Connect with us

WORLD

နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ဆောင်းရာသီတွင် ပို၍ ဆိုးဝါးလာနိုင်သလား

ဂျာမနီနိုင်ငံ ဒပ်ဆဲလ်ဒေါ့ဖ်မြို့တွင် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် ဓါတ်ခွဲနမူနာရယူနေသည်ကို အောက်တိုဘာ ၁၆ ရက်က တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊အောက်တိုဘာ ၂၈ ရက်(ဆင်ဟွာ)

ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ဆောင်းရာသီကာလ ရောက်ရှိတော့မည်ဖြစ်ရာ အပူချိန် အဆက်မပြတ်ကျဆင်းလျက် ရှိသည့်အပေါ် သုတေသီများက နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုသည် တစ်ဆင့်တိုးပို၍ ဆိုးဝါးလာနိုင်ကြောင်း၊ ၎င်းမှာ ဗိုင်းရပ်စ်၏ ပင်ကိုဗီဇလက္ခဏာ ၊ လူအများ၏ လူမှုဆက်ဆံရေးအလေ့အထစသည့် အကြောင်းအရာများနှင့် ဆက်စပ်နေကြောင်း သတိပေးပြောကြားထားသည်။

အသက်ရှူလမ်းကြောင်း ရောဂါပိုးမွှားများသည် ဆောင်းရာသီတွင် ပြန့်ပွားတတ်၍ နွေရာသီတွင် ပျောက်ဆုံးတတ်လေ့ရှိသည်။ ဗြိတိန် Nature ဂျာနယ် ဝဘ်က်ဆိုက်က ပြီးခဲ့သည့်ရက်များတွင် သုတေသီများ၏ အမြင်သဘောထားကို ကိုးကား၍ သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ် ဖော်ပြခဲ့သည်။လက်ရှိ ဒေတာအချက်အလက်များအရ နိုဗယ်လ်ကိုရိုနာဗိုင်းရပ်စ်သည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကဲ့သို့ ရာသီအလိုက် ကူးစက်သည့် ဗိုင်းရပ်စ်အဖြစ် ပြောင်းလဲရန် အချိန်စော များစွာ စောနေသေးကြောင်း ၊ သို့သော်လည်း ဆောင်းရာသီ အပူချိန်ကျသည့်အခါတွင် ကူးစက်မှုပို၍အားကောင်းလာနိုင်သောကြောင့် လာမည့်လပိုင်းများတွင် ကမ္ဘာ့မြောက်ဘက်ခြမ်း၌ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရန် ပို၍ခက်ခဲလာစေမည်ဖြစ်ကြောင်း ဆိုသည်။

အမေရိကန်နိုင်ငံ စတန်းဖို့ဒ် တက္ကသိုလ်(Stanford University)၏ အဏုဇီဝဗေဒပညာရှင် David A. Relmanက လာမည့်လပိုင်းများတွင် ကိုရိုနာဗိုင်းရပ်စ်၏ကွန့်မြူးသည့်ကာလကို ရောက်ရှိတော့မည်ဖြစ်ကြောင်း ဆိုသည်။ ဆောင်ရာသီကာလ အပူချိန်ကျဆင်းခြင်းသည် ကိုဗစ်ကပ်ရောဂါ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပြန့်ပွားမှုကို တွန်းအားဖြစ်လာစေနိုင်သည့် သက်သေအထောက်အထား များလာကြောင်း သိရသည်။

ပထမအနေဖြင့် လက်ရှိ ဓါတ်ခွဲခန်းသုတေသနများက ကိုရိုနာဗိုင်းရပ်စ်သည် ခြောက်သွေး၍အေးမြသည့်ပတ်ဝန်းကျင်ကို ပိုကြိုက်ရာ အထူးသဖြင့် နေရောင်ခြည်တိုက်ရိုက် ထိတွေ့မှုမရှိသည့် ပတ်ဝန်းကျင်တွင် အသက်ရှင်ရန် ပို၍လွယ်ကူကြောင်း ဖော်ပြကြသည်။ အမေရိကန်နိုင်ငံ Princeton University၏ ဇီဝဗေဒပညာရှင် Dylan H. Morrisက ကမ္ဘာ့မြောက်ဘက်အခြမ်း ဆောင်းရာသီကာလတွင် အခန်းတွင်းအပူချိန်သည် အပူပေးပါက ၂၀ ဒီဂရီ စင်တီရိတ်ခန့် ထိန်းထားနိုင်ပြီး အခန်းတွင်းလေဝင်လေထွက်မကောင်းခြင်း၊ ခြောက်သွေ့ခြင်းများက ဗိုင်းရပ်စ်တည်ငြိမ်မှုရှိစေရန် အကျိုးဖြစ်နေစေကြောင်း ဆိုသည်။

ဒုတိယအနေဖြင့် ဆောင်းရာသီကာလတွင် လူအများက လေမတိုက်လေဝင်လေထွက်မရှိသည့်အခန်းတွင်းတွင် တွေ့ဆုံလေ့ရှိရာ ၎င်းမှာ ဗိုင်းရပ်စ်ပြန့်ပွားမှုအန္တရာယ်ကို ပို၍ဆင့်ပွားစေနိုင်သည်။
ရာသီဥတုသည် ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှု၏တွန်းအားအကြောင်းတရားတစ်ခု ဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု အနာဂတ်အခြေအနေ၏ တွန်းပို့အားဖြစ်ခြင်း အလွယ်တကူကူးစက်နိုင်မှုရှိနေဆဲဖြစ်မည်ဟု ပညာရှင်များက ဆိုသည်။Princeton Universityကူးစက်ရောဂါဗေဒပညာရှင် Rachel Bakerက လက်ရှိ ကိုရိုနာဗိုင်းရပ်စ် အလွယ်တကူ ကူးစက်နိုင်သည့် လူများ၏အရေအတွက်သည် ဧရာမများပြားလျက်ရှိကြောင်း ဆိုသည်။ ၎င်းသည် နွေရာသီကာလကို ရောက်တော့မည် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအတွက်လည်း သတိလက်လွတ်ပေါ့လျော့စွာနေ၍မရနိုင်ကြောင်း ဆိုလိုနေသည်။

လက်ရှိအချိန်ထိ ကပ်ရောဂါ ဖြစ်ပွားမှုပမာဏကို သက်ရောက်နိုင်သည့် အဓိကအကြောင်းအရင်းသည် Social distanceနှင့် ပါးစပ်နှာခေါင်းစည်းတပ်ဆင်ခြင်း စသည့် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများသာဖြစ်ကြောင်း Bakerဆိုသည်။ ကမ္ဘာ့မြောက်ဘက်ခြမ်းနိုင်ငံများအနေဖြင့် ဆောင်းရာသီကာလတွင် ပို၍တင်းကျပ်သည့် ကိုဗစ်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများကို ဆောင်ရွက်သင့်ကြောင်း၊ထို့မှသာ ရောဂါပြန့်ပွားမှုနက်ရှိုင်းလာခြင်းကို တားဆီးနိုင်မည်ဖြစ်ကြောင်း Baker၏ သုတေသီအဖွဲ့က ကြံပြုထားသည်။

အမေရိကန် Connecticutတက္ကသိုလ် ပညာရှင် Cory Merow က ရာသီဥတုသည် ကိုဗစ်ကပ်ရောဂါကို သက်ရောက်နိုင်သည့် အကြောင်းအရင်းတစ်ခုသာဖြစ်ကြောင်း ၊ ဆောင်းရာသီကာလတွင် ကူးစက်နိုင်ခြေအန္တရာယ်ပို၍ မြင့်မားသော်လည်း လူအများအနေဖြင့် ကောင်းမွန်သည့် ရောဂါကာကွယ်ရေးနည်းလမ်းများကို တစ်ဦးတစ်ယောက်ချင်းက လိုက်နာစောင့်ထိန်းမည်ဆိုပါက ကူးစက်မှုအန္တရာယ်ကို များစွာလျှော့ချနိုင်ကြောင်း ဆိုသည်။ (Xinhua)