Connect with us

WORLD

ကိုလံဘီယာနိုင်ငံ ဒုတိယ သမ္မတ COVID-19 ကူးစက်ခံရ

ကိုလံဘီယာနိုင်ငံ ဒုတိယ သမ္မတ Marta Lucia Ramirez (ဝဲဘက် ဒုတိယမြောက်) ကို နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ပြုလုပ်သော Women in Power ဆိုင်ရာ အဆင့်မြင့်ဆွေးနွေးပွဲ၌ တွေ့ရစဉ် (ဆင်ဟွာ)

ဘိုဂိုတာ၊ အောက်တိုဘာ ၂၄ ရက် (ဆင်ဟွာ)

ကိုလံဘီယာနိုင်ငံ ဒုတိယ သမ္မတ Marta Lucia Ramirez က ၎င်းတွင် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် (COVID-19) ကူးစက်နေကြောင်းနှင့် နေအိမ်တွင် ၁၅ ရက်ကြာ သီးခြားနေထိုင်သွားမည်ဖြစ်ကြောင်း အောက်တိုဘာ ၂၃ ရက်တွင် ပြောကြားခဲ့သည်။

“Manizales မြို့မှာ အုပ်ချုပ်ရေးမှူးများ ထိပ်သီးအစည်းအဝေးအတွက် ခရီးသွားဖို့ စီစဉ်တဲ့အတွက် မနေ့က COVID-19 စစ်ဆေးမှု ခံယူခဲ့ပါတယ်။ ရလဒ်ကတော့ ရောဂါပိုးတွေ့ရှိတဲ့အကြောင်း ကိုလံဘီယာနိုင်ငံသားတွေကို အသိပေးတာဖြစ်ပါတယ်။ ဘုရားကျေးဇူးတော်ကြောင့် ကျွန်မ နေကောင်းလျက်ရှိပြီး တစ်ယောက်တည်း သီးသန့်နေထိုင်ရေးကို လိုက်နာသွားမှာပါ”ဟု ဒုတိယသမ္မတက တွစ်တာတွင် ရေးသားခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုများကို လေးစားလိုက်နာခြင်းဖြင့် ဒုတိယသမ္မတနှင့်ထိတွေ့ခဲ့သော ကူးစက်နိုင်ခြေရှိသူများကို ရှာဖွေရန် ခြေရာခံရေးလုပ်ငန်းစဉ် စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း ဒုတိယသမ္မတရုံးက ကြေညာချက်တစ်ခုတွင် ပြောကြားထားသည်။

“ကိုလံဘီယာနိုင်ငံသားအားလုံးအနေနဲ့ ဇီဝလုံခြုံရေးဆောင်ရွက်ချက်တွေကို ဆက်လက်လိုက်နာဖို့နဲ့ဘေးကင်းရေးတုံ့ပြန်ဆောင်ရွက်ချက်များကို ဆက်လက်လုပ်ဆောင်ကြဖို့ ထပ်လောင်းပြောကြားထားပါတယ်” ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

ကိုလံဘီယာနိုင်ငံတွင် အောက်တိုဘာ ၂၂ ရက်ညအထိ COVID-19 ကူးစက်ခံရသူ ၉၉၀,၂၇၀ ဦး ရှိပြီး သေဆုံးသူ ၂၉,၆၃၆ ဦးရှိကြောင်း ကျန်းမာရေးနှင့်လူမှုကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.