Connect with us

WORLD

ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူ့များအသုံးပြုနိုင်ဖို့ ဆောင်ရွက်ကြရန် ဂူတာရက်စ် တိုက်တွန်း၊ ရုရှားနိုင်ငံတွင် အစိုးရအရာရှိများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏မြင်ကွင်းများအား အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၇ ရက်(ဆင်ဟွာ)

COVID-19 ရောဂါ ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူ့အများအသုံးပြုနိုင်ဖို့ ဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က တိုက်တွန်းပြောကြားခဲ့ကြောင်းနှင့် ရုရှားနိုင်ငံတွင် အစိုးရအရာရှိများ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရကြောင်း အောက်တိုဘာ ၂၆ ရက် သတင်းများအရ သိရသည်။

(၁) ကမ္ဘာလုံးဆိုင်ရာ ကိန်းဂဏန်းအချက်အလက်များ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏ ထုတ်ပြန်သော ကိန်းဂဏန်းများအရ အောက်တိုဘာ ၂၆ ရက် ဗဟိုဥရောပစံတော်ချိန်(CET) ၁၇ နာရီ ၀၆ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ အရေအတွက်သည် ပြီးခဲ့သောရက်ကထက် ၄၃၅,၅၂၈ ဦး တိုးမြင့်လာပြီး အသစ်ထပ်တိုးသေဆုံးသူ ၅,၁၇၂ ဦး ရှိရာ စုစုပေါင်း အတည်ပြုလူနာ ၄၂,၉၆၆,၃၄၄ ဦး နှင့် စုစုပေါင်း သေဆုံးသူ ၁,၁၅၂,၆၀၄ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဂျွန်ဟော့ကင်းတက္ကသိုလ်၏ ထုတ်ပြန်သည့် ကိန်းဂဏန်းအချက်အလက်များအရ ပေကျင်း စံတော်ချိန် အောက်တိုဘာ ၂၇ ရက် ၇ နာရီ ၂၄ မိနစ်အထိ ကမ္ဘာတစ်ဝန်း COVID-19ရောဂါ အတည်ပြုလူနာ စုစုပေါင်း ၄၃,၃၈၅,၅၈၁ ဦး၊ စုစုပေါင်း သေဆုံးသူ ၁,၁၅၇,၇၁၄ ဦး ရှိပြီဖြစ်ကြောင်း သိရသည်။အမေရိကန်နိုင်ငံသည် တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအခြေအနေ အဆိုးဝါးဆုံး နိုင်ငံဖြစ်ပြီး အတည်ပြုလူနာ ၈,၆၉၅,၃၇၅ ဦး နှင့် သေဆုံးသူ ၂၂၅,၆၃၄ ဦး ရှိကြောင်း သိရသည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့၏မြင်ကွင်းများအား အောက်တိုဘာ ၂၅ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

 (၂) သတင်းအချက်အလက်များ

ကပ်ရောဂါတိုက်ဖျက်ရေး နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မောင်းတင်အားဖြည့်ဆောင်ရွက်ရန်နှင့် ကာကွယ်ဆေးအား ကမ္ဘာ့ပြည်သူ့ကုန်ပစ္စည်းအဖြစ် ဆောင်ရွက်ကြရန် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဂူတာရက်စ်က အောက်တိုဘာ ၂၅ ရက်တွင် ကျင်းပသည့် ၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ ကျန်းမာရေး ထိပ်သီးအစည်းအဝေးပွဲ ဖွင့်ပွဲအခမ်းအနားတွင် ဗွီဒီယိုမှတစ်ဆင့် ပြောကြားခဲ့သည်။

TASSသတင်းဌာန၏ အောက်တိုဘာ ၂၆ ရက် သတင်းများအရ ရုရှားနိုင်ငံ Irkutsk Oblastပြည်နယ်အုပ်ချုပ်ရေးမှူး ၊ Kemerovo Oblastပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် Izhevskမြို့ မြို့တော်ဝန်တို့ ပြီးခဲ့သည့်ရက်များတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း သိရသည်။ လက်ရှိတွင် ၎င်းတို့၏ကျန်းမာရေအခြေအနေ ကောင်းမွန်ကြောင်းနှင့် သီးခြားခွဲ၍ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ယိုရှီဟီဒဲ ဆူဂါသည် အောက်တိုဘာ ၂၆ ရက်တွင် ၎င်းဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ပြီးနောက် ပထမဆုံးအကြိမ် မူဝါဒမိန်ခွန်း ပြောကြားခဲ့ပြီး ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်တားဆီးရေးပေါ် အခြေတည်၍ လူမှုစီးပွားလှုပ်ရှားမှုများ ပြန်လည်စတင်ကာ စီပွားရေးဆောလျဉ်စွာ ပြန်လည်နိုးထလာနိုင်အောင် ဆောင်ရွက်မည်ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

ယူကရိန်းနိုင်ငံ သိပ္ပံသုတေသီများက နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးအား သုတေသနပြုထုတ်လုပ်လျက်ရှိရာ ယင်းကာကွယ်ဆေးကို တူရကီနှင့်အမေရိကန်နိုင်ငံ ဓါတ်ခွဲခန်းများက လက်တွေ့စမ်းသပ်သုတေသနပြုရန် လက်ခံခဲ့ကြောင်း၊ ယူကရိန်း၏ ကိုဗစ်ကာကွယ်ဆေးထုတ်လုပ်မှုသည် အနည်းဆုံး ၁ နှစ်ခန့် ကြာမည်ဖြစ်ကြောင်း ယူကရိန်းကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး Stepanov က အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြီးခဲ့သည့် ၂၄ နာရီအတွင်း ကိုဗစ်အတည်ပြုလူနာ ၁,၄၃၆ ဦးနှင့် စုစုပေါင်း အတည်ပြုလူနာ ၄ သိန်း ကျော်ဖြင့် ၄၀၀,၂၅၁ ဦး ၊ စုစုပေါင်းသေဆုံးသူ ၅.၈၁၈ ဦး ရှိကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၆ ရက်တွင် ထုတ်ပြန်သည့် ကိန်းဂဏန်းများအရ သိရသည်။

တရုတ်နိုင်ငံမှ ပါလက်စတိုင်း ပြည်တွင်းနှင့်ပြည်ပရှိ ဒုက္ခသည်များကို လှူဒါန်းပေးအပ်သည့် ကပ်ရောဂါကာကွယ်ရေး ပစ္စည်းများ သက်ဆိုင်ရာနိုင်ငံများသို့ ယခုရက်ပိုင်းအတွင်း ရောက်ရှိမည် ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကူညီဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံက ပါလက်စတိုင်းစသည့် အာရေဗျနိုင်ငံများ၏ ကပ်ရောဂါတိုက်ဖျက်ရေးအတွက် ခိုင်မာသည့် ကူညီအားပေးမှုတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက အောက်တိုဘာ ၂၆ ရက်တွင် ပြောကြားခဲ့သည်။(Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117