Connect with us

Culture & Entertainment

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာမြို့ရှိ မျက်မှောက်ခေတ်လက်ရာသရေခေတ္တရာနန်းမြိုရိုးပြိုကျ

သရေခေတ္တရာမြို့ရှိ မျက်မှောက်ခေတ်လက်ရာသရေခေတ္တရာနန်းမြို့ရိုးပြိုကျပြီးနောက်တွေ့ရစဉ် (ဓာတ်ပုံ--သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန)

ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ)

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သရေခေတ္တရာမြို့ရှိ မျက်မှောက်ခေတ်လက်ရာ သရေခေတ္တရာနန်းမြိုရိုး သည် ယနေ့နံနက်၄နာရီအချိန်ခန့်တွင်ပြိုကျခဲ့ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာကို ပြောသည်။

နန်းမြို့ရိုး ၏ အရှေ့ဘက်အခြမ်းပေ၃၀ခန့်ပြိုကျခဲ့ကြောင်း၊သရေခေတ္တရာတွင် မိုးရက်ဆက်ရွာသွန်းလျက်ရှိပြီး

ပြိုကျသည့် အုတ်ရိုးသည်မျက်မှောက်ခေတ် လက်ရာဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ကနဦးသတင်းထုတ်ပြန်ခဲ့သည်။

ဦးအာကာကျော်က “အခုပြိုကျတာက ၁၉၉၀-၁၉၉၁ ဘဏ္ဍာရေးနှစ်မှာ အုတ်တံတိုင်း ကို ပြန်လုပ်ထားတဲ့ မျက်မှောက်ခေတ်လက်ရာဖြစ်တယ်။ မြို့ရိုးတွေ က တစ်ချို့နေရာတွေမှာ လုံးဝအုတ်မရှိတာမျိုး ရှိတယ်။ အခုပြိုကျတဲ့ နန်းမြို့ရိုး က ရှေးခေတ်က သရေခေတ္တရာ ပျူခေတ်လက်ကျန်တော့ မဟုတ်ဘူး’’ ဟုပြောသည်။

ပြည်မြို့တွင် မိုး ၃ ရက် ဆက်တိုက်ရွာသွန်းသည့်အတွက် မြေထိန်းနံရံ ပုံစံမျိုးဖြစ်နေသောကြောင့် သရေခေတ္တရာနန်းမြိုရိုး ပြိုကျခြင်းဖြစ်ကြောင်း၊ သရေခေတ္တရာနန်းတော်၏ မြို့ရိုးကို ရံထားသည့်နန်းမြို့ရိုးဖြစ်ကြောင်းဆိုသည်။

“သရေခေတ်တ္တရာမှာ ပျူခေတ်ရဲ့ မြို့ဟောင်းတွေကို လည်းတူးဖော်တွေ့ရှိထားတာတွေရှိတယ်။ မတူးဖော်ရသေးတာတွေ၊ တူးလက်စ တွေရှိတယ်။ သရေခေတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း ၃မြို့ ပေါင်းပြီး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာဖြစ်တယ်။ ၂၀၁၄ ခုနှစ်မှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့တာဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးတော့ ယူနက်စကို ဘက်က နည်းပညာတွေ ထောက်ပံ့ပေးခဲ့တယ်။ ရှေးဟောင်းသုတေသန နဲ့ အမျိုးသား ပြတိုက်ဦးစီးဌာနက ထိန်းသိမ်းစောင့်ရှောက်တာတွေ လုပ်ဆောင်နေပါတယ်’’ ဟုပြောသည်။

သရေခေတ္တရာသည် ပျူလူမျိုးတို့၏ ရှေးဟောင်းမြို့တော်ဖြစ်သည်။ သရေခေတ္တရာ (သို့မဟုတ်) သီရိခေတ္တရာ ပျူယဉ်ကျေးမှုအမွေအနှစ် နယ်မြေသည် ပြည်မြို့၏ တောင်ဘက်ငါးမိုင်ခန့်အကွာ၊ ရန်ကုန်မြို့၏ အနောက်မြောက်ဘက် မိုင် ၁၈ဝ ခန့်အကွာတွင် တည်ရှိသည်။ သရေခေတ္တရာသည် အေဒီ ၄ ရာစုမှ ၉ ရာစု အတွင်း ထွန်းကားခဲ့သည့် ရှေးပျူမြို့ဟောင်း တစ်ခုဖြစ်သည်။ (Xinhua)