ရောမ၊အောက်တိုဘာ ၂၆ ရက်(ဆင်ဟွာ) အီတလီနိုင်ငံတွင် ကပ်ရောဂါကာကွယ်ထိန်းချုပ်မှုများ ပိုမိုအားကောင်းစေရန် နည်းလမ်းသစ်များ ချမှတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း အီတလီ ဝန်ကြီးချုပ် Giuseppe Conteက အောက်တိုဘာ ၂၅ ရက်တွင် ကြေညာခဲ့သည်။
ပေကျင်း၊အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ) COVID-19 ရောဂါ ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူ့အများအသုံးပြုနိုင်ဖို့ ဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့ကြောင်းနှင့် ရုရှားနိုင်ငံတွင် အစိုးရအရာရှိများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အောက်တိုဘာ ၂၆ ရက် သတင်းများအရ သိရသည်။
ဝါရှင်တန်၊အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံတွင် အောက်တိုဘာ ၂၃ ရက်က ကိုဗစ် ထပ်တိုးအတည်ပြုလူနာ ၈၂,၉၂၉ ဦး ရှိခဲ့ရာ ၎င်းမှာ ကပ်ရောဂါကာလအတွင်း ထပ်တိုးလူနာသစ်ဦးရေး အများဆုံး စံချိန်ဖြစ်ခဲ့ပြီး အသစ်ထပ်တိုးသေဆုံးသူ ၉၄၆ ဦး ရှိကြောင်း ကူးစက်ရောဂါ ထိန်းချုပ်ရေး နှင့် ကာကွယ်ရေးစင်တာ(CDC)ဝဘ်ဆိုက်၏ အောက်တိုဘာ...
ဝါရှင်တန် ၊ အောက်တိုဘာ ၂၅ ရက်(ဆင်ဟွာ) အမေရိကန်နိုင်ငံ ဒုတိယသမ္မတမိုက်ပန့်စ်၏ (chief of staff) ရုံးအဖွဲ့မှူးဖြစ်သူ Marc Short အား အောက်တိုဘာ ၂၄ ရက်က COVID-19 ရောဂါ စစ်ဆေးရာတွင် positive ရလဒ်အဖြေထွက်ပေါ်ခဲ့ကြောင်း သိရသည်။
မက္ကဆီကိုစီးတီး ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ် သုတေသီ Clement Ruiz ကလတ်တလောရက်ပိုင်းအတွင်း မက္ကဆီကိုနိုင်ငံ သတင်းစာတစ်ခုဖြစ်သည့် “ဘဏ္ဍာရေးသတင်း” ၌ ဆောင်းပါးတစ်ပုဒ်ရေးသားရာတွင် ကမ္ဘာ့နိုင်ငံအသီးသီးအနေဖြင့် တရုတ်နိုင်ငံ၏ ကပ်ရောဂါတိုက်ဖျက်မှု အတွေ့အကြုံအားလေ့လာသင်ယူသင့်ကြောင်း ထည့်သွင်းရေးသားခဲ့သည်။
ဘိုဂိုတာ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ) ကိုလံဘီယာနိုင်ငံ ဒုတိယ သမ္မတ Marta Lucia Ramirez က ၎င်းတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်နေကြောင်းနှင့် နေအိမ်တွင် ၁၅ ရက်ကြာ သီးခြားနေထိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)ထိုင်းနိုင်ငံတွင် COVID-19 ရောဂါဖြစ်ပွားချိန်မှစ၍ ပထမဆုံးရောက်ရှိလာသော ကမ္ဘာလှည့်ခရီးသွားများတွင် COVID-19 ရောဂါပိုးမတွေ့ရှိရကြောင်း အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်၌ သတင်းထုတ်ပြန်ခဲ့သည်။
တက်ရှ်ခန့်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ဥဇဘက်ကစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး (recombinant coronavirus vaccine) လက်တွေ့စမ်းသပ်မှုများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တီထွင်ဆန်းသစ်မှု ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဘန်ကောက်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနသည် ကမ္ဘာလှည့်ခရီးသည်များအတွက် အသွားအလာ ကန့်သတ်စောင့်ကြည့်ရက်ကို ၁၄ ရက်မှ ၁၀ ရက်သို့ လျှော့ချရန် ရည်ရွယ်ထားကြောင်း အောက်တိုဘာ၂၁ ရက်တွင် ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။အဆိုပါ ကြေညာချက်သည် အောက်တိုဘာ ၂၀ ရက်က တရုတ်နိုင်ငံမှ...
မက်ဒရစ်၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ) စပိန်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်တွင် COVID-19 ရောဂါ အသစ်ကူးစက်ခံရသူ ၁၆,၉၇၃ ဦးရှိကြောင်း အတည်ပြုပြီးနောက် ကပ်ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ စပိန်နိုင်ငံ၏ COVID-19 ကူးစက်ခံရသူ အရေအတွက် တစ်သန်းကျော်သွားပြီဖြစ်ကာ စုစုပေါင်း ၁,၀၀၅,၂၉၅ ဦးအထိရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။