ရန်ကုန်၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ) တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုအဖွဲ့များနှင့် စေတနာရှင် ပြည်သူများက ယနေ့ စက်တင်ဘာ ၁၇ ရက်၌ ရန်ကုန်မြို့ရှိ ဘာသာရေးအသင်းအဖွဲ့များ ထံ အလှူငွေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ရန်ကုန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ) စစ်ကိုင်းတိုင်းဒေသကြီး၊စစ်ကိုင်းမြို့ တွင် ကျောက်မျက်လုပ်ငန်းရှင်များအသင်း (စစ်ကိုင်း)မှ ကြီးမှူး၍ (ပထမ)အကြိမ် ကျောက်မျက် ရတနာအချောထည်နှင့် ကျောက်စိမ်း တွဲများ ရောင်းချပွဲဖွင့်ပွဲအခမ်းအနားကို သြဂုတ်လ ၂၇ ရက် က ခရိုင်ချင်းဆက် လမ်းရှိ ထက်ကျော်ကိုယ်ပိုင် အထက် တန်းကျောင်းဝင်းအတွင်း ကျင်းပခဲ့ကြောင်း...
ရန်ကုန်၊ ဇူလိုင် ၃၀ ရက် (ဆင်ဟွာ) ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်သရေခေတ္တရာမြို့ရှိ မျက်မှောက်ခေတ်လက်ရာ သရေခေတ္တရာနန်းမြိုရိုး သည် ယနေ့နံနက်၄နာရီအချိန်ခန့်တွင်ပြိုကျခဲ့ကြောင်း သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာကို ပြောသည်။
နေပြည်တော်၊ ဇူလိုင် ၂၃ ရက်(ဆင်ဟွာ) ယဉ်ကျေးမှု အမွေအနှစ်များ၏ တန်ဖိုးကို မြတ်နိုးကြပြီး ကမ္ဘာ့ အမွေအနှစ်စာရင်းဝင် ပုဂံဒေသ ရေရှည် ဖွံ့ဖြိုး တိုးတက်ရေးအတွက် အမျိုးသားရေး အမြင်ဖြင့် ဝိုင်းဝန်း ကာကွယ် ထိန်းသိမ်း စောင့်ရှောက်ကြ ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က...
ရန်ကုန်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ) အဇာဘိုင်ဂျန်နိုင်ငံ၊ ဘာကူမြို့၌ ကျင်းပလျက်ရှိသည့် (၄၃)ကြိမ်မြောက် ကမ္ဘာ့အမွေအနှစ် ကော်မတီ ညီလာခံအစည်းအဝေးမှ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ်ဇူလိုင်လ ၆ ရက်တွင် သတ်မှတ်လိုက်ပြီဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဦးအာကာကျော်က ဆင်ဟွာသတင်းဌာနကိုပြောကြားခဲ့သည်။
ရန်ကုန်၊ ဇွန် ၂၆ ရက် (ဆင်ဟွာ) ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်းမှ (၁၂) လရာသီ ပွဲတော်များနှင့် ပန်းများအထိမ်းအမှတ် ဝါဆိုလအတွက် ရဟန်းခံရှင်ပြုပွဲနှင့် ပုန်းညှက်ပန်း ၂၀၀ ကျပ်တန် တံဆိပ်ခေါင်းသစ် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
ရန်ကုန် ၊ ဇွန် ၁၀ ရက်(ဆင်ဟွာ) “ ရှမ်းစော်ဘွားကြီးများ၏ ရှားပါး ဝတ်စုံပြပွဲ (Exhibition of the Rare Traditional Costumes of the Shan SawBwas)” ကို ဇွန် ၉ ရက်မှ ၁၆ ရက် အထိ...
ရန်ကုန်၊ မေ ၁၀ ရက် (ဆင်ဟွာ) ၁၈၈၂ ခုနှစ်တွင် ဗစ်တိုးရီးယားခေတ် ဗိသုကာလက်ရာဖြင့် တည်ဆောက်ခဲ့သော ရန်ကုန်မြို့ ဒဂုံမြို့နယ် စကားဝါလမ်း၏ ရုရှားသံရုံးရှေ့တွင်ရှိသည့် ပဲခူးကလပ် အဆောက်အအုံအား ရန်ကုန်မြို့ ပြအမွေအနှစ်တစ်ခု အဖြစ် ယခုလကုန်တွင် အပြာရောင်ကမ္ပည်းပြားတပ်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။
နေပြည်တော်၊ မေ ၂ ရက်(ဆင်ဟွာ) ရှေးဟောင်း မြန်မာ့ လက်ဝတ်ရတနာများ အထူးပြပွဲ(Special Exhibition of Ancient Myanmar Jewellery) ကို သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနက နေပြည်တော် အမျိုးသား ပြတိုက်၌ မေလ ၂...
ရန်ကုန်၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ) မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ် တန်ခူးလဆန်း ၉ ရက် မဟာသြင်္ကန်ပွဲတော် အကြိုနေ့တွင် မြို့တော်ခမ်းမရှိ ရန်ကုန်မြို့တော်ဗဟိုမဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ သည်။