Connect with us

Education & Health

သွေးလွန်တုပ်ကွေး ကူးစက်ခံရသူ တစ်သောင်းကျော်ရှိ၊ ယခင်နှစ်ထက် ဖြစ်ပွားနှုန်း သုံးဆ မြင့်တက်ဟုဆို

သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေစဉ် (ဓာတ်ပုံ- MOI)

ရန်ကုန်၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံအတွင်း သွေးလွန်တုပ်ကွေး ရောဂါ ကူးစက်ပျံ့ပွားမှုနှုန်း ယခုနှစ်တွင် တစ်သောင်းကျော်ရှိပြီ ဖြစ်ပြီး၊ သေဆုံးသူ ၆၀ ခန့်ရှိကြောင်း၊ သွေးလွန်တုပ်ကွေး ဖြစ်ပွားနှုန်းသည် ယခင်နှစ်ထက် သုံးဆ မြင့်တက်လျှက် ရှိသည့် အတွက် ခြင်ကိုက်မခံရန် သတိထား နေထိုင်သင့်ကြောင်း လုပ်ငန်းခွင် ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူ ဒေါက်တာ မင်းသန့်ညွန့်က ဆင်ဟွာကို ယနေ့ ပြောကြားသည်။

ဒေါက်တာ မင်းသန်းညွန့်က “လူကြီးတွေလည်း သွေးလွန် တုပ်ကွေး ဖြစ်နေတော့ ခြင်ကို အထူး သတိထား သင့်ပါတယ်။ ကျန်းမာရေး ဝန်ကြီးဌာနကလည်း ကူးစက်မှုနဲ့ သေဆုံးမှု နှုန်းတွေကို နေ့စဉ် ထုတ်ပြန် ပေးနေပါတယ်” ဟု ပြောသည်။
၂၀၁၅ ခုနှစ် ဇူလိုင်လ ၁၁ ရက်နေ့တွင် တိုင်းဒေသကြီး/ ပြည်နယ် အလိုက် သွေးလွန် တုပ်ကွေးရာဂါ ဖြစ်ပွားသူ
စုစုပေါင်း (၄၂၃) ဦးရှိပြီး ၊ သေဆုံးသူ (၁) ဦးရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်သည်။

သွေးလွန် တုပ်ကွေးရာဂါ ဖြစ်ပွားသူများမှာ ဧရာဝတီ တိုင်းဒေသကြီးတွင် ဖြစ်ပွားသူ (၁၁၄) ဦး၊ မွန်ပြည်နယ်တွင် (၈၁) ဦး၊ စစ်ကိုင်းတိုင်း ဒေသကြီးတွင် (၇၇) ဦး၊ ပဲခူးတိုင်း ဒေသကြီးတွင် (၃၂) ဦး၊ တနင်္သာရီတိုင်း ဒေသကြီးတွင် (၂၉) ဦး၊ ရန်ကုန်တိုင်း ဒသကြီးတွင် (၂၈) ဦး၊ ကရင် ပြည်နယ်တွင် (၂၄) ဦး၊ မန္တလေး တိုင်းဒေသကြီးတွင် (၂၀) ဦး၊ ရခိုင်ပြည်နယ်တွင် (၇) ဦး၊ ရှမ်းပြည်နယ်တွင် (၅) ဦး၊ နေပြည်တော်နှင့် မကွေးတိုင်း ဒေသကြီးတို့တွင် ကူးစက်သူ (၃) ဦးစီ ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန်ချက် ထဲတွင် ပါရှိသည်။

ပြည်သူ့ ဆေးရုံများတွင် သွေးလွန် တုပ်ကွေး ရောဂါ လူနာများ ကုသ ခံယူနေမှု အခြေအနေမှာ ဇူလိုင်လ ၁၀ ရက် နှင့် ၁၁ ရက်နေ့ ကြားတွင် ဗဟိုအဆင့် ပြည်သူ့ ဆေးရုံများတွင် ပြင်ပလူနာ ၉၃ ယောက်၊ အတွင်းလူနာ အသစ် ၁၂၁ ယောက်၊ အတွင်း လူနာသစ်နှင့် အဟောင်းမှာ ၄၄၃ ယောက်၊ တိုင်းဒေသကြီး / ပြည်နယ် ကုသရေး ဦးစီးဌာန အုပ်ချုပ်မှု အောက်ရှိ ပြည်သူ့ ဆေးရုံများတွင် ပြင်ပလူနာ ၈ ယောက်၊ အတွင်း လူနာသစ်နှင့် အတွင်း လူနာဟောင်း ၆၇၅ ဦး၊ ပုဂ္ဂလိက ဆေးရုံများတွင် ပြင်ပလူနာ ၆ ယောက်၊ အတွင်း လူနာ အသစ်နှင့် အဟောင်းမှာ ၇ ဦး ရှိကြောင်း ကျန်းမာရေး ဝန်ကြီး ဌာနမှ သတင်း ထုတ်ပြန်သည်။

ကျန်းမာရေး ဝန်ကြီးဌာန အနေဖြင့် သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားမှုကို စဉ်ဆက်မပြတ် စောင့်ကြပ် ထောက်လှမ်းခြင်းနှင့် ရောဂါ ကာကွယ် နှိမ်နင်းရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်လျက် ရှိသကဲ့သို့၊ ပြည်သူ လူထုမှလည်း မိမိတို့အိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ကျား ပိုးလောက်လန်း တစ်ကာင်မျှ မပေါက်ပွား စေရေး အလေးပေး တာဝန်ယူ ဆောင်ရွက် ကြရန်၊ ရပ်ကွက်၊ ကျေးရွာများ အတွင်း သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်ရေး လုပ်ငန်းများကို ပြည်သူ လူထုနှင့် နှီးနွယ် ဌာနများမှ ပူးပေါင်းပါဝင် ဆောင်ရွက်ကြ ပါရန်နှင့် သွေးလွန် တုပ်ကွေးရာဂါ ဖြစ်ပွားသည် ဟု သံသယရှိသော ကလေးများကို ဆေးရုံ၊ ဆေးခန်းများသို့ အချိန်မီ ပို့ဆောင်၍ ဆေးကုသမှု ခံယူကြရန် ကျန်းမာရေး ဝန်ကြီး ဌာနမှ တိုက်တွန်း နှိုးဆော်ထားသည်။ (Xinhua)