Connect with us

Education & Health

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းမှာ လူတစ်ထောင်လျှင် ၁ဒသမ၀၇ ရာခိုင်နှုန်းရှိဟုဆို

ကိုယ်ဝန်ဆောင်အမျိုးသမီးများကို တွေ့ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ရန်ကုန်၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်းမှာ လူဦးရေတစ်ထောင်လျှင် ၁ဒသမ၀၇ ရာခိုင်နှုန်းရှိနေကြောင်း မိခင်သေဆုံးမှုစောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်းလုပ်ငန်း စတင်ဆောင်ရွက်ခြင်းနှင့် အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားထံမှ သိရသည်။

လက်ရှိ သေဆုံးမှုအများဆုံး ကိုယ်ဝန်ဆောင် မိခင်များမှာ အသက် (၂၀) နှင့် (၃၅) နှစ်ကြားဖြစ်ပြီး ဆေးရုံသို့လာရန် အတွက် နှောင့်နှေးခြင်း၊ လက် လှမ်းမမီခြင်း၊ ဆေးရုံသို့လာရန် ခရီးလမ်းပန်း ဆက်သွယ်ရေးစသည့် အခက်အခဲများကြောင့် သေဆုံးနေရသည်။
မြန်မာနိုင်ငံတွင် ကိုယ်ဝန်ဆောင်သေဆုံးမှုကို၂၀၃၀ တွင် ဒသမ ၇ ရာခိုင်နှုန်းအထိလျော့ကျရန် ဆောင်ရွက်လျက်ရှိကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
အဆိုပါ ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှု အများဆုံးဒေသများမှာ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့ဖြစ်သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.