Connect with us

Education & Health

၂၀၁၇ ခုနှစ် AIDS ရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားကျင်းပ

၂၀၁၇ ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရော တိုက်ဖျက်ရေးနေ့  အခမ်းအနား၌ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာ မျိုးအောင် အဖွင့် မိန့် ခွန်း ပြောကြားစဉ် (ဆင်ဟွာ)

နေပြည်တော်၊ အောက်တိုဘာ ၅ ရက် (ဆင်ဟွာ)

၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ အသစ် ၁၁၀၀၀ ခန့်ရှိကြောင်း နေပြည်တော် မင်္ဂလာဗျူဟာ ခန်းမတွင် ယနေ့နံနက် ပြုလုပ်သည့် ၂၀၁၇ ခုနှစ် ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက် ရောဂါ (AIDS) တိုက်ဖျက်ရေးနေ့ အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးက ပေးပို့သော မိန့်ခွန်းတွင် ဖော်ပြပါရှိသည်။

“ခန့်မှန်း တွက်ချက်မှုများအရ ၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံတွင် အိတ်ချ်အိုင်ဗွီပိုး ကူးစက်ခံရသူ အသစ် ၁၁၀၀၀ ခန့်ရှိပြီး ၎င်းတို့အနက် ဦးတည် အုပ်စုများဖြစ်သည့် မူးယစ်ဆေး အကြောထဲ ထိုးသွင်းသူများတွင် ၂၉ ရာခိုင်နှုန်း၊ အမျိုးသမီး လိင်လုပ်သားများတွင် ၇ ရာခိုင်နှုန်း၊ အမျိုးသားချင်း လိင်တူ ဆက်ဆံသူများတွင် ၁၃ ရာခိုင်နှုန်းနှင့် လိင်လုပ်သားများ၏ အမျိုးသား လိင်ဆက်ဆံဖော် များတွင် ၂၃ ရာခိုင်နှုန်းအထိ ရှိပြီး ရောဂါပိုး ကူးစက်ခံရသူ အသစ် စုစုပေါင်း၏ ၇၀ ရာခိုင်နှုန်းကျော် အထိ ရှိနေပါတယ်၊ တစ်နည်းအားဖြင့် ပြောရရင် နေ့စဉ် လူ သုံးဆယ်ဦးခန့် HIV ပိုးကူးစက်ခံနေရ ကြောင်း သိရှိရပါတယ်” ဟု ဒေါက်တာ မြင့်ထွေး၏ စာတွင် ဖော်ပြပါရှိသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ မိန့်ခွန်းကို ရောဂါနှိမ်နင်းရေးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်က ဖတ်ကြားစဉ် (ဆင်ဟွာ

၂၀၁၇ ကမ္ဘာ့ ခုခံအားကျဆင်းမှုကူးစက်ရော တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း ဆုရရှိသူများအား ဆုချီးမြှင့်စဉ် (ဆင်ဟွာ)

အခမ်းအနားသို့ တက်ရောက်လာသူများအ ား တွေ့ရစဉ်(ဆင်ဟွာ)

နိုင်ငံအတွက် ဝန်ထုပ် ဝန်ပိုးများစွာ၊ အခက်အခဲနှင့် စိန်ခေါ်မှု များစွာ ကြုံတွေ့ခဲ့ရသော အဆိုပါ HIV ကူးစက်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများအား ၂၀၀၅ ခုနှစ်မှ စပြီး ခုခံကျ / ကာလသားရောဂါ တိုက်ဖျက်ရေး စီမံချက်ဖြင့် မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်းကာ အေအာတီ ဆေးကုသခြင်း လုပ်ငန်းကို စတင် ဆောင်ရွက်ခဲ့ကြောင်း၊ ကာကွယ်ရေးနှင့် ပြုစုကုသပေးရေး လုပ်ငန်းများကို ၂၀၁၁ မှစပြီး နိုင်ငံတော် အစိုးရ ၊ ကမ္ဘာ့ရန်ပုံငွေအဖွဲ့ နှင့် အပြည်ပြည်ဆိုင်ရာ လူမှုရေး အဖွဲ့အစည်းများ၏ တိုးမြှင့် ထောက်ပံ့ပေးမှုများကြောင့် အရှိန်အဟုန်ဖြင့် ဆောင်ရွက်လာနိုင်ခဲ့ကြောင်း၊ ရလဒ်အနေဖြင့် ၂၀၁၁ တွင် HIV ပိုးရှိသူ ၂၃၀၀၀၀ ကျော်အနက် လူနာ လေးသောင်းခန့်ကိုသာ ဘဝတစ်သက်တာ သောက်ရမည့် အေအာတီဆေး (Lifelong ART) ဖြင့် ကုသပေးနိုင်ခဲ့ရာမှ ၂၀၁၇ ဇွန်လအကုန်တွင် လူနာပေါင်း ၁၃၅၀၀၀ ကျော်အထိ ကုသပေးနိုင်ခဲ့ပြီဖြစ်ကြောင်း၊ လူနာပေါင်း ကိုးသောင်းခန့်ကို အစိုးရ ကျန်းမာရေးဌာနများတွင် ကုသပေးလျက်ရှိပြီး INGOs , NGOs များတွင် ကုသမှု ခံယူနေသူ များကိုလည်း တဖြည်းဖြည်း လွှဲပြောင်း လက်ခံ ရယူပြီး ကုသပေးနေပြီဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီး၏ စာတွင် ဖော်ပြထားသည်။

ထို့အပြင် “၂၀၁၇ – ၁၈ ဘဏ္ဍာနှစ်တွင် အေအာတီဆေး ကုသရေး လုပ်ငန်းအတွက် ဆေးနှင့် ဆေးပစ္စည်းများ ဝယ်ယူဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ၁၄ သန်းကို ရန်ပုံငွေ ခွဲဝေချထား ပေးခဲ့ပါတယ်၊ ကျွန်တော်တို့ဗဟိုက တာဝန်ရှိသူများအနေနဲ့လည်း ရရှိလာတဲ့ ရန်ပုံငွေတွေကို တိတိကျကျ ကျင့်ဝတ်နဲ့အညီ သုံးစွဲသွားရန် အမြဲတမ်း ကြီးကြပ် ဆောင်ရွက်သွားမှ ဖြစ်ပါတယ်” ဟုလည်း ဖော်ပြထားသည်။

အဆိုပါ အခမ်းအနားသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေး နှင့် အားကစား ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် အရာရှိကြီးများ၊ INGO, NGO အဖွဲ့များမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး နေပြည်တော် ကောင်စီ ဥက္ကဋ္ဌက အဖွင့် အမှာစကား ပြောကြားခြင်း၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန္တာလွင်က ပြည်ထောင်စု ဝန်ကြီး၏ မိန့်ခွန် းအား ဖတ်ကြားခြင်း၊ AIDS တိုက်ဖျက်ရေး အထိမ်းအမှတ် စာစီစာကုံး ပန်းချီ ကာတွန်း ဆုရရှိသူများအား ဆုချီးမြှင့်ခြင်း၊ ပြခန်းငယ်အား လှည့်လည်ကြည့်ရှုခြင်းတို့ ဆောင်ရွက်ခဲ့ကြသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.