Connect with us

Education & Health

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည်ဖွင့်လှစ်

စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်မှု စာရင်းဇယားများအား တွေ့ရစဉ်(ဓာတ်ပုံ- သတင်းထုတ်ပြန်ရေးကော်မတီ)

ရန်ကုန်၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပိတ်ထားရသော ကျောင်းများ ပြန်လည်ဖွင့်လှစ်ထားပြီ း ဖြစ်ကြောင်း သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်သော သတင်းအရ သိရသည်။

မောင်တောမြို့နယ်အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၁၈၃ ကျောင်းအနက် ၄၁ ကျောင်း ကို လည်းကောင်း၊ ဘူးသီးတောင်မြို့နယ်အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၂၂၁ ကျောင်းအနက် ၇၅ ကျောင်း ကို လည်းကောင်း၊ ရသေ့တောင်မြို့နယ်အတွင်း၌ ပိတ်ထားရသည့် ကျောင်း ၂၀ အနက် ၁၀ ကျောင်းကိုလည်းကောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် ကျောင်းသား ကျောင်းသူများ ပြန်လည် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်၊ ဘူးသီးတောင်မြို့နယ် နှင့် ရသေ့တောင်မြို့နယ်အတွင်း၌ ပိတ်ထားရသည့်ကျောင်း ၄၂၄ ကျောင်း ရှိသည့်အနက် ၁၂၆ ကျောင်း ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သဖြင့် စုစုပေါင်း ၂၉၈ ကျောင်း ပြန်လည်ဖွင့်လှစ်ရန် ကျန်ရှိနေသေးကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.