Connect with us

Culture & Entertainment

ပုဂံယဉ်ကျေးမှု အမွေအနှစ် စေတီပုထိုးများ ပြုပြင်ထိန်းသိမ်းရေး တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ အများဆုံး ကူညီ ထောက်ပံ့

သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦအောင်ကိုအား သတင်းမီဒီယာများမှ မေးမြန်းနေစဉ်(ဆင်ဟွာ)

ပုဂံ ၊ ဖေဖော်ဝါရီ ၁၅ ရက်(ဆင်ဟွာ)

ပုဂံ ဒေသ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးများ ပြန်လည် ပြုပြင်ရေးတွင် တရုတ် ပြည်သူ့သမ္မတ နိုင်ငံမှ အများဆုံး ကူညီထောက်ပံ့မှုများ ပြုလုပ်ထားကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ယနေ့ဖေဖော်ဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်။

“ပုဂံ ဒေသ ယဉ်ကျေးမှု အမွေအနှစ် စေတီ ပုထိုးတွေ ပြန်လည် ပြုပြင်ဖို့အခုဆိုရင် ပြည်တွင်း ၊ ပြည်ပ မိတ်ဆွေ နိုင်ငံတွေက လှူတဲ့ အလှူငွေနဲ့လုံလောက်နေပါပြီ။တရုတ်ပြည်သူ့သမ္မတ နိုင်ငံက လှုဒါန်းငွေကတော့ အဓိက ဖြစ်ပါတယ်။အများဆုံးလဲ ဖြစ်ပါတယ်။လှူဒါန်းထောက်ပံ့မှုနဲ့နည်းပညာပိုင်း ဆိုင်ရာ ကူညီပေးမှုတွေက မြန်မာနဲ့တရုတ် ပြည်သူတွေကြား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးမှုကို ပိုမို ခိုင်မြဲစေမှာ ဖြစ်ပါတယ်။ နှစ်နိုင်ငံ အစိုးရရဲ့ပူးပေါင်းဆောင်ရွက်မှုတွေကိုလဲ တိုးမြှင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ မြန်မာ-တရုတ် ဆွေမျိုးပေါက်ဖော် ချစ်ကြည်မှုက နှစ်ပေါင်း ရာထောင်ချီ မက တည်တံ့ခိုင်မြဲနေမှာ ဖြစ်ပါတယ်။”ဟု ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲ ခေတ္တရပ်နားချိန်တွင် သတင်းမီဒီယာများအား ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံမှ အမေရိကန် ဒေါ်လာ ၁ သန်း လှုဒါန်းခဲ့သည့် အတွက် ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်စဉ်(ဆင်ဟွာ)

ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား တွေ့ရစဉ်(ဆင်ဟွာ)

တရုတ်-မြန်မာ နှင့် ယူနက်စကိုမှ ထိန်းသိမ်းရေး ဆိုင်ရာ ပညာရှင်များ ပူးပေါင်း၍ ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ပုဂံ ရှေးဟောင်း စေတီပုထိုးများ ပြန်လည် ပြုပြင်မွမ်းမံခြင်း နှင့် ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ခြင်း ဆိုင်ရာ နိုင်ငံတကာ ဆွေးနွေးပွဲအား ယနေ့ဖေဖော်ဝါရီ ၁၅ ရက်တွင် ပုဂံရှေးဟောင်းသုတေသန ပြတိုက်၌ ကျင်းပပြုလုပ်ခဲ့သည်။

ယခု ကျင်းပပြုလုပ်သည့် ဆွေးနွေးပွဲသည် ယဉ်ကျေးမှု ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး ကဏ္ဍတွင် မြန်မာ-တရုတ် နှစ်နိုင်ငံ အကြား ပူးပေါင်း ဆောင်ရွက်ခြင်း၏ အကောင်းဆုံး ဥပမာ တစ်ခုလည်း ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး သူရဦးအောင်ကိုက ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့သည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံ အနေဖြင့် ငွေကြေး အကူအညီအပြင် ပုဂံဒေသ ယဉ်ကျေးမှု အမွေအနှစ်များ ပြန်လည် ပြုပြင် ထိန်းသိမ်းရန် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများ ပေးလျှက် ရှိကြောင်း ၊ တည်ဆောက်ရေးပိုင်းဆိုင်ရာ အပါအဝင် နံရံ ဆေးရေး ပန်းချီ လုပ်ငန်းများတွင် အကူအညီများ ပေးအပ်လျှက် ရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.