဲနေပြီ ဖြစ်ကြောင်း အောက်တိုဘာ ၂၈ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၂၈ ရက် ဗဟိုဥရောပ စံတော်ချိန်(CET) ၁၅ နာရီ ၅၈ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၀၄,၁၅၉ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၇၈၀ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄၃,၇၆၆,၇၁၂ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၁၆၃,၄၅၉ ဦး ရှိကြောင်း သိရသည်။

ဂျာမနီနိုင်ငံ မြို့တော် ဘာလင်၏ မြင်ကွင်းများအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၂၉ ရက် ၇ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၄,၃၅၁,၀၀၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၁၇၂,၀၈၆ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၈,၈၄၈,၈၇၅ ဦး နှင့် သေဆုံးသူ ၂၂၇,၆၀၄ ဦး ရှိကြောင်း သိရသည်။

(၂) သတင်းအချက်အလက်များ

ရုရှားနိုင်ငံတွင် ပြီးခဲ့သည့်ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၁၆,၂၀၂ ဦးနှင့် စုစုပေါင်းအတည်ပြုလူနာ ၁,၅၆၃,၉၇၆ ဦး ၊ စုစုပေါင်း သေဆုံးသူ ၂၆,၉၃၅ ဦး ၊ ရောဂါ သက်သာပျောက်ကင်းသူ ၁,၁၇၁,၃၀၁ ဦး ရှိကြောင်း ရုရှား ကပ်ရောဂါကာကွယ်ထိန်းချုပ်မှု ညွှန်ကြားရေးဌာန၏ အောက်တိုဘာ ၂၈ ရက် သတင်းများအရ သိရသည်။ ရောဂါပြန့်ပွားမှုကို တားဆီးရန်အတွက် ထိုနေ့မှစ၍ အများပြည်သူ သွားလာစုဝေးရာနေရာများတွင် နှာခေါင်းစည်းမဖြစ်မနေတပ်ဆင်ရမည် ဖြစ်ကြောင်း သိရသည်။

ဂျာမနီနိုင်ငံ ဖရန့်ဘတ်မြို့၏ မြင်ကွင်းများအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ဂျာမနီနိုင်ငံတွင် အောက်တိုဘာ ၂၈ ရက် ၀၀:၀၀ နာရီအထိ ကိုဗစ်အတည်ပြုလူနာသည် ပြီးခဲ့သည့်ရက်ကထက် ၁၄,၉၆၄ ဦးထက်တိုးလာရာ ၎င်းမှာ ကပ်ရောဂါကာလ တစ်ရက်အတွင်း အတည်ပြုလူနာ အများဆုံးစံချိန်ဖြစ်ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာနာ RKI သုတေသနဌာန (Robert Koch Institute)၏ ယင်းနေ့တွင် ထုတ်ပြန်သည့် နောက်ဆုံးရ ကိန်းဂဏန်းများအရ သိရသည်။

ဂျာမနီနိုင်ငံ ဖရန့်ဘတ်မြို့၏ မြင်ကွင်းများအား အောက်တိုဘာ ၂၄ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

တစ်နိုင်ငံလုံးအတိုင်းအတာအရ အရေးပေါ်အခြေအနေ မရောက်စေရန် နိုဝင်ဘာ ၂ ရက်မှစ၍ စားသောက်ဆိုင်၊ အရက်ဘား၊ ရုပ်ရှင်ပြဇတ်၊ အပန်းဖြေနေရာ၊ အားကစားရုံ၊ အလှပြင်ဆိုင်စသည့် စားသောက်ဆိုင်နှင့်ယဉ်ကျေးမှုအားကစားအဆောက်အဦများအား နိုဝင်ဘာ လကုန်အထိ ပိတ်ထားရန် ၊ စားသောက်များက ပါဆယ်စနစ်ဖြင့်ရောင်းချရန် လုပ်ဆောင်ဖို့ ဂျာမနီ ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရများ အောက်တိုဘာ ၂၈ ရက်တွင် သဘောတူညီချက်ရရှိခဲ့သည်။

ဆလိုဗေးနီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း အသစ်ထပ်တိုးအတည်ပြုလူနာ ၂,၆၀၅ ဦး ရှိရာ ၎င်းမှာ ထပ်တိုးလူနာဦးရေ ပထမဆုံးအကြိမ်အဖြစ် ၂,၀၀၀ ကျော် ရှိခြင်း ဖြစ်ပြီး စုစုပေါင်းအတည်ပြုလူနာ ၂၈,၁၅၆ ဦး ၊ ထပ်တိုးသေဆုံးသူ ၁၄ ဦးနှင့် စုစုပေါင်း သေဆုံးသူ ၂၇၈ ဦး ရှိကြောင်း ယင်းနိုင်ငံ အစိုးရ၏ အောက်တိုဘာ ၂၈ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

အီရန်လွှတ်တော်ဥက္ကဋ္ဌ Ghalibaf သည် အောက်တိုဘာ ၂၈ ရက်တွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအတည်ပြုခံခဲ့ကြောင်း Tasnim သတင်းအေဂျင်စီ၏ သတင်းများအရ သိရသည်။ ရုံးမှ လုပ်ဖောင်ကိုင်ဖက်တစ်ဦး ကိုဗစ် ကူးစက်ခံခဲ့ရကြောင်း ၊မိမိဆေးစစ်သည့်အခါတွင် positiveဖြစ်နေသောကြောင်း Ghalibafက ၎င်း၏ လူမှုမီဒီယာ တွစ်တာတွင် ရေးသားထားသည်။ လက်ရှိတွင် Ghalibafသည် သီးခြားခွဲနေ ကုသမှုခံယူလျက်ရှိပြီး လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ သမ္မတ မွန်ဂျေအင်းက အောက်တိုဘာ ၂၈ ရက် လွှတ်တော်၏ ၂၀၂၁ ခုနှစ် အစိုးရ ဘတ်ဂျတ်လျာထားချက် မိန့်ခွန်းပြောကြားခဲ့သည်။ တောင်ကိုရီးယားအစိုးရအနေဖြင့် စီးပွားရေးပြန်လည် နိုးထတက်ကြွလာစေရန် ရောဂါကာကွယ်ထန်းချုပ်ရေးနှင့် စီးပွားရေးတိုးတက်မှုတွန်းအားပေးလုပ်ငန်းများကို အစွမ်းကုန် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း မွန်ဂျေအင်းက ပြောကြားခဲ့သည်။

တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosaသည် ကိုဗစ်အတည်ပြုလူနာနှင့် ထိတွေ့မှုရှိသောကြောင့် စတင်သီးခြားခွဲနေ ကျန်းမာရေးအခြေအနေစောင့်ကြည့်လျက်ရှိရာ လက်ရှိတွင် မည်သည့် ရောဂါလက္ခဏာမျှမရှိကြောင်း တောင်အာဖရိက သမ္မတရုံးက အောက်တိုဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ Cyril Ramaphosaသည် အောက်တိုဘာ ၂၄ ရက်တွင် ဧည့်သည် ၃၀ ဦး ကျော် ပါဝင်သည့် ပရဟိတရန်ပုံငွေ ညစာစားပွဲသို့တက်ရောက်ခဲ့ကြောင်း သိရသည်။ ညစာစားပွဲတွင် ညစာစားပွဲသို့ တက်ရောက်သူတိုင်းအား ကိုယ်အပူချိန်တိုင်းခြင်း၊ ပွဲကျင်းပရာကာလတစ်လျှောက် နှာခေါင်းစည်းတပ်ခြင်း၊ social distance ထားရှိခြင်းများ ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများအတိုင်း တင်းကျပ်စွာ လုပ်ဆောင်ခဲ့ကြောင်း၊ သို့သော်လည်း Cyril Ramaphosa ညစာသုံးဆောင်ချိန်နှင့် မိန့်ခွန်းပြောကြားချိန်တွင် နှာခေါင်းစည်းချွတ်ခဲ့ကြောင်း ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.