Connect with us

WORLD

မက္ကဆီကိုနိုင်ငံ သမ္မတ က COVID-19 ကြောင့်သေဆုံးခဲ့သူများအတွက် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ၃ ရက် ကြေညာ

မက္ကဆီနိုင်ငံ သမ္မတ Andres Manuel Lopez Obrador ကို တွေ့ရစဉ် (ဓာတ်ပုံ- Str/Xinhua)

မက္ကဆီကိုစီးတီး၊ အောက်တိုဘာ ၂၈ ရက် (ဆင်ဟွာ)

မက္ကဆီကိုနိုင်ငံတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကြောင့် သေဆုံးခဲ့သူများကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်ကြေကွဲဝမ်းနည်းဖွယ်ရာနေ့ ၃ ရက် ကြေညာရန် စီစဉ်ထားကြောင်း သမ္မတ Andres Manuel Lopez Obrador က အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါနေ့ရက်များသည် မက္ကဆီကို၌ နိုဝင်ဘာလဆန်းပိုင်းတွင် ချစ်ခင်ရသူများဆုံးရှုံးခြင်းအတွက် မိသားစုဝင်များက ဝတ်ပြုစင်များ ပြုလုပ်လေ့ရှိသော သေဆုံးသူများအတွက်ရိုးရာပွဲများ ကျင်းပချိန်နှင့်လည်း တိုက်ဆိုင်မည်ဖြစ်သည်။“ဒီကပ်ရောဂါက မိတ်ဆွေသူငယ်ချင်းတွေ အများအပြားဆုံးပါးခဲ့ရတာကြောင့် ကျွန်တော်တို့တွေကို နာကျင်မှုတွေ ဖြစ်စေခဲ့တယ်” ဟု မက္ကဆီကိုစီးတီးရှိ အမျိုးသားနန်းတော်တွင်ပြုလုပ်သည့် နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ သမ္မတက ပြောခဲ့သည်။

နိုင်ငံတော် ကြေကွဲဝမ်းနည်းဖွယ်နေ့ရက်သုံးရက်တာအဖြစ် အောက်တိုဘာ ၃၁ ရက်၊ နိုဝင်ဘာ ၁ ရက်နှင့် ၂ ရက်နေ့များတွင် ပြုလုပ်မည်ဖြစ်ပြီး အများပြည်သူအဆောက်အအုံအားလုံး၌ မက္ကဆီကိုနိုင်ငံအလံကို တိုင်တစ်ဝက်လွှင့်ထူထားကြမည် ဖြစ်သလို တင်းကျပ်သည့် ကျန်းမာရေးဆောင်ရွက်မှုများအောက်တွင် အမျိုးသားနန်းတော်၌ သေဆုံးသူများအတွက် ဝတ်ပြုစင် ထားရှိမည်ဖြစ်ပြီး သေဆုံးသူများ၏ ဆွေမျိုးများသာ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။မက္ကဆီကိုနိုင်ငံတွင် COVID-19 ရောဂါကြောင့် သေဆုံးသူစုစုပေါင်းမှာ ၈၉,၁၇၁ ဦး ရှိပြီး ကူးစက်ခံရသူအရေအတွက်မှာ ၈၉၅,၃၂၆ ဦး ရှိကြောင်းသိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117