Connect with us

Education & Health

ချင်းပြည်နယ်ရှိ စာသင်ကျောင်း ၃၈၉ကျောင်းအတွက် ဝန်ထမ်းအိမ်ယာများ ဆောက်လုပ်ပေးမည်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၃၈ ရက်မြောက်နေ့ကျင်းပစဉ် (ဓာတ်ပုံ-MOI)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်း စုစုပေါင်း ၃၈၉ ကျောင်းတွင် လိုအပ် လျက်ရှိသည့် ဆရာ ဆရာမ နေအိမ်များနှင့် ဝန်ထမ်းအိမ်ရာ များ ဆောက် လုပ်ပေးရေး စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောကြားသည်။

ယနေ့ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်း အဝေး ၃၈ ရက်မြောက်နေ့တွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း မေးခွန်းနှင့် ပတ်သက်ပြီး ဒုတိယဝန်ကြီးက အထက်ပါအတိုင်း ဖြေကြားခြင်းဖြစ်သည်။

“ချင်းပြည်နယ်အတွင်းရှိ အလယ်တန်းကျောင်း(ခွဲ)၊ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်း(ခွဲ)နှင့် အထက်တန်းကျောင်းများရှိသော ကျေးရွာများတွင် ဆရာ/ဆရာမ နေအိမ်များနှင့် ကျောင်းသူ၊ ကျောင်းသားများ နေထိုင်ရန် ဘော်ဒါဆောင်များကို နိုင်ငံတော်မှ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းကို လွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း က မေးမြန်းခဲ့သည်။

ချင်းပြည်နယ်အတွင်းရှိ အခြေခံပညာ အထက်တန်းကျောင်း ၃၂ ကျောင်းနှင့် အခြေခံပညာ အထက်တန်ကျောင်း(ခွဲ) ၄၂ ကျောင်းတို့တွင် တစ်ထပ်၊ ခြောက်ခန်းတွဲ တစ်ဆောင်စီ၊ အခြေခံပညာ အလယ်တန်း ကျောင်း ၃၀နှင့် အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ) ၁၆၂ ကျောင်းတို့တွင် တစ်ထပ်၊ လေးခန်းတွဲ တစ်ဆောင်စီနှင့် အခြေခံပညာ မူလတန်းလွန်ကျောင်း ၁၂၃ ကျောင်းတို့တွင် တစ်ထပ်၊ နှစ်ခန်းတွဲ တစ် ဆောင်စီ ဆောက်လုပ်ပေးရန်အတွက် ချင်းပြည်နယ် ပညာရေးမှူးရုံး က ပြည်နယ်အစိုးရ အဖွဲ့ထံသို့ သဘောထား မှတ်ချက် ပြန်ကြားပေးရန် တင်ပြထားပြီးဖြစ်ကြောင်း ဒုတိယဝန်ကြီးက ဆိုသည်။

ပြည်နယ် အစိုးရအဖွဲ့၏ သဘောထား မှတ်ချက်ရရှိပါက သက်ဆိုင်ရာ ဘဏ္ဍာရေး နှစ်များအလိုက် ရန်ပုံငွေများ ခွဲဝေဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.